Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

မာလီ အီဘိုလာသေဆုံးမှု ပထမဆုံးဖြစ်ပြီး ကုလ အကူအညီပို့

အနောက် အာဖရိကနိုင်ငံ တခုဖြစ်တဲ့ မာလီနိုင်ငံမှာ အီဘိုလာ ရောဂါနဲ့ ပထမဆုံး သေဆုံးသူ ရှိပြီ ဆိုတာကို သိခဲ့ရ တဲ့နောက် ကုလသမဂ္ဂက အရေးပေါ် ကယ်ဆယ်ကူညီရေး ပစ္စည်း ပေါင်ချိန် ၂,၀၀၀ ကျော် ကို လေကြောင်းနဲ့ ပို့ဆောင် ပေးခဲ့ပါတယ်။ အရေးပေါ် ပစ္စည်းတွေထဲမှာ လက်အိတ်တွေ မျက်နှာဖုံးတွေနဲ့ တကိုယ်ရည် ကာကွယ်ရေး ဆိုင်ရာပစ္စည်းတွေ ပါဝင်ပါတယ်။

အီဘိုလာရောဂါ နှိမ်နင်းရာမှာ အမြန်ဆုံးလှုပ်ရှားနိုင်ဖို့က အခရာဖြစ်တယ်လို့  WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ အနောက်အာဖရိက ဆိုင်ရာ အကြီးအကဲ  Denise Brown ကပြောပါတယ်။  ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့တွေဟာ အီဘိုလာရောဂါ အန္တရာယ်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ စက္ကန့်မခြား လုပ်ဆောင် နေပါတယ်လို့လည်း ပြောပါတယ်။

အသက် ၂ နှစ်အရွယ် ဂီနီက မိန်းခလေးငယ်ဟာ အိမ်နီးချင်း မာလီနိုင်ငံမှာ ဆေးဝါးအကုသခံဖို့အတွက် သွားရင်း သောကြာနေ့က သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီခလေးငယ်ဟာ ဘတ်စကားနဲ့ သွားရောက်ခဲ့တာမို့ မာလီနိုင်ငံက တခြားလူတွေကိုလည်း ဒီရောဂါပိုး ကူးစက်နိုင်ဖွယ်ရာ ရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီယာရာလီယွန်းနိုင်ငံတွေဟာ အီဘိုလာရောဂါ အဓိကဖြစ်ပွားခဲ့တဲ့ နိုင်ငံတွေဖြစ်ပြီး လူပေါင်း ၅,၀၀၀ ကျော်လောက် သေဆုံးခဲ့ ရသလို လူပေါင်း တသောင်းလောက် ဒီရောဂါပိုး အကူးစက်ခံခဲ့ရပါတယ်။

ဒါပေမယ့် မိသားစုဝင်အများအပြားဟာ လူနာတွေကို သူတို့ရဲ့အိမ်မှာပဲကုဖို့ ကြိုးစားကြတာမို့  အခုစာရင်းထဲမှာ ဖော်ပြတဲ့ ရောဂါအကူးစက်ခံရသူ ဦးရေဟာ ဒီ့ထက်ပိုများနိုင်တယ်လို့လည်း WHO က ပြောပါတယ်။

တချိန်တည်းမှာပဲ ဂီနီ၊ လိုင်ဘေးရီးယားနဲ့  ဆီယာရာလီယွန်းနိုင်ငံတွေကနေ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်လာသူတွေဟာ အန္တရာယ်ရှိနိုင်တာမို့ ၂၁ ရက်ကြာ သီးသန့်ခွဲနေထိုင်ခိုင်းဖို့ Illinois ပြည်နယ်အုပ်ချုပ်ရေးမှုး Pat Quinn က အမိန့်ထုတ်ပြန်ထားပါတယ်။ အီဘိုလာရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို ကိုယ့်အသိစိတ်နဲ့ကိုယ် ကိုယ်တိုင်လုပ်ဆောင်လာကြဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။ အီဘိုလာရောဂါ ကူးစက်မှုရှိမရှိ သိစေနိုင်တဲ့ ကာလဟာ ၂၁ ရက်မို့ အခုလို သီးခြားခွဲနေစေတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ Barack Obama က အီဘိုလာရောဂါရှိမရှိ သိဖို့ သိပ်ခက်တယ်လို့ အမေရိကန်ပြည်သူတွေကို သတိပေးခဲ့သလို ဒီရောဂါ တိုက်ဖျက်ရေးအတွက် ကြောက်လန့်မနေဘဲ လုပ်ရမယ့်အလုပ်ကို အချက်ကျကျ လုပ်ဆောင်ကြဖို့  သူ့ရဲ့စနေနေ့အပတ်စဉ် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။


မီဘိုလာရောဂါရှိသူလို့ သံသယရှိသူတွေ ဆေးစစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေစဉ်။မီဘိုလာရောဂါရှိသူလို့ သံသယရှိသူတွေ ဆေးစစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေစဉ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ