Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

ဟောင်ကောင်ဆန္ဒပြမှု ဗုဒ္ဓဟူးနေ့ အရှိန်မြှင့်နိုင်

အာဏာဖီဆန်နေမှုကို အဆုံးသတ်ဖို့ ဟောင်ကောင်အစိုးရက ထုတ်ထားတဲ့ အမိန့်ကို ဒီမိုကရေစီ လိုလား တဲ့ ဆန္ဒပြသူတွေက ဆက်လက် အံတု နေကြပါတယ်။ ဆန္ဒပြမှုတွေဟာ တရုတ်အမျိုးသားနေ့ဖြစ်တဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပိုမို ကြီးထွားလာဖွယ် ရှိနေပါတယ်။

သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အနည်းဆုံး ဟောင်ကောင်ရဲ့ ဒေသသုံးခုမှာ အင်္ဂါနေ့က ရွက်ဖျင်တဲတွေထိုးပြီးတော့ သူတို့ရဲ့ တောင်းဆိုချက်တွေဖြစ်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ပေးဖို့နဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Leung Chun-ying ရာထူးကနေဆင်းပေးဖို့ စတာတွေကို ဆက်လက် တောင်းဆိုနေကြပါတယ်။

ဟောင်ကောင် ဗဟိုချက်မကို သိမ်းပိုက်ထားတဲ့ Occupy Central လှုတ်ရှားမှုအဖွဲ့က သူတို့ရဲ့တောင်းဆိုချက်တွေကို ဗုဒ္ဓဟူးနေ့မှာ နောက်ဆုံးထားပြီး လုပ်ဆောင်ပေးရမယ်လို့ ပြောဆိုထားပါတယ်။ လှုပ်ရှားမှုအဖွဲ့ရဲ့ စည်းရုံးရေးမှူးတဦးဖြစ်သူ Chen Jianmin က အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းကတော့ မစ္စတာ Leaung  အနေနဲ့ ရာထူးက ဆင်းပေးပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ပြန်စလုပ်ဖို့ပဲ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောဆိုပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leaung ကတော့ သူ့အနေနဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆီးမပေးနိုင်ကြောင်းနဲ့ ၅ ရက်ကြာနေပြီဖြစ်တဲ့ ဆန္ဒပြမှုကို ချက်ချင်း ရုပ်သိမ်းပေးဖို့ Occupy Central အဖွဲ့ကို အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က နှစ်ဘက်စလုံးအနေနဲ့ မတူညီမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ အင်္ဂါနေ့မှာ တိုက်တွန်းထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ