Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

ညောင်ဝန်းရွာပစ်ခတ်မှု ဖော်ထုတ်အရေးယူပေးဖို့ တောင်သူတွေ ဆန္ဒတောင်းဆို

မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ရက်နေ့က တောင်သူတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့အပေါ် သေနတ်နဲ့ ပစ်ခတ်ခဲ့သူတွေကို အရေးယူပေးဖို့ ညောင်ဝန်းကျေးရွာမှာ ဒီနေ့ တောင်သူ ၅၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လက်ရှိအချိန်ထိ မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ယူ ဖြေရှင်းမပေးတဲ့အတွက် ဖြေရှင်းပေးတဲ့အထိ ဆန္ဒပြတောင်းဆိုသွားမှာဖြစ်တယ်လို့ တောင်သူ ဦးစိုးမိုးကျော်က ပြောပါတယ်။

"၁၄ ရက် ၈ လ ၂ဝ၁၄ မှာ စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့က ကျနော်တို့ရွာကို အကြမ်းဖက်တယ်၊ ဒီပြဿနာကလည်း အခုချိန်အထိ ဖြေရှင်းမပေးသေးပါဘူး၊ ဒါကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်၊ ဖြေရှင်းမပေးမချင်း ကျနော်တို့ ဒီလိုဆန္ဒတွေ ထုတ်ဖော်သွားမယ်၊ ကျနော်တို့ မြေယာတွေ ရရှိတဲ့အထိလည်း တိုက်ပွဲတွေ လုပ်သွားမယ်ပေါ့"

မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ လယ်ယာမြေတွေမှာ ၀င်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူ ၁၅ ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ၀ရမ်းထုတ်ထားတဲ့အတွက် အဲဒီရွာသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် ၀င်ရောက်ဖမ်းဆီးရင်း သြဂုတ်လ ၁၄ရက်နေ့က ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြတာပါ။

စဥ့်ကူးမြို့နယ်ရဲမှူး စိုးအောင် ဦးဆောင်တဲ့ မြို့နယ်ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ တောင်သူတစ်ဦး ခြေထောက်ထိမှန်ခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြတောင်သူတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုကို အရေးယူဆောင်ရွက်ပေးဖို့နဲ့ အသိမ်းခံရတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ