Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 4, 2014

SSPP/SSA အား မြန်မာ့တပ်မတော် အပြင်းအထန် တိုက်ခိုက် သေကျေ ကျဆုံးမှုများ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား မြန်မာ့ တပ်မတော် စစ်အင်အား တိုးဖြည့် တိုက်ခိုက်သောကြောင့် တိုက်ပွဲများ တခြားမြို့နယ်သို့ ပျံ့လာနေပြီ ဟု ဒေသအတွင်း သတင်းရပ်ကွက်ကပြောသည်။

အောက်တိုဘာ ၄ ရက်နေ့တွင် မြန်မာအစိုးရတပ် စစ်သည်အင် အား ထောင် ဂဏန်းသည် ကျေးသီးမြို့ နယ်၊ မိုင်းနောင်မြို့နယ်ခွဲ၊ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အင်အားတိုးဖြည့် လှုပ်ရှားလာ သော ကြောင့် တိုက်ပွဲများ မိုင်းရယ်-ကျေးသီးကားလမ်းပေါ်ရှိ SSPP ၏ နမ့်ပုတ်တပ်စခန်း ၊ လွယ်ကုန် လွယ် ကျိုင်း တပ်စခန်းအထိ ပျံ့နှံ့လာကြောင်း၊ ယမန်နေ့ တိုက်ပွဲကြောင့် မြန်မာ့ တပ်မတော် ဘက်က ၁၀ ဦး သေဆုံး ၊ ၂၀ ထက်မနည်းဒဏ်ရာရရှိကြောင်း၊ သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်ကလည်း ၃ ဦး ကျဆုံးကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းများက ပြောသည်။

“မွန်းလွဲ၂ နာရီ မိုင်းရယ်တောင်ဘက်က လွယ်ကျူစိ ဘက်မှာ မြန်မာစစ်ကား တစီးဗုံးကွဲ မီးလောင် တယ်။ စစ်သား ၅ ဦးသေ၊ ၁၀ ဦးကျော်ဒဏ်ရာရတယ်။ ပွဲချင်းပြီး က ၄ ယောက်လေ။ ဒဏ်ရာရသူတွေ ထဲက နားလီရွာ ခေါက်ဆွဲဆိုင် အရောက် မှာ ၁ ယောက်ထပ်သေတယ်။ ၄ နာရီ ၄၅ မိနစ် နမ့်ပုတ် နှင့်ကျေး သီးကြား လမ်းမပေါ် ပန်စယ့်ဘက်မှာတော့ ည ၇ ခွဲအထိ ပစ်ခတ်ကြတယ်။ ” ဟု အမည် မဖေါ်လိုသည့် ရှေ့တန်းတပ်မှူး တဦးကပြော သည်။

“ကျနော်တို့ကို အလုံးအရင်းနဲ့လာတိုက်တယ်။ လက်နက်ကြီးတွေအများ အပြားသယ်လာပြီး ကျနော် တို့ကို လာထုတယ်။ လက်နက်ကြီး အဓိကသုံးတာ သူတို့က။ ခင်ဗျားစဉ်းစားကြည့်လေ ကျနော်တို့ဆီ အလုံးအရင်းအင်အားတွေနဲ့ လာတိုက်တယ်။ ကျနော်တို့ဘက်ကလည်း သူတို့အင်အား ထပ်မဖြည့် နိုင်အောင် လမ်းမှာ ဖြတ်တိုက်ရတော့တာပေါ့။ ဒါ ကျနော်တို့ဒေသကို ကျနော်တို့ ကာကွယ် တာလေ။ ဗမာပြည်ကို ကျနော်တို့ သွားတိုက်နေတာ မဟုတ်ဘူး။ အဲ - ကျနော်တို့ နေစရာစခန်းမရှိတော့ရင်တော့ သွားတိုက်ရမှာဘဲ။ ” ဟု တိုက်ပွဲဝင် တပ်မှူး တဦးကပြောသည်။

သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားကြပြီးဖြစ်သည်။ ထို့ကြောင့် သျှမ်းပြည်တပ်မတော် SSPP/SSA အပေါ် ထိုးစစ်ဆင်နေ မှု ရပ်ဆိုင်းပေးရန် ဘန်ကောက်ရောက် သျှမ်းခေါင်းဆောင်များက စုပေါင်းကာ နိုင်ငံတော် သမ္မတထံ ယမန်နေ့က စာရေးတောင်းဆိုသည်။


ဓါတ်ပုံ- မြန်မာ့တပ်မတော်၏ လက်နက်ကြီးများ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ