Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

လွိုင်ကော်မြို့နယ် တပ်သိမ်းမြေမှာ လယ်ယာလုပ်ပိုင်ခွင့် မပြု

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကျေးရွာဆယ်ရွာမှာ စစ်တပ်ကသိမ်းထားတဲ့ လယ်မြေတွေအတွင်းမှာ လာမယ့်နှစ်ကစပြီး လယ်သမားတွေ ဝင်ရောက်လုပ်ပိုင်ခွင့် မရှိတော့ကြောင်း ဒီလဆန်းပိုင်းက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်အရာရှိတွေ ညှိနှိုင်းပြီး အဲ့ဒီအမိန့်ကို ထုတ်ပြန်တာဖြစ်တယ်လို့ မြေသိမ်းခံတောင်သူတစ်ဦးဖြစ်တဲ့ ကိုဘူးရယ်က ပြောပါတယ်။

"မြို့နယ်ထွေအုပ်နဲ့ တပ်နဲ့ဘယ်လို ညှိနှိုင်းတိုင်ပင်ထားလည်းတော့ မသိဘူးပေါ့နော်၊ သူတို့ ဂြိုဟ်တုဓါတ်ပုံတွေပြပြီး ဒါတပ်ပိုင်နယ်မြေ ဒါပြီးတော့ မလုပ်ရတော့ဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်၊ အခုလက်ရှိ လုပ်စားနေတဲ့နေရာကို ပြန်ပေးရင်ကျေနပ်ပါတယ်၊ အကုန်လုံးပြန်မပေးရင်တောင် တဝက်လောက်ပြန်ပေးရင်ပဲ ကျနော်တို့က ကျေနပ်ပါတယ်"

လွိုင်ကော်မြို့နယ် မြေနီကုန်း၊ ထေးသမ၊ ဒေါမူကလား၊ နာနတ်တော၊ ဖာဆီမာ စတဲ့ကျေးရွာဆယ်ရွာက မြေဧက ၇ဝဝ ကျော်ကို လွန်ခဲ့တဲ့ ၁၉၉ဝ ဝန်းကျင်က အဲဒီဒေသမှာ အခြေစိုက်တဲ့ အမြောက်တပ် ၃၅၆ နဲ့  ခြေလျင်တပ်ရင်း ၂၅ဝ တို့က သိမ်းဆည်းခဲ့ပြီး ၁၉၉၇ ခုနှစ်ကစတင်ကာ တောင်သူတွေကို သီးစားချထားခဲ့တာဖြစ်ပါတယ်။

အဲဒီမြေတွေမှာ လုပ်ကိုင်မယ်ဆိုရင် စစ်တပ်ပိုင်မြေမှာ လုပ်ကိုင်တာဖြစ်ကြောင်း လက်မှတ်ထိုးဖို့  ဒီနှစ်ဆန်းပိုင်းမှာ စစ်တပ်က အမိန့်ထုတ်ခဲ့တာကို ဒေသခံတွေက လက်မခံတဲ့အတွက် နောက်နှစ်တွေမှာ လုပ်ပိုင်ခွင့်မရှိတော့ကြောင်း အခုလို အမိန့်ထုတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ