Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

နိုင်ငံသားတဦး မှတ်ပုံတင်လုပ်ခ ၆ ကျပ်မှ ၁၀ ကျပ်အတွင်းသာဖြစ်ဟု လဝကဝန်ကြီး တရားဝင်ဖြေကြား


စက်တင်ဘာလ ၂၃ ရက် ၂၀၁၄

မြို့နယ်အသီးသီးရှိ လူဝင်မှု ကြီးကြပ်ရေး(လ၀က)ရုံးတွင် ထုတ်ပြန်ကြေငြာ ထားသည့် အတိုင်း ထောက်ခံစာနှင့် စာရွက်စာ တမ်း အပြည့်အစုံ ပါရှိပါက နိုင်ငံသားတဦး မှတ်ပုံတင်လုပ်ခမှာ ၆ ကျပ်မှ ၁၀ ကျပ်အတွင်းသာ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက တရားဝင် ဖြေကြားလိုက်သည်။

လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်တင်၏ လွှတ်တော်အတွင်း မေးမြန်းသော ကြယ်ပွင့်ပြမေးခွန်း ကို ပြည်ထောင်စုဝန်ကြီးက စာဖြင့်သာ ပြန်လည်ဖြေကြားပေးပို့ရာတွင် ထိုကဲ့သို့ပါရှိပါသည်။

“ ဟုတ်တယ် ဝန်ကြီးကလဲ အဲလိုဖြေတယ်။ လ၀က ရုံးတွေမှာလည်း မှတ်ပုံတင်လုပ်ခ ၆ ကျပ် သက်တမ်းတိုးခ ၃ ကျပ် ပျောက်ဆုံးပျက်စီးပါက ပြန်လုပ်ဖို့ဆိုရင် ၁၀ ကျပ် ပေးရမယ်ဆိုတာတွေပါရှိတယ်။ တကယ်တမ်းကျတော့ လုံးဝ မဟုတ် ပါဘူး။ နိုင်ငံရေးပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ ကျောင်းသားတွေတောင်မှ မှတ်ပုံတင်လဲလှယ်တာလုပ်ရင် ၅ သောင်း တောင်းခံရတယ်။ အဲတာကိုကျနော်က လွှတ်တော်မှာတင်ပြတော့ ဝန်ကြီးရဲ့ဖြေကြားစာထဲမှာ အကျင့်ပျက် ဝန်ထမ်းတွေကို သက်သေအထောက်အထားနှင့်တကွ လာတိုင်ကြားရင် ထိရောက်စွာ အရေးယူမယ်လို့ ပါရှိပါတယ်” ဟု သျှမ်းသံတော်ဆင့်၏ မေးမြန်းချက်အား စိုင်းမောင်တင်က ပြန်လည်ဖြေကြားခဲ့သည်။

အမြန်လိုအပ်ပါက ကျပ်ငွေ ၃ သိန်းအထိပေးရသူများလည်းရှိကြောင်း လဲချားဒေသခံ နန်းအေခမ်း က ပြောသည်။

၎င်းနှင့်ပတ်သက်၍ စိုင်းမောင်တင်က “ ကျပ်ငွေ ၅ သောင်းဆိုတာ ပိုက်ဆံချမ်းသာသူတွေအတွက် အခက်အခဲ မဟုတ်ပေ မယ့် တောင်သူလယ်သမားတွေအတွက်တော့ တကယ့်ကို အခက်အခဲဖြစ်စေပါတယ်။ နိုင်ငံသားတယောက်က မှတ်ပုံတင် လာလုပ်တာကို ဝန်ထမ်းတွေက အဲလိုအဆမတန်ပိုက်ဆံတောင်းတာတော့ မဖြစ်သင့်ပါဘူး။ လဲချားမှာတင်မကပါဘူး တခြားသောမြို့နယ်တွေမှာလည်း နိုင်ငံသားစစ်စစ်က နိုင်ငံသားမဟုတ်တဲ့လူတွေထက် မှတ်ပုံတင်လုပ်ရခက်နေတာကို တွေ့ရပါတယ်။ အဲတာကို စစ်ဆေးအရေးယူပေးဖို့ လိုပါတယ်” ဟု ပြောဆိုပါသည်။

၂၀၁၅ ရွေးကောက်ပွဲလည်း နီးကပ်လာသည်နှင့်အညီ သျှမ်းပြည်သားတိုင်း၊ နိုင်ငံသားတိုင်း မဲထည့်ခွင့်ရရှိရေးအတွက် နိုင်ငံသားကတ် (သို့) မှတ်ပုံတင်ရှိရန် လိုအပ်နေသည်ဖြစ်ရာ ပြည်ပသို့ အသီးသီးရောက်ရှိနေသော သျှမ်းပြည်သားတိုင်း မှတ်ပုံတင်ပြုလုပ်ရန် အချိန်တန်ပြီဖြစ်ကြောင်းလည်း စိုင်းမောင်တင်က ပြောဆိုသည်။

“ နိုင်ငံသားတယောက်က မှတ်ပုံတင်မရှိဘူးဆိုရင် နိုင်ငံမဲ့တဲ့လူ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့်မှတ်ပုံတင်ရှိဖို့အတွက် အားစိုက် ကြဖို့ တိုက်တွန်းချင်ပါတယ်။ ရပ်ရွာပြန်ပြီးမှတ်ပုံတင်လုပ်တဲ့သူတွေလည်း တကယ်လို့မှတ်ပုံတင်လုပ်ရခက်မယ် ငွေအဆမ တန်တောင်းခံရတယ်ဆိုရင် နီးစပ်ရာ ပြည်သူ့ကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီဝင်တွေကို အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းကြပါလို့ တိုက်တွန်းလိုပါတယ် ” ဟုလည်း ပြောဆိုပါသည်။

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်တင်က ပြီးခဲ့သည့် ဂျွန်လက ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းတင်သွင်းရာ ပြည်ထောင်စုဝန်ကြီး လ၀က ဝန်ကြီး ဦးခင်ရီက ဂျွန်လကုန်ပိုင်းမှ ဖြေကြားချက်ကို စာစောင်ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ လွှတ်တော်တွင်း၌ ဖြေကြားခြင်းမရှိဘဲ စာဖြင့်သာ အကြောင်းပြန်ဖြေကြားခြင်းအပေါ်တွင်လည်း ကျေနပ်အားရမှု မရှိခဲ့ကြောင်း၊ လွှတ်တော်အတွင်း ဖြေကြားခြင်းက ပိုမိုထိရောက်ကြောင်း စိုင်းမောင်တင် အပါအဝင် လွှတ်တော်ကိုယ်စား လှယ်များက ပြောဆိုနေကြပါသည်။

လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမောင်တင် (ဓါတ်ပုံ-ပြည်သူ့လွှတ်တော်)

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ