Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

ယီမင်နိုင်ငံ ဆာနာမြို့တော်တွင် အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူ ၄၂ ဦးထိ ရှိပြီ

 ယီမင်နိုင်ငံ ဆာနာမြို့တော်မှာ ရှီယားမွတ်စလင် ဟူတီမျိုးနွယ်စုတွေကို ပစ်မှတ် ထားတဲ့ အသေခံဗုံးခွဲမှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၄၂ ဦးထိရှိလာပြီလို့ ဆေးရုံသတင်းရင်းမြစ် တွေက ဆိုပါတယ်။

အများအပြားလည်း ဒဏ်ရာပြင်းထန်ကြတာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာဖို့ ရှိပါတယ်။

ဟူတီမျိုးနွယ်စုတွေ ဆန္ဒပြပွဲတခုအတွက် ပြင်ဆင်နေတဲ့နေရာမှာ အခုလို အသေခံဗုံးခွဲခဲ့တာ ဖြစ်ပြီး လောလောဆယ်တော့ တာဝန်ခံသူ မရှိသေးပါဘူး။

ဟူတီတွေဟာ စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး ဆာနာမြို့တော်ကို သိမ်းပိုက် ထားကြပြီး ယီမင်လူမျိုးစုတွေအားလုံးကို ကိုယ်စားပြုတဲ့အစိုးရ ဖွဲ့စည်းပေးဖို့ တောင်းဆိုနေကြပါတယ်။

ယီမင်သမ္မတ ဟာဒီ (Hadi)က ၀န်ကြီးချုပ်သစ်တဦး အောက်တိုဘာ ၇ ရက်နေ့က အဆိုပြုတင်သွင်းခဲ့ပေမယ့် ဟူတီခေါင်းဆောင်တွေက ဒေါသတကြီး ကန့်ကွက်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြုခံရတဲ့ အာမက် အ၀တ် ဘင် မူဘာရတ် (Ahmed Awad bin Mubarak) ကလည်း ရာထူးကို ငြင်းပယ်ခဲ့ပါတယ်။

အခုလို ယီမင်နိုင်ငံရေး မတည်မငြိမ်ဖြစ်နေရင် အာရေးဘီယားကျွန်းဆွယ်မှာ အယ်ကိုင်ဒါအဖွဲ့ ပြန်ခေါင်းထောင်လာမှာကို အနောက်နဲ့ အာရပ်နိုင်ငံတွေက စိုးရိမ် နေကြပါတယ်။

ယီမင်နိုင်ငံဟာ ၂၀၁၂ က အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့ပြီး သမ္မတ ဟာဒီ ဦးဆောင်မှုနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ နိုင်ငံတနိုင် ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ