Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

မဖြူနှင်းထွေး ဒုတိယအာမခံ ထပ်မံပယ်ချခံရ

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အကောင်အထည် ဖော်နေတဲ့ ၀မ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံ သား နှစ်ဦးကို ပြန်ပေး ဆွဲရာမှာ ပါဝင်ပတ်သက် တယ်ဆိုပြီး ဖမ်းဆီး တရားစွဲ ခံထားရတဲ့ မန္တလေး ဗကသကျောင်းသူ မဖြူနှင်းထွေးကို ဒီနေ့ စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် အာမခံနဲ့ လွှတ်ပေးဖို့ အယူခံတင်ခဲ့ရာမှာ တရားရုံးက ပယ်ချလိုက်ပါတယ်။

ဒီနေ့ တရားရုံးက ဒုတိယအကြိမ်အယူခံကို ပယ်ချခဲ့တာနဲ့ပတ်သက်ပြီး မဖြူနှင်းထွေးရဲ့ ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြောပါတယ်။

"တရားလိုပြတဲ့သက်သေနဲ့ ဒါသူထွက်တာကောင်းပါတယ်၊ သူကအမှန်အတိုင်းပဲထွက်တာ၊ ကျနော်တို့ အာမခံလျှောက်တယ်၊ အာမခံပယ်ပါတယ်၊ ဒါပေမဲ့ သူတို့ကာယကံရှင်ဆန္ဒပါ၊ ဆက်တက်ရမယ်ဆိုရင် ရမယ်ဆိုရင်လည်း တရားလွှတ်တော်တက်မယ်၊ မတက်ဘူးဆိုရင်လည်း မတက်တော့ဘူး၊ ကာယကံရှင်ဆိုတာ ဖြူနှင်းထွေးက ဗ.က.သ အဖွဲ့ဝင်ဖြစ်ပါတယ်၊ ဗ.က.သ သူ့မူတွေရှိတယ်၊ အယူခံတက်တာအရှုံပေးတာလည်းရှိတော့ ကိုယ့်ကျတော့နိုင်ငံရေးဂုဏ်သိက္ခာ ထိခိုက်မှာစိုးလို့ သူတို့ရဲ့ဆုံးဖြတ်ချက်ပါ၊ သူတို့က ဆက်ပြီးတော့တက်ပါဆိုရင်တော့ ကျနော်တို့တက်မယ်၊ မတက်နဲ့ဆိုရင် ကျနော်တို့ မတက်ဘူး"

မဖြူနှင်းထွေးအမှုအတွက် တရားလိုပြသက်သေ ၁၀ ဦးကို စစ်ဆေးရမှာဖြစ်ပြီး လက်ရှိအချိန်မှာ လေးဦးကိုသာ စစ်ဆေးရသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေလ ၁၈ ရက်နေ့က တရုတ်ဝမ်ပေါင်ကုမ္ပဏီက ၀န်ထမ်း ၂ ဦးကို ဒေသခံတွေက ခေတ္တ ထိန်းသိမ်းခဲ့ရာမှာ မဖြူနှင်းထွေးပါဝင်တယ်ဆိုပြီး စက်တင်ဘာလ ၁၂ ရက်နေ့က မန္တလေးမြို့ နေအိမ်ကနေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ