Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

ISIS စစ်သွေးကြွများကို လေကြောင်းမှ တိုက်ခိုက်ရာတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုမှ အမျိုးသမီး လေယာဉ်မှူးတစ်ဦး ပါဝင်

ဒူဘိုင်း ၊ ၂၆-၉-၂၀၁၄

ဆီးရီးယား နိုင်ငံအတွင်းရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအပေါ် လေကြောင်းမှ တိုက်ခိုက်ရာတွင် အာရပ်စော်ဘွား များ ပြည်ထောင်စုမှ အမျိုးသမီး လေယာဉ်မှူး တစ်ဦးက ဦးဆောင် ခဲ့ကြောင်း သိရသည်။

အာရပ်စော်ဘွား များ ပြည်ထောင်စု မှ အသက် ၃၅ နှစ်အရွယ် မာရီယမ် အယ်လ်မန်ဆူရီ (ပုံ) အမည်ရှိ ယင်း လေယာဉ်မှူးသည် အမေရိကန် အစိုးရ၏ ဂျီဟတ်ဒ် စစ်သွေးကြွ တိုက်ဖျက်ရေး လုပ်ငန်းစဉ်၏ တစ်စိတ် တစ်ဒေသ အနေဖြင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ စစ်သွေးကြွ များကို လေကြောင်းမှ တိုက်ခိုက်ရာတွင် အာရပ် စော်ဘွားများ ပြည်ထောင်စု မှ တိုက်လေယာဉ် များကို ဦးဆောင်ရာတွင် ပါဝင်ခဲ့သည်ဟု သိရသည်။

သူမသည် အဆိုပါ နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး လေယာဉ်မှူး တစ်ဦး ဖြစ်ပြီး လေကြောင်း ပျံသန်းရေး အတတ်ပညာ ကို အဘူဒါဘီမြို့ ရှိ ခါလီဖာဘင်ဇေယက် လေကြောင်း အတတ်သင် သိပံ္ပတွင် တက်ရောက်
သင်ကြား ခဲ့သည်။ သို့ရာတွင် လေကြောင်း တိုက်ခိုက်မှု၌ သူမ ပါဝင်ခဲ့ခြင်း ရှိ၊ မရှိကို အာရပ် စော်ဘွားများ ပြည်ထောင်စု အစိုးရက အတိအကျ ပြောကြား ထားခြင်း မရှိကြောင်းသိရသည်။

သို့ရာတွင် ဆီးရီးယား နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက် မှုများကို လုပ်ဆောင်လျက် ရှိသည့် အစ္စလာမ္မစ် များကို လေကြောင်းမှ တိုက်ခိုက်ရာတွင် ဆော်ဒီ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘာရိန်း နှင့် ဂျော်ဒန် နိုင်ငံတို့က ပူးပေါင်း ပါဝင်လျက် ရှိကြောင်း အမေရိကန် အစိုးရက အတည်ပြု ခဲ့ကြောင်း သိရသည်။


Arab Woman Led Airstrikes Over Syria


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ