Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

ဆန္ဒပြမှုတွေ အဆုံးသတ်ဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး သတိပေး

ဟောင်ကောင်မှာ ဆန္ဒပြသူတွေဘက်က ပိုဆန္ဒပြသွားမယ်လို့ ခြိမ်းခြောက်လိုက်ပေမဲ့ အုပ်ချုပ်ရေးမှူးကတော့ ဒီဆန္ဒပြပွဲတွေ အမြန်ရပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့မှာပဲ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying မိန့်ခွန်းပြောရာမှာ သူနှုတ်ထွက်ပေးဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆန္ဒပြသူတွေ တောင်းတဲ့အတိုင်း လျှော့ပေးမှာ မဟုတ်ဘူးလို့ တင်းခံလိုက်ပါတယ်။

ဒါ့အပြင် Occupy Central Movement လို့ အမည်ပေးထားတဲ့ ဒီဆန္ဒပြလှုပ်ရှားမှုအနေနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့အတွက် ၅ ရက်ကြာလာတဲ့ ဒီဆန္ဒပြပွဲတွေ ချက်ချင်းရပ်ဆိုင်းဖို့ အုပ်ချုပ်ရေးမှူး Leung က တင်းတင်းမာမာ တောင်းဆိုခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူး Leung က ဒီလှုပ်ရှားမှုတွေက တရားမဝင်ဘူးလို့ သုံးနှုန်းခဲ့ပေမဲ့၊ ဒီဆန္ဒပြပွဲတွေ ဆက်ကြာသွားဖို့ အလားအလာ ရှိနေတယ်လို့ ဆက်ပြောခဲ့ပါတယ်။

ဒီဟောင်ကောင် ဆန္ဒပြသူတွေဘက်ကလည်း အခုလို ဆန္ဒပြတာရပ်ပေးဖို့ တောင်းဆိုတာကို လျစ်လျူရှုခဲ့ပြီး၊ ဒီနေ့ညနေပိုင်း ရောက်လာတာနဲ့အမျှ လမ်းမပေါ်မှာ ဆန္ဒပြသူတွေ ပိုများလာခဲ့ပါတယ်။ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မြို့ထဲက အဓိက ၃ နေရာထက်မနည်းမှာ သပိတ်စခန်းတွေ ဖွင့်ထားကြပါတယ်။

မနက်ဖြန် ဗုဒ္ဓဟူးနေ့ဆိုရင် တရုတ်နိုင်ငံ အမျိုးသားနေ့ဖြစ်ပြီး၊ ဆန္ဒပြပွဲတွေ ပိုဆိုးလာဖို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့ မနက်ဖြန်မတိုင်ခင် ရဲတွေဘက်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မျက်ရည်ယိုဗုံးတွေနဲ့ ငရုတ်ရည်တွေ ဖျန်းပြီး ဝင်ရှင်းသလို အခုသပိတ်စခန်းတွေကို ဝင်ရှင်းမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဆန္ဒပြသူတွေကတော့ သူတို့တောင်းဆိုချက်တွေကို မနက်ဖြန်နောက်ဆုံးထား ဖြေရှင်းပေးဖို့ ရာဇသံပေးထားပြီး၊ မလုပ်ပေးရင်တော့ နောက်တဆင့် တိုးလုပ်မယ့် ဒီနိုင်ငံရေးအံတုမှု အစီအစဉ်ကို ကြေညာမယ်သွားမယ်လို့ ဖိအားပေးနေပါတယ်။

ဒီဆန္ဒပြပွဲတွေကြောင့် မြေအောက်ရထားနဲ့ ဘတ်စ်ကားလိုင်းတွေ၊ ဆိုင်တွေ အပါအဝင် စီးပွားရေးလုပ်ငန်း အများအပြား ဆက်ပိတ်ထားကြပါတယ်။


ဟောင်ကောင်ဆန္ဒပြပွဲအရှိန်မြှင့်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ