Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 4, 2014

တောင်းဆိုချက်တွေ မလိုက်လျောရင် ဂျာမန်တဦးကို သတ်မည်ဟု ဖိလစ်ပိုင်စစ်သွေးကြွအဖွဲ့ ခြိမ်းခြောက်

အယ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ ဖိလစ်ပိုင် အခြေစိုက် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့က သူတို့ တောင်းဆို ချက် မရရင် အောက်တိုဘာလ ၁၇ ရက်နေ့ ကျရင် သူတို့ ဖမ်းထားတဲ့ ဂျာမန်နှစ်ယောက်ထဲက တယောက်ကို သတ်ပစ်မယ်လို့ အောက်တိုဘာလ ၂ ရက်နေ့က ပြောပါတယ်။

အဘူဆာရစ် အုပ်စုဟာ နိုင်ငံအနောက်ပိုင်း ပါလ၀န် ကျွန်းကနေ မလေးရှား အရှေ့ပိုင်း ဆာဘာပြည်နယ်ဆီကို ရွက်လွှင့်နေတုန်း ဧပြီလက ပြန်ပေးဆွဲခံခဲ့ရတာပါ။

စစ်သွေးကြွအဖွဲ့က ပြန်ပေးငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ သန်း တောင်းထားသလို၊ ဆီရီးယားမှာ အမေရိကန်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံအဖွဲ့ကို တိုက်ခိုက်နေတာကို ဂျာမနီ က အကူအညီ မပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

အဘူဆာရစ်အဖွဲ့ရဲ့ ပြောခွင့်ရသူ အဘူ ရာမီ ဆိုသူက အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီ နောက်ဆုံးထားပြီး သူတို့ တောင်းဆိုထားတာကို မလိုက်လျှောရင် ပြန်ပေးဆွဲထားတဲ့ နှစ်ယောက်ထဲက တယောက်ကို ခေါင်းဖြတ် သတ်ပစ်မယ်လို့ နိုင်ငံ တောင်ပိုင်းက ဇမ်ဘိုယန်မြို့ အခြေစိုက် သတင်းထောက်တွေကို တယ်လီဖုန်းကနေ ပြောပါတယ်။

ဂျာမန်အစိုးရဘက်ကလည်း ဘာမှ အဆက်အသွယ်မလုပ်တဲ့အတွက် အစော်ကားခံရသလို ခံစားရတယ်လို့လည်း ပြောပါတယ်။

ဖိလစ်ပိုင် လုံခြုံရေးအရာရှိတွေကတော့ ဂျာမန်နှစ်ယောက်ဟာ တောင်ပိုင်းက ဂျိုလိုကျွန်း တောနက်ထဲမှာ ပြန်ပေးဆွဲခံထားရတယ်လို့ ပြောပါတယ်။

အဘူဆာရစ် အုပ်စုဟာ အရင်ကလည်း ပြန်ပေးဆွဲ၊ သတ်ဖြတ်၊ ဗုံးခွဲခဲ့ဖူးတဲ့ မှတ်တမ်းရှိသလို တခြား နိုင်ငံခြားသား တွေကို ပြန်ပေးဆွဲထားသေးတယ်လို့လည်း ဆိုကြပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ