Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 28, 2014

လားရှိုးမှာသုံးဘီးယာဉ်မောင်းတွေအုပ်စုဖွဲ့ လူသတ်မှုကျူးလွန်

လားရှိုး ၊ အောက်တိုဘာ (၂၈)

အောက်တိုဘာ (၂၇) ရက်နေ့မနက်က မကွေး - လားရှိုးပြေးဆွဲတဲ့ AA FAMILY ကားအသင်းက ကားတစ်စီး ခရီးသည် ဆင်းဖို့ လားရှိုးယာဉ်ထိန်းရုံးရှေ့ ခဏရပ်ပေးတော့ သုံးဘီးသမားတွေက အတက်အဆင်းအပေါက်ဝက ပိတ်ပြီး ခရီး သည်လုခေါ်တယ် ။ ဒါတင်မက ကားပေါ်အထိတက်ဆွဲခေါ်တော့ ကားတာဝန်ရှိသူတွေကတားတယ်။ အဲဒါကိုသုံးဘီး ယာဉ်မောင်းတွေက မကျေနပ်လို့ ဒရိုင်ဘာ နဲ့ စပယ်ယာတွေကို သုံးဘီးယာဉ်မောင်း (၁၀) ယောက်လောက်က ၀ိုင်း ရိုက်ပစ်လိုက်တာ အားလုံးဆေးရုံရောက်သွားတယ်။ အသက် (၃၅) နှစ်သာရှိသေးတဲ့ ယာဉ်မောင်းကိုဇော်ကြီး တစ် ယောက်တော့ ရတဲ့ဒဏ်ရာတွေနဲ့ ညသန်းခေါင်ကျော်လောက်မှာ သေသွားတယ်။ ကျန်စပယ်ယာ (၂) ယောက်ကတော့ အပြင်းအထန်ဒဏ်ရာတွေနဲ့ လားရှိုးဆေးရုံကြီးမှာ ဆေးကုနေရတုန်းဘဲ။

ဒီနေ့မနက် ရဲစခန်းကိုမေးကြည့်တော့ သုံးဘီးယာဉ်မောင်း သားငယ်ဆိုတဲ့ လူတစ်ယောက်ကိုဘဲ ဖမ်းလို့ရသေးတယ်လို့ သိရတယ်။ လားရှိုးမှာသုံးဘီးယာဉ်မောင်းတွေ အုပ်စုဖွဲ့ရမ်းကားနေတာ ဒီတစ်ကြိမ်ထဲမဟုတ်ဘူး။ သုံးဘီးဂိတ်နား လာ ရပ်တဲ့ကားတွေကို ဘီးလေလျော့တယ်။ ကားထွက်လို့မရအောင် သုံးဘီးတွေနဲ့ ရှေ့နောက်ပိတ်ဆို့ရပ်ထားတယ်။ ယာဉ် ကြောနှစ်ထပ်ရပ်တယ်။ လမ်းလယ်မှာရပ်ပြီး ခရီးသည်နဲ့ကုန်အတင်အချလုပ်တယ်။ အဲဒါကို နောက်ကားက ဟွန်းတီးမိ ရင် အုပ်စုဖွဲ့ပြီး ရန်စစော်ကားတယ်။ ဆက်ဆံရေးရိုင်းပြတယ် ၊ အမျိုးသမီးတွေကို ညစ်ညမ်းတဲ့စကားတွေနဲ့ သားပြော မယားပြော ပြောတယ်။ အများပြည်သူဆိုင်ရာ လမ်းမကြီးပေါ်မှာ အများပြည်သူကို အဲဒီလိုအုပ်စုဖွဲ့ပြီး မင်းမဲ့စရိုက်ပြု ကျင့် ရမ်းကားနေတာကြာခဲ့ပါပြီ ။ အခုတော့ လူသတ်တဲ့အထိ အတင့်ရဲ ရမ်းကားလာကြပြီပေါ့ ။

ဒါကို လူသတ်မှုဘဲလို့သတ်မှတ်ပြီး သတ်တဲ့လူကိုဘဲ ဖမ်းဆီးအရေးယူ တရားစွဲ ထောင်ချလိုက်ကြတာပေါ့ ဆိုရင်တော့ မြို့ပေါ်မှာအုပ်စုဖွဲ့ ရမ်းကားကြတဲ့ မင်းမဲ့စရိုက်တွေဟာ ပျောက်သွားမှာမဟုတ်ပါဘူး။ နာတာရှည် ကင်ဆာရောဂါကို ဆေးမြီးတိုနဲ့ကုသလိုဘဲ ဖြစ်မှာပေါ့ ။ ဒီလိုရမ်းကားတဲ့ သုံးဘီးယာဉ်ငယ်အသင်းတွေကို ဂိတ်ပိတ်သိမ်းပစ်သည့်အထိ စီမံ ခန့်ခွဲမှုနည်းလမ်းနဲ့ အရေးယူဖို့ရော မသင့်ပေဘူးလား။ ဒီလိုဘဲ ပေါ့ပေါ့တန်တန် သဘောထားကြမယ်ဆိုရင် သုံးဘီးယာဉ် ငယ်အသင်းတွေဟာ လမ်းမတော်ဖိုးတုတ်လို လူမိုက်ဂိုဏ်းကြီးတွေ အသွင်ကိုကူးပြောင်းသွားမှာ စိုးရိမ်ရပါတယ် ။


(ပုံစာ - သုံးဘီးမောင်းသူများ ရိုက်နှက်မှုကြောင့် သေဆုံးသွားရသူ ကိုဇော်ကြီး)



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ