Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

ပျဉ်းမနား၊ သံတောင်နဲ့ ဖယ်ခုံမြို့နယ်တွေမှာ စိုက်ခင်းတွေကို လယ်ကြွက်တွေဖျက်ဆီး

ပျဉ်းမနား၊ သံတောင်နဲ့ ဖယ်ခုံစတဲ့ မြို့နယ် ၃ခုဆုံတဲ့ နေရာက လယ်ယာစိုက်ခင်းတွေထဲ လယ်ကြွက်တွေဝင်ရောက် ဖျက်ဆီးနေတာကြောင့် လယ်ယာမြေဧက ၂၀၀ ကျော် ပျက်စီးဆုံးရှုံးနေပြီ်လို့ သိရပါတယ်။

အခုရာသီဟာ ဝါးသီးတွေ သီးတဲ့ရာသီဖြစ်တဲ့အတွက် လယ်ကြွက်တွေက ဝါးသီးစားရင်း စပါးပင်တွေကို အောက်ခြေကနေ ကိုက်ဖြတ်တာဖြစ်တယ်လို့ ကယန်းပြည်သစ်ပါတီက ဖွံ့ဖြိုးရေးတာဝန်ခံ ဦးခင်မောင်ထွန်းက ပြောပါတယ်။

"နှစ်ပေါင်း ၅ဝ မှာတစ်ကြိမ် ဝါးသီးတဲ့အတွက်ကြောင့် ကြွက်ကပေါတယ်လို့ တချို့ပညာရှင်တွေက ယူဆကြတာပေါ့၊ ကြွက်တွေက ဒီဝါးသီးကို သိပ်ကြိုက်တယ်၊ ဒီဝါးသီးကိုစားပြီးတော့မှ ကြွက်တွေပွားနှုန်းက ပိုတိုးတယ်လို့ပြောတယ်၊ ကျနော်တို့ဖက်က မိရိုးဖလာ ကြွက်ကိုနှိမ်နှင်းတဲ့နည်းနဲ့ မနိုင်ဖူးပေါ့နော်၊ လက်ရှိစပါးတွေက နည်းနည်းဖူးနေပြီ တချို့မှည့်နေပြီ၊ ပြန်ရိပ်သိမ်းလို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမျိုးလည်း ကြုံနေရတာပေါ့"

ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ကာ ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စုက ကျေးရွာပေါင်း ၂၀ ကျော်၊ ကရင်ပြည်နယ်၊ သံတောင်မြို့နယ်က ကျေးရွာအုပ်စု ၃ အုပ်စုနဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၊ အလယ်ကယန်းကျေးရွာအုပ်စုတို့မှာ စပါးခင်းတွေထဲကို လယ်ကြွက်တွေ ဝင်ရောက်ဖျက်စီးနေတာဖြစ်ပြီး ကြွက်သတ်ဆေးချတဲ့ နည်းလမ်းနဲ့ နှိမ်နင်းနေရတယ်လို့ လယ်သမားတွေက ဆိုပါတယ်။

ဒီကိစ္စအတွက် လယ်သမားတွေကို အကူအညီပေးဖို့ ကရင်ပြည်နယ်အစိုးရကို ကယန်းပြည်သစ်ပါတီက တင်ပြထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း လယ်ကြွက်တွေ ဝင်ရောက်ဖျက်ဆီးစားသောက်တဲ့အတွက် စပါးအပြင် ပြောင်း၊ ပဲ၊ အာလူး၊ ပိန်းဥပင်နဲ့ အခြားရာသီပင်တွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ