Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

အိမ်ဖော်အလုပ်ရမည်ဟု လိမ်လည်၍ ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူ နှစ်ဦးအား အမှုဖွင့် အရေးယူ ဆောင်ရွက်

မုံရွာ အောက်တိုဘာ ၂၅

မုံရွာမြို့ နန္ဒဝန်ရပ် နယ်မြေ(၆)နေ အသက်(၁၆)နှစ် အရွယ် အမျိုးသမီး ငယ်တစ်ဦးကို အိမ်ဖော် အလုပ် ရမည်ဟု သွေးဆောင် စည်းရုံးကာ ပြည့်တန်ဆာ လုပ်ငန်းကို စေခိုင်းခဲ့သူ အမျိုးသမီး နှစ်ဦးအား မုံရွာ မြို့နယ် ရဲစခန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီခွဲက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် ညနေ ၆ နာရီခွဲ တွင် မ---- (၁၆)နှစ်သည် အိမ်နီးချင်း ဒေါ်အေးမြအိမ် သို့ တီဗွီသွားကြည့်စဉ် ဒေါ်အေးမြက ဟုမ္မလင်းမြို့နယ် နမ့်တောတွင် အိမ်ဖော်လုပ်လျှင် တစ်လ ကျပ်ခြောက်သောင်း ရမည်ဟုပြောရာ မိခင်နှင့်တိုင်ပင်၍ သဘောတူကာ ထိုနေ့ ညတွင်းချင်းပင် မစံပယ်နှင့်အတူ ဒေါ်အေးမြပါလိုက်၍ သူမအား ခေါ်ဆောင်သွားခဲ့ကြသည်။ ထိုသို့ခေါ်ဆောင်ရာတွင် ဟုမ္မလင်းသို့မဟုတ်ဘဲ သပိတ်ကျင်းမြို့နယ် ကျည်တောက်ပေါက်ကျေးရွာသို့ခေါ်ဆောင်ကာ ပြည့်တန်ဆာလုပ်ငန်းတွင် အခြားမိန်းမငယ် ၁၄ ဦးနှင့်အတူ လုပ်ကိုင်နေရစဉ် အောက်တိုဘာ ၂၃ ရက်တွင် ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ မစံပယ်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးမှုများရှိနေသောကြောင့် မစံပယ်၏သား မောင်ရဲလင်းက ဆိုင်ကယ်ဖြင့် မုံရွာသို့လိုက်ပို့စဉ် ထန်းတောရပ် ဆယ်ပေချောင် ကန်ပတ်လမ်းအနီးချထားခဲ့ရာ နယ်မြေမှူး ဦးကျော်မြင့်ထွန်းနှင့် ရာအိမ်မှူး ဦးအေးတို့ထံ အကူအညီတောင်း၍ နေအိမ်သို့ပြန်ကာမိခင်နှင့်အတူ နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့သဖြင့် တာဝန်ရှိသူများက ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ