Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 2, 2014

IS သူပုန်တွေ သိမ်းခဲ့တဲ့ မြောက်ပိုင်း ဒေသကို အီရတ်စစ်တပ် ပြန်သိမ်းယူ နိုင်ခဲ့

အစ္စလာမ်မစ် ​နိုင်ငံလို့ ​သူတို့ကိုယ်သူတို့အမည်ပေးထားတဲ့ ​IS ​သူပုန်တွေ ​သိမ်းယူထားတဲ့ ​အီရတ်နိုင်ငံမြောက်ပိုင်းက ​မြို့ကို ​အီရတ်စစ်တပ်က ​ပြန်လည် ​သိမ်းယူနိုင်ခဲ့ပါတယ်။

မြို့အသိမ်းခံရလို့ ​ထွက်ပြေးနေရတဲ့ ​အီရတ် ​ပြည်သူတွေကို ​သြစတြေးလျလေယာဉ်တွေ ​စားရိတ်ရိက္ခာတွေ ​ချပေးပြီးမကြာခင်မှာပဲ ​Amerli ​မြို့ကို ​ပြန်လည် ​သိမ်းယူနိုင်ခဲ့တာ ​ဖြစ်ပါတယ်။

ရှီးအိုက် ​အိုက်မွတ်ဆလင် ​တစ်သောင်းခွဲ ​လောက်နေထိုင်တဲ့ ​အဲဒီမြို့ကို ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေက ​နှစ်လကြာ ​သိမ်းပိုက်ထားတာ ​ဖြစ်ပြီး ​လူအစုလိုက်အပြုံလိုက် ​အသတ်ခံရတာမျိုး ​ဖြစ်လာခဲ့မလားဆိုပြီး ​အရင်က ​စိုးရိမ်မှုတွေ ​ရှိခဲ့ပါတယ်။


အမေရိကန် ​လေတပ်ရဲ့ ​လေကြောင်း ​အကူအညီနဲ့ ​အတူ ​အီရတ်စစ်တပ်၊ ​ရှီးအိုက် ​စစ်သွေးကြွတွေ ​နဲ့ ​ကာ့ဒ် ​ပက်မာဂါ ​တပ်တွေက ​Amerli ​မြို့ကို ​ညတွင်းချင်း ​ပြန်သိမ်းလိုက်နိုင်ခဲ့ပါတယ်။

အခုအောင်ပွဲဟာ ​ဒီနှစ် ​အစောပိုင်းကတည်းက ​အီရတ်နိုင်ငံနေရာ ​အတော်များများကို ​IS ​စစ်သွေးကြွတွေက ​သိမ်းယူနိုင်မှုကနေ ​ပြန်လည် ​ရယူနိုင်ခဲ့တဲ့ ​အကြီးမားဆုံးအောင်ပွဲ ​တစ်ခုဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ​ဒီကနေ့ ​ပြန်လည်စတင်မယ့်  ​ပါလီမန် ​အစည်းအဝေးအတွင်း ​အီရတ်အရေးနဲ့ ​ပတ်သက်ပြီး ​သြစတြေးနိုင်ငံရဲ့ ​ပါဝင်မယ့် ​အခန်းကဏ္ဍအကြောင်း ​အထူးပြောဆိုဆွေးနွေးဖို့ ​ရှိပါတယ်။

အစ္စလာမ်မစ် ​စစ်သွေးကြွတွေကို ​ပြန်လည်ခုခံတိုက်ခိုက်နေတဲ့ ​ကာ့တ်ဒေ့ရှ် ​စစ်တပ်တွေကို ​လက်နက် ​အကူအညီပေးဖို့ ​နဲ့ ​လက်နက်တင်ပို့ပြောင်းရွှေ့တဲ့နေရာမှာ ​သြစတြေးလျတော်ဝင်လေတပ်က ​အကူအညီပေးဖို့ ​အမေရိကန်ရဲ့ ​တောင်းဆိုမှုတွေကို ​၀န်ကြီးချုပ် ​တိုနီအာဘော့တ်က ​သဘောတူလိုက်ပါတယ်။

ဒီကိစ္စကို ​အခုလာမယ့် ​ရက်ပိုင်းအတွင်းမှာ ​လုပ်ဆောင်နိုင်ဖို့ကိုလည်း ​သြစတြေးလျအစိုးရက ​မျှော်လင့်နေပါတယ်။

အီရတ်အရေးမှာ ​သြစတြေးလျ ​ပါဝင်မှု ​နဲ့ ​ပတ်သတ်ပြီး ​ပါလီမန်မှာ ​အချေအတင်ဆွေးနွေးနိုင်ဖို့ကို ​Green ​ပါတီက ​လုပ်ဆောင်ဖို့ ​ရှိနေပြီး ​မအောင်မြင်ခဲ့ရင်တော့ ​ကြာသပတေးနေ့မှာ ​ထပ်မံကြိုးစားသွားဖို့ ​ပြင်ဆင်နေကြပါတယ်။

သြစတြေးလျ ​ပါလီမန်ရဲ့ ​ခွင့်ပြုချက်မလိုတဲ့ ​ပြည်ပမှာ ​စစ်တပ်ထားခွင့်ရှိတဲ့ ​အစိုးရအချင်းချင်း ​သတ်မှတ်ထားတဲ့ ​သဘောတူညီချက် ​လုပ်ထုံးလုပ်နည်းကိုပဲ ​အသုံးပြုသွားမယ် ​လို့ ​သြစတြေးလျ ​၀န်ကြီးချုပ် ​တိုနီအာဘော့တ်က ​ပြောကြားထားပါတယ်။

တဆက်တည်းမှာပဲ ​အီရတ်နိုင်ငံမှာ ​လှုပ်ရှားနေတဲ့ ​ISIS ​အဖွဲ့ဟာ ​သူတို့ ​ဖမ်းဆီးထားတဲ့ ​ရာဇီဒီ ​အမျိုးသမီးတွေကို ​ဆီးရီးယားနိုင်ငံမှာရှိတဲ့ ​စစ်သွေးကြွအဖွဲ့တွေအတွက် ​ဇနီးမယားအဖြစ် ​ပေးပို့တာတွေ ​လုပ်နေတယ်လို့ ​သိရပါတယ်။

အဲဒီ ​ရာဇီဒီ ​အမျိုးသမီးတွေကို ​ဆီးရီးယားနိုင်ငံဘက်ကို ​ပို့ဆောင်လိုက်သလို ​အစ္စလာမ်ဘာသာဝင် ​အဖြစ်လည်း ​အတင်းအဓမ္မ ​သွတ်သွင်းလိုက်ပြီဆိုတဲ့ ​သတင်းတွေထွက်ပေါ်နေပါတယ်။

အနည်းဆုံး ​အမျိုးသမီး ​၂၇ ​ယောက်ကို ​အမေရိကန်ငွေ ​တစ်ဒေါ်လာကနေ ​၁၀၀၀ ​အထိ ​ရောင်းစားနေကြတာဖြစ်ပါတယ်။

တချို့ ​ဆီးရီးယား ​အာရပ်လူမျိုးနဲ့ ​ကာ့တ်လူမျိုးတွေက ​အဲဒီအမျိုးသမီးကို ​ဝယ်ယူပြီး ​လိင်ကျွန်အဖြစ်က ​လွတ်မြောက်အောင် ​လုပ်ပေးတာတွေ ​ရှိတယ်လို့လည်း ​ဆိုပါတယ်။ ​အမျိုးသမီးတချို့ ​ကွပ်မြက် ​ခံရမှုတွေရှိတယ်လို့လည်း ​ကုလသမဂ္ဂက ​ပြောဆိုထားပါတယ်။ ​ရာဇီဒီလူမျိုး ​တွေကို ​အကြမ်းဖက်သမားတွေက ​နတ်ဆိုးကို ​ကိုးကွယ်သူတွေအဖြစ် ​သတ်မှတ်ထားကြောင်းလည်း ​သိရပါတယ်ရှင်။


သူပုန်တွေကို တိုက်ထုတ်ဖို့ လက်နက်တပ်စင်ခဲ့တဲ့ ကာ့တ်ဒ့ရှ်လူမျိုး လက်နက်ကိုင်အဖွဲ့ (Credit: Reuters) 

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ