Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

အနည်းဆုံး ရွေးကောက်ပွဲစနစ် ၇ မျိုး ပြန်တင်ပြဖို့ သူရဦးရွှေမန်း ဆုံးဖြတ်

မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲ စနစ် လေ့လာ သုံးသပ်ရေး ကော်မရှင် အနေနဲ့ အနည်းဆုံး ရွေးကောက်ပွဲ စနစ် ၇ ခုကို ရွေးချယ်ပြီး လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့ နောက်ဆုံး ထားပြီး လွှတ်တော်ထံ တင်ပြဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီနေ့ ပြောကြား လိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌထံ ပေးပို့ထားတဲ့ ရွေးကောက်ပွဲစနစ် လေ့လာ သုံးသပ်ရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ရွေးကောက်ပွဲစနစ် ၃ မျိုးသာ ရွေးချယ်ထားတဲ့ အတွက် အနည်းဆုံး ၇ မျိုး ရွေးချယ်တင်ပြဖို့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"အစီရင်ခံစာကို လေ့လာရာမှာ ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့ကိုယ်စား ရွေးချယ်နိုင်ရန်အတွက် စနစ် ၃ မျိုးကိုသာ တင်ပြထားသည်ကို တွေ့ရှိရပါတယ်၊ ပြည်သူ့ကိုယ်စားလှယ်များက ရွေးချယ်ရန် ယခုထက်ပိုသော အခွင့်အရေးပေးသင့်ပါတယ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမယ့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေး ကော်မရှင်အနေဖြင့် ပြည်သူများနဲ့ ပြည်သူ့ကိုယ်စားလှယ်များအတွက် ရွေးချယ်ရန်အတွက် နည်းလမ်းအနည်းဆုံး ၇ ခုကို ရွေးချယ်တင်ပြရန်နှင့် ၂၁ ရက် ၁ဝ လ ၂ဝ၁၄ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြရန် စီစဉ်ထားပြီးဖြစ်ကြောင်း လွှတ်တော်အား အသိပေးတင်ပြပါသည်"

ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ဟာ ရွေးကောက်ပွဲစနစ်တွေနဲ့ ပတ်သက်ပြီး လေ့လာပြုစုထားတဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ လွှတ်တော်ဥက္ကဌထံ တင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီကော်မရှင်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်စုစုပေါင်း ၃၁ ဦး ပါဝင်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ