Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

တယ်လီနောဆင်းကတ်တစ်သန်း ရန်ကုန်တွင်စရောင်းပြီ

ရန်ကုန် အောက်တိုဘာ ၂၅

ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရယူ ထားသော တယ်လီနော မြန်မာမှ ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် များကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၄၄ မြို့နယ်အတွင်း အောက်တိုဘာ ၂၆ ရက် နံနက် ၇ နာရီမှ စတင်ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များမှ သိရှိရသည်။

စက်တင်ဘာ ၂၇ ရက်တွင် မန္တလေးမြို့၌ စတင် ရောင်းချပေးခဲ့ပြီး နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် လည်း ဆက်လက်ရောင်းချပေးနေရာမှ တစ်လခန့်အကြာ အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်၌ စတင်ဖြန့်ဖြူး ရောင်းချပေးခြင်းဖြစ်သည်။

''ရန်ကုန်အတွက် ဆင်းကတ်တစ်သန်း ရောင်းချပေး ဖို့လျာထားတယ်။ တာဝါတိုင်ဆက်သွယ်မှု လိုအပ်ချက်တွေ ကြောင့် ကွန်ရက်တည်ငြိမ်ဖို့အတွက် အချိန်ယူလုပ် ဆောင်ထားပါတယ်။ ဝယ်ယူသူတွေအနေနဲ့ ဆိုင်တွေမှာ ငွေ ၁၅ဝဝ ထက်မပိုတဲ့နှုန်းနဲ့ ဝယ်ယူနိုင်ပါတယ်'' ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ပစ်တာက မြန်မာ့အလင်းသို့ ပြောကြားသည်။

မန္တလေးနှင့် နေပြည်တော်တို့တွင် မှတ်ပုံတင်တစ်ခု လျှင် သုံးခုနှင့် နှစ်ခုစသည်ဖြင့် ရောင်းချခဲ့သော်လည်း ရန်ကုန်တွင်မူ မှောင်ခိုဈေးကွက်ကို ကာကွယ်ရန် မှတ်ပုံတင်တစ်ခုလျှင် ဆင်းကတ်တစ်ကတ်သာ ရောင်းချပေး မည်ဖြစ်ကြောင်း၊ ဆင်းကတ်ဝယ်ယူပါက ငွေဖြည့်ကတ်ကိုပါ တွဲဖက် ဝယ်ယူရမည်ဖြစ်ကြောင်း၊ ဆင်းကတ်ပျက်စီးပါက ငွေကျပ် ၁၅ဝဝ ဖြင့် နေ့မကူးမီ ပြန်လည်ထုတ်ယူနိုင် သော်လည်း မိမိပိုင်ဆိုင်ကြောင်း ဝယ်ယူသည့်အခါ တိကျ စွာဖြည့်စွက်ထားမှသာ ပြန်လည်ရရှိမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေး ဆင်းကတ်များ၊ အမ်အီးစီ ကတ်များနှင့် အော်ရီဒူးဆင်း ကတ်များ အပြိုင်အဆိုင် ရောင်းချ နေသော်လည်း တယ်လီနော ဆင်း ကတ်များ ထွက်ရှိလာပါက ဝယ်ယူ စမ်းသပ် သုံးစွဲရန်အတွက် အစပိုင်း တွင် ရောင်းအားတက်နိုင်သော် လည်း အော်ပရေတာများ၏ ယှဉ်ပြိုင် မှုမှာ အားစမ်းဆဲသာဖြစ်ကြောင်း၊ အမှန်တကယ် တည်ငြိမ်သည့် ဝန်ဆောင်မှုအခြေအနေများ ရောက်ရှိ မှသာ ယှဉ်ပြိုင်မှုစတင်နိုင်မည်ဖြစ် ကြောင်း မိုဘိုင်းဆက်သွယ်ရေး နည်းပညာဖြင့် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဘွဲ့ရရှိလာသူ ကိုဝင်းမျိုးအောင်(Velta) က ပြောသည်။

အော်ရီဒူး၏ ဆက်သွယ်ရေး ကွန်ရက်အား မြန်မာပြည်သူများ စိတ်တိုင်းကျ အတည်တကျအနေအထား မဖြစ်သေးသည့်အတွက် တယ်လီနောကို စောင့်ကြည့် သုံးစွဲကြမည်ဖြစ်သော်လည်း လက် ရှိတွင် အော်ပရေတာများအပေါ် ယုံကြည်မှု လျော့နည်းလာနေ ကြောင်း တာမွေလမ်းရှိ မိုဘိုင်း ဖုန်း လက်ကားဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူက မှတ်ချက်ပေးသည်။

တယ်လီနောမှ တစ်မိနစ်လျှင် ငွေကျပ် ၂၅ ကျပ်နှုန်းကို ခေါ်ဆိုခ ကောက်ခံခြင်းဖြစ်ပြီး အမ်ပီတီဆင်း ကတ်များထက် သက်သာသော်လည်း အင်တာနက်သုံးစွဲမှုမှာ ဒေတာသုံးစွဲမှုအရ ကောက်ခံခြင်း ကြောင့် ဈေးနှုန်းပိုမိုနေပြီး အော်ရီဒူး ထက် အနည်းငယ်လျော့နည်းနေ ကြောင်း တွေ့ရသည်။

မြို့ကြီးသုံးမြို့အပြင် အခြားမြို့ နယ်များသို့လည်း ထပ်မံတိုးချဲ့ပေး သွားမည်ဖြစ်ပြီး နိုင်ငံတကာဖုန်းခေါ် ဆိုမှုများ၊ နံပါတ်အလှများ ရောင်း ချခြင်းနှင့် အင်တာနက်သုံးစွဲမှု အစီ အစဉ်များ၊ ထီပေါက်စဉ်၊ ကျန်းမာ ရေးအပါအဝင် ဝန်ဆောင်မှုများစွာ ကိုလည်း အော်ပရေတာများကအပြိုင် အဆိုင် တိုးချဲ့ဝန်ဆောင်မှုပေးသွား ရန်ပြင်ဆင်လျက်ရှိသည်ကို တွေ့ရ သည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ