Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

အမေရိကန်က ISIS အပြင် အယ်လ်ကိုင်ဒါ ကိုပါ စတင်တိုက်ခိုက်

အမေရိကန် ပြည်ထောင်စု သည် ဆီးရီးယား ရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက် ဖျက်ဆီးမှုအား အရှိန်အဟုန်မြင့် ပြုလုပ် နေသည် သာမက အမေရိကန် ပြည်ထောင်စု ကို တိုက်ရိုက် ခြိမ်းခြောက် နိုင်သည်ဟု ယုံကြည်ရသော အလက်ပိုမြို့ အနောက်ပိုင်းရှိ အယ်လ်ကိုင်ဒါ အဖွဲ့ငယ် တစ်ခု၏ စခန်းတစ်ခု ကိုလည်း ယမန်တွင် ဗုံးကြဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

အလက်ပိုမြို့ အနောက်ပိုင်းတွင် လျှို့ဝှက် တပ်စွဲထားသော ခိုရာဆန် အဖွဲ့သည် လူသိနည်း လှသော်လည်း လက်နက်ခဲယမ်း မီးကျောက် စုံလင်လှသော အကြမ်းဖက် တိုက်ခိုက်ရေး အဖွဲ့ဖြစ်ရာ ယမန်နေ့ နံနက်တွင်
အမေရိကန်က လေကြောင်းမှ ရှစ်ကြိမ် အထိ တိုက်ခိုက် ခဲ့ပြီး လေ့ကျင့်ရေး စခန်းများ၊ ဖောက်ခွဲရေး နှင့် လက်နက်ခဲယမ်း မီးကျောက် ထုတ်လုပ်ရေး စက်ရုံတစ်ရုံ၊ ဆက်သွယ်ရေး အဆောက်အအုံ တစ်လုံးနှင့် ကြီးကြပ် ကွပ်ကဲရေးရုံး အဆောက်အအုံ များကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ပင်တဂွန် က ပြောသည်။

ခိုရာဆန် အဖွဲ့သည် အမေရိကန် နှင့် အနောက် အင်အားစုကို ကြီးမားသော တိုက်ခိုက်မှုများ ပြုလုပ်ရန် ပြင်ဆင်မှု နောက်ဆုံး အဆင့်သို့ ရောက်ရှိ နေပြီး ဥရောပ တစ်ခွင်ကို တိုက်လုဆဲဆဲ အချိန်သို့ ပင် ရောက်လာပြီ ဖြစ်သည့် အတွက် ယခုကဲ့သို့ တိုက်ခိုက် ဖျက်ဆီး လိုက်ရခြင်း ဖြစ်ကြောင်း ပင်တဂွန်မှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောသည်။

ယမန်နေ့ လေကြောင်း တိုက်ခိုက်မှု ကို လေယာဉ်တင် သင်္ဘောကြီးများ ကလည်း ပစ်ကူ ပေးခဲ့ရာ ပထမ သုံးကြိမ် တိုက်ခိုက်မှုတွင် အမေရိကန် စစ်သင်္ဘော တစ်စီးမှ ပစ်လွှတ် လိုက်သော တိုမာဟော့ ဒုံးကျည်က ခိုရာဆန် တည်နေရာ ကို တိုက်ရိုက် ထိမှန်ခဲ့ပြီး နောက် ဆီးရီးယား တွင် ခိုအောင်း နေပြီး ပြည်ပ တိုက်ခိုက်ရေး၊ ဖောက်ခွဲရေး လက်နက်သစ် များ စမ်းသပ်ရေး နှင့် အနောက်နိုင်ငံ များကို တိုက်ခိုက်ရန် အနောက် နိုင်ငံသား များကိုပင် ပြန်လည် စုဆောင်း လေ့ကျင့် စေလွှတ်ရေး လုပ်ငန်းများကို ဆောင်ရွက် နေသော အယ်လ်ကိုင်ဒါ လှုပ်ရှားအဖွဲ့ ခိုရာဆန် များကို မဟာမိတ် နိုင်ငံနှင့် ကမ္ဘာက သတိထား မိသွားသည်။

ခိုရာဆန် အဖွဲ့ကို သက်တမ်းရင့် အယ်လ်ကိုင်ဒါ ခေါင်းဆောင် မူဆင် အယ်ဖာဒလီ က ဦးဆောင်ပြီး ဆီးရီးယား တွင် လှုပ်ရှား နေသော အခြား စစ်သွေးကြွ အဖွဲ့များ အားလုံးထက် တစ်မူ ထူးခြားသော အဖွဲ့ဖြစ်သည်။

ခိုရာဆန် သည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ ကဲ့သို့  ဆီးရီးယား တွင် ပိုင်နက်ရယူ လိုစိတ်၊ သမ္မတ ကို ဖြုတ်ချ လိုစိတ်ဖြင့် တိုက်ခိုက် နေခြင်း မဟုတ်ဘဲ အနောက် နိုင်ငံသား ဂျီဟတ်ဒ် တိုက်ခိုက်ရေး သမားများကို စည်းရုံး စုဆောင်း လေ့ကျင့် သင်ကြား စေလွှတ် တိုက်ခိုက်ရေး ကို ဆောင်ရွက် နေခြင်းဖြစ်ပြီး လေယာဉ်များ ပေါ်တွင် ဗုံးဖောက်ခွဲရန် အဓိက စီမံ နေခြင်း ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ