Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 28, 2014

လိပ်ကျွန်း ရိုက်နှက်စစ်ဆေးမှု ထိုင်းရဲတပ်ဖွဲ့ ရှင်းလင်းရန် အဆင်မသင့်

ထိုင်းတောင်ပိုင်း ခိုတောင် (လိပ်ကျွန်း) လူသတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးထားသူ ၂ ဦးကို ရိုက်နှက်စစ်ဆေးခဲ့မှု ရှိမရှိ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ လာရောက်ရှင်းလင်းဖို့  ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်က အောက်တိုဘာ ၂၇ ရက်နေ့က ဖိတ်ခေါ်ထားပေမယ့် ထိုင်းရဲဘက်က အဆင်မသင့်ကြောင်း ပြောဆိုပြီး ရောက်မလာခဲ့ဘူးလို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ အမှုတွဲကို အစိုးရရှေ့နေလက်ထဲ အပ်နှံလိုက်ပြီးဖြစ်တဲ့အတွက် အစိုးရရှေ့နေထံ ခွင့်ပြုချက်တောင်းခံရဦးမှာမို့  လာရောက်ရှင်းလင်းဖို့  အဆင်မသင့်သေးကြောင်း ရဲတပ်ဖွဲ့အတိုင်ပင်ခံ ဒုရဲချုပ် ကော်ကစ် ၀ုန်းဆွန်ချတ်က အောက်တိုဘာလ ၂၄ ရက်နေ့မှာ အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ထိုင်းလူ့အခွင့်အရေးကော်မရှင် ပြောခွင့်ရ ဒေါက်တာ နိရတ် ဖိထပ်ဝချရက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့တော့ ဒီလုပ်ဆောင်ချက်ဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့အမှုတွဲကို သွားရောက်စွက်ဖက်တာ မဟုတ်ဘဲ  ကော်မရှင်ရဲ့ ရာဇ၀တ်မှု ဥပဒေဆိုင်ရာ စစ်ဆေးရေးဌာနက တာဝန်ရှိတဲ့အတိုင်း အဘက်ဘက်က တရားမျှတမှုရှိစေဖို့၊ တရားခံတွေကို ဖမ်းဆီးပုံနဲ့ တရားခံမှာ လူ့အခွင့်အရေးချိုးဖောက်မှု ခံရခြင်း ရှိမရှိ စစ်ဆေးဖို့ ၀တ္တရားအရ ဆောင်ရွက်ရတာပါလို့ ဒေါက်တာ နိရတ် ဖိထပ်ဝပ်ချရက ဆက်ပြောပါတယ်။

ကောစမွီအကျဉ်းထောင်မှာရှိတဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကို စစ်ဆေးချက်အရတော့ ကျန်းမာရေးပုံမှန်ရှိနေကြောင်း၊ နယ်မြေထဲမှာ သွားရောက်အမှုစစ်ဆေးခဲ့တဲ့ ရဲအရာရှိတွေအနေနဲ့  လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့ကျရင် လူ့အခွင့်အရေးကော်မရှင်ထံ လာရောက်ရှင်းလင်းပေးဖို့ ထပ်မံချိန်းဆိုလိုက်တယ်လို့ ဒေါက်တာ နိရတ် ဖိထပ်ဝပ်ချရက ထိုင်းသတင်းထောက်တွေကို အောက်တိုဘာလ ၂၇ ရက် ညနေပိုင်းက ပြောသွားပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ် ဦးဟာ ထိုင်းရဲတွေရဲ့ နှိပ်စက်စစ်မေးတာကို ခံခဲ့ရကြောင်း ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့က အောက်တိုဘာလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ စုံစမ်းရေးရဲတပ်ဖွဲ့ကို အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၁၀ နာရီ လူ့အခွင့်အရေးကော်မရှင်ရုံးမှာ လာရောက်ရှင်းလင်းဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ