Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

ဘင်္ဂလာဒေခ်ျ့ထောင်သား ၃၂ ဦးကို မြန်မာဘက်မှ လွဲပြောင်းပေး

မြန်မာနိုင်ငံတွင် ဖမ်းဆီးထိမ်းသိမ်း ခံနေရသည့် ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသား ထောင်သား ၃၂ ဦးကို မြန်မာအာဏာပိုင် များက ဘင်္ဂလာဒေ့ခ်ျ နိုင်ငံဘက်သို့ လွဲပြောင်း ပေးအပ်လိုက်သည်။

အဆိုပါ လွဲပေးမှုကို ယနေ့ နံနက်ပိုင်းက မြန်မာဘက် အမှတ်(၁) နယ်မြေတွင်ပြုလုပ်သည့် နှစ်ဘက် နယ်ခြားစောင့်တပ် အစည်းအဝေးအပြီးတွင် လွဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ် အရာရှိများက ပြောသည်။

ဆွေးနွေးပွဲကို ဘင်္ဂလာဘက်မှ တက်ကနက်အခြေစိုက် အမှတ် (၄၂) နယ်ခြားစောင့်တပ်မှ အရာရှိ တစ်ဦး နဇူလ်ရူလ်ဦးဆောင်သည့် အဖွဲ့ဝင် ၇ ဦးနှင့် မြန်မာဘက်မှ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာ ရှိတစ်ဦးဖြစ်သူ ဦးထွန်းထွန်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၉ ရက်နေ့က မောင်တောမြို့တွင်ပြုပ်လုပ်သည့် နှစ်ဘက်နယ်ခြားစောင့်တပ် တပ်ရင်းအဆင့် ဆွေးနွေးပွဲတွင်လည်း မြန်မာဘက်တွင်ဖမ်းဆီးခံနေရသည့် ဘင်္ဂလဒေ့ခ်ျနိုင်ငံသား ၂၆ ဦးမြန်မာအာ ဏာပိုင် များက လွဲပြောင်းပေးခဲ့သည်။

စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း နှစ်ဘက်နယ်ခြားစောင့်တပ် တပ်ရင်းအရာရှိအဆင့် အလံတင် အစည်းအဝေးတခုပြုလုပ်ခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မြန်မာဘက်မှ စိတ်ကြွဆေးပြား၊ အရက်နှင့် ဘီယာ များ ဘင်္ဂလာဘက်သို့ ၀င်ရောက်နေမှုကို မြန်မာဘက်မှ ကူညီဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထားသည့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ၂၀၀ ကျော်ရှိ ကြောင်း သိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ