Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

အိမ်ဝင်းထဲက လာစိုက်တဲ့ခြံစည်းရိုး ဖျက်လို့ အဖမ်းခံရ

တပ်ပိုင်မြေဆိုပြီး နေအိမ်နဲ့ ခြံမြေတွေကနေ ဖယ်ရှား ထားခိုင်းတဲ့ မေမြို့ခေါ် ပြင်ဦးလွင်မြို့နယ် ညောင်နီ ကျေးရွာက ရွာသားလေးဦးကို မြို့နယ်ရဲစခန်းက ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆ (၁) နဲ့ ဖမ်းဆီး ချုပ်နှောင်ထား တယ်လို့ စုံစမ်း သိရှိရ ပါတယ်။

ဒီအကြောင်း ညောင်နီကျေးရွာမှာနေထိုင်တဲ့ ဦးကြည်မောင်က ခုလို ပြောပြပါတယ်။

"ကျနော်တို့ရွာသား ၄ ယောက်ကို အချုပ်ထဲထည့်ထားတယ်ခင်ဗျ၊ သူ့အကွက်ထဲလာစိုက်လို့ဆိုပြီး ခြံစည်းရိုးဖျက်လိုက်တာပေါ့၊ သူတို့က ပုဒ်မ ၆(၁) နဲ့ စွဲထားတာပေါ့၊ အခုရဲကအမှုဖွင့်ပြီးတော့ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲက အမှုဖွင့်တော့ ရဲကနေလာဆွဲတာ"

မေမြို့ရဲစခန်းမှာ ဖမ်းဆီးထားတာဖြစ်ပြီး ရမန်ကြီးရက်စေ့တဲ့ အောက်တိုဘာ ၁၀ ရက်မှာ ရုံးထုတ်မယ်လို့လည်း ပြောပါတယ်။

ညောင်နီကျေးရွာဟာ အင်္ဂလိပ်လက်ထက်က မြင်းထိန်းရွာအဖြစ်တည်ရှိခဲ့ပြီး ကျေးရွာပိုင်မြေအဖြစ် အသိအမှတ်ပြုထားတဲ့ ရွာဖြစ်ပါတယ်။ ရွာသားတွေဟာ သီးစားခွန်တွေကို ၂၀၁၁-၁၂ ထိ နှစ်စဉ်ပေးဆောင်နေရာက နောက်ပိုင်းမှာ လက်မခံတော့ဘဲ အိမ်ခြေ ၂၇ လုံးနဲ့ ဥယျာဉ်ခြံမြေတွေကို တပ်ပိုင်တဲ့မြေဖြစ်တယ်ဆိုပြီး စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားဖယ်ရှားမပေးရင် ဥပဒေအရ အရေးယူမယ်လို့ အကြောင်းကြားလာပါတယ်။ တောင်သူလယ်သမား ၂၈ ဦးကိုလည်း ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုဖို့ အမှုပြင်ဆင်ဆဲကာလအတောအတွင်း တရားရုံးက အမိန့်တစ်စုံတရာမချမှတ်ခင် သြဂုတ်လ ၁၉ ရက်မှာ ရွာသားတွေကာရံထားတဲ့ တံတိုင်းတွေ စည်းရိုးတွေကို လာရောက်ဖျက်ဆီးပြီး တပ်ကပဲ စည်းရိုးတိုင်တွေလာစိုက်တာပါ။ ဒီတိုင်တွေကို ဖျက်ဆီးမှုနဲ့ ရွာသား လေးဦး ဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။

ညောင်နီကျေးရွာမှာ အိမ်ခြေတစ်ရာလောက်ရှိပြီး ခုဖယ်ရှားခိုင်းတဲ့ အိမ်ခြံမြေတွေဟာ စစ်အစိုးရလက်ထက် ၁၉၉၉ ခုနှစ်မှာ တည်ထောင်လိုက်တဲ့ ဗိုလ်ချုပ်ရွာနဲ့ မျက်နှာချင်းဆိုင်မှာရှိပါတယ်။
ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆ (၁) အရ အခု ဖမ်းဆီးခံလိုက်ရတဲ့ ရွာသားတွေဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်ထိ ကျခံရနိုင်တဲ့အပြင် ထောင်ဒဏ်ရောငွေဒဏ်ပါ တပေါင်းတည်းလည်း ကျခံရနိုင်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ