Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

တရုတ်နိုင်ငံသို့ တရားမ၀င်အမျိုးသမီးများ ပို့ဆောင်သူဖမ်းဆီးရမိ

 အောက်တိုဘာ ၁၇

တရားမဝင် လူကုန်ကူးမှု တိုက်ဖျက် ရေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ပြည်သူများနှင့် ပူးပေါင်း၍ အရေးယူ ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲက ပဲခူး တိုင်းဒေသကြီး ဖြူးမြို့နယ်တွင် တရုတ်ပြည်သို့ တရားမဝင် ပို့ဆောင်သူ အချို့ ရောက်ရှိနေကြောင်း သတင်းအရ ဖြူးမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ကျော်ဇင်ထိုက်နှင့် အဖွဲ့ သည် ဖြူးအမြန်လမ်းရဲစခန်း ဇဟားချောင်း ရဲကင်းမှူး အရာခံ ဗိုလ်ရန်နိုင်ထွန်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့က ခင်တန်းကြီး ကျေးရွာ အုပ်စု ပိန္နဲခုံ ကရင်ကုန်းကျေးရွာနေ ဒေါ်ကြည်ပြုံး(၅၂နှစ်) နေအိမ်ကိုဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဒေါ်ကြည် ပြုံး၏ နေအိမ်၌ ကိုကျော်အောင် (၃၉နှစ်) ကျော်လှ အုပ်စု ရင်းတိုက်စိန်ကျေးရွာ ဖြူးမြို့နယ်နေသူ နှင့်ဒေါ်ဝိုင်းမြင့် (၄၄နှစ်) စပ်သောင်(၁)ရပ်ကွက် ကညွတ်ကွင်းမြို့နေသူတို့ကို တွေ့ကြောင်း၊ လွန်ခဲ့ သောတစ်နှစ်ခွဲခန့်က ကိုကျော်အောင်၏ သမီး ဖြစ်သူ မအေး(၁၆နှစ်)၊ ဒေါ်ဝိုင်းမြင့်၏သမီး ဖြစ်သူ မလှလှမွန် (၂၈နှစ်) တို့ကို ဒေါ်ကြည်ပြုံးက တရုတ်နိုင်ငံသို့ တရားမဝင်ပို့ ဆောင်ထားကြောင်း၊ ပို့ဆောင်ထားသောသမီးများကို သွားရောက် တွေ့ဆုံရန် ဒေါ်ကြည်ပြုံးကခေါ်၍ ရောက်ရှိနေ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ တရုတ်နိုင်ငံ သို့ ပို့ဆောင်ရန်ခေါ်ထားသော မခင်မာဦး (၂၅နှစ်) ညောင်ပင်သာစိမ့်ကြီးရွာ ဖြူးမြို့နယ်နေသူနှင့် တစ်ရွာတည်းနေ မခင်သူဇာဝင်း (၁၆ နှစ်) တို့နှစ်ဦး ကို တွေ့ရှိရ၍စစ်ဆေးခဲ့ရာ ဒေါ်ကြည်ပြုံးက တရုတ် နိုင်ငံတွင် တစ်နှစ်လျှင် ငွေကျပ်ခုနစ်သိန်းဖြင့် အလုပ်အကိုင်ရရှိမည်ဟုပြောပြီး ပို့ဆောင်ရန် ခေါ်ယူထားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ချက်များအရ တရားဝင်ခွင့်ပြုချက်မရှိဘဲ ပြည်ပ တွင် အလုပ်အကိုင်ရရှိရေးအတွက် ပို့ဆောင်ပေး သူ ဒေါ်ကြည်ပြုံးကို ဖြူးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ