Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 28, 2014

ပုဒ်မ ၄၃၆ ကိုမပြင်ဘဲ ကာလုံအခန်းကဏ္ဍတိုးမြှင့်ရန် တပ်မတော်အကြံပြု

ရန်ကုန်- အောက်တိုဘာ ၂၈၊ ၂၀၁၄ (မော်ကွန်း)

ပြည်သူငါးသန်းနီးပါးက ပြင်ဆင်ရန် လက်မှတ်ရေးထိုး ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၆ ကို တပ်မတော် ကမပြင်ဆင်လိုဘဲ တပ်မတော်သား ထက်ဝက်ကျော် နေရာယူထားသော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ၏လုပ်ပိုင်ခွင့် အာဏာတိုးမြှင့်ရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မျာက လွှတ်တော်သို့ အကြံပြု ထားသည်။

ယခုလ ၂၂ ရက်ကကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်သွင်းသည့် ပါတီအဖွဲ့အသီးသီး၏ အကြံပြုချက်များပါသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာတွင် တပ်မတော်ကထိုကဲ့သို့ အကြံပြုထားခြင်း ဖြစ်ကြောင်းဖော်ပြထားသည်။

၎င်းအကြံပြုချက်တွင် မဏ္ဍိုင်သုံးရပ်ထိန်းကျောင်းမှု ယိုယွင်းလာလျှင် ကာလုံ၏ထောက်ခံ အကြံပြုချက်ဖြင့် နိုင်ငံတော် သမ္မတက လွှတ်တော်နှစ်ရပ်ကို ဖျက်သိမ်းနိုင်ပြီး ရက်ပေါင်း ၉၀ အတွင်းရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန်လည်း အကြံပြုထားသည်။

၎င်းအကြံပြုချက်ကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးခင်မောင်ဆွေက “သူတို့(တပ်မတော်)က နိုင်ငံရေးထဲမှာတော့ ပါနေရဦးမယ် ဆိုတဲ့သဘောထားကို ပြောတဲ့သဘောပါပဲဗျာ” ဟု ထောက်ပြပြောဆိုသည်။

အခြေခံဥပဒေပါအချက်များကိုပြင်ဆင်လိုလျှင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံရမည်ဟု ပုဒ်မ ၄၃၆ တွင်ပါရှိပြီး ၎င်းပုဒ်မကိုပြင်ဆင်လျှင် လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်းနေရာယူထားသော တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုကို မရှိမဖြစ်လိုအပ်တော့မည်မဟုတ်တော့သောကြောင့် ၎င်းပုဒ်မကို တပ်မတော်က မပြင်ဆင်လိုခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တပ်မတော်၏၎င်းအကြံပြုချက်နှင့်ပတ်သက်၍ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီက အများက ပုဒ်မ ၄၃၆ ကိုပြင်ဆင်ချင်သည့်အခြေအနေတွင် တပ်မတော်က ပြင်ဆင်လိုသည့် ဆန္ဒမရှိခြင်းသည် တိုင်းပြည်အတွက် စိတ်မကောင်းစရာဖြစ်ကြောင်းနှင့် “ဒီလိုစဉ်းစားချက်မျိုးကို တပ်မတော်အနေနဲ့ ပြန်လည်သုံးသပ်ဖို့လိုတယ်” ဟု မှတ်ချက်ပြုသည်။

ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီအင်အားစုများက လူထုလှုပ်ရှားမှုများပြုလုပ်ကာ တောင်းဆိုနေကြသည်။

“အခုအခြေအနေတောင် ကာလုံက အာဏာယူထားတာ တော်တော်လေး လွန်နေပြီ။ ထပ်လိုချင်တယ်ဆိုရင်တော့ သိပ်များလွန်းတယ်” ဟု ကိုဂျင်မီက သုံးသပ်သည်။

လက်ရှိကာလုံတွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး စသည့် ၁၁ ဦးဖြင့်ဖွဲ့စည်းထားရာ ခြောက်ဦးမှာ တပ်မတော် ဘက်မှဖြစ်သည်။ ။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ