Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

ဂြိုလ်ပြေနံပြေ ဘုရားရောက် မြွေကြီးသုံးကောင် လာရောက် ကြည့်ရှုသူ အလွန်များပြား

ပြင်ဦးလွင် အောက်တိုဘာ ၂၅

ပြင်ဦးလွင်မြို့ မန္တလေး-လားရှိုး လမ်း မိုင်တိုင်အမှတ် (၂၈ မှ ၃ဝ) အတွင်းရှိ သုံးတောင်ကျေးရွာတွင် လွန်ခဲ့သောရက်ပိုင်းက ရောက်ရှိလာသော မြွေကြီးသုံးကောင်ကို စိတ်ဝင် တစားဖြင့် လာရောက် ကြည့်ရှုကြသော ပရိသတ်များ အလွန်များ ပြားကြောင်း သိရသည်။

မြွေကြီးသုံးကောင်ကို လာရောက် ကြည့်ရှုကြသော ဧည့်ပရိသတ်များသည် တည်ဆောက်ဆဲဂြိုဟ်ပြေနံပြေ ဘုရားသို့လည်း အလှူငွေများ ထည့်ဝင်လှူဒါန်းကြရာ အောက်တို ဘာ ၁၉ ရက်မှ ၂၄ ရက်အထိ ခြောက်ရက်တာအတွင်း အလှူငွေ ကျပ် သိန်းတစ်ရာကျော် ရရှိပြီဖြစ် ကြောင်း သိရသည်။

သုံးတောင်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့နှင့် ဘုရားဂေါပကအဖွဲ့မှ ဦးစီး၍ နေ့စဉ် ဘုရားဖူးမြော်ရင်း မြွေကြီး သုံးကောင်ကို လာရောက်ကြည့်ရှုကြသော အနယ်နယ်အရပ်ရပ်မှ ဘုရား ဖူးဧည့်သည်များကို နံနက်ပိုင်းတွင် ထမင်းကျွေးခြင်း၊ ညနေပိုင်းနှင့် ညပိုင်းတွင် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိပြီး လာရောက် ကြည့်ရှုသူ ဧည့်ပရိသတ်များပြား သောကြောင့် ဘုရားကုန်းတော်ပေါ်တွင် စားသောက်ဆိုင်တန်းများ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး ရောင်းချ သောဆိုင်တန်းများ၊ အဝတ်အထည် ရောင်းချသော ဈေးဆိုင်တန်းများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။

ကျေးရွာ ဘုရားဂေါပကများ အနေဖြင့် လာရောက်ကြသော ဧည့်ပရိသတ်များ အဆင်ပြေချောမွေ့စေ ရန်အတွက် ဘုရားအဝင်လမ်းခင်းခြင်း၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်များကို စနစ်တကျနေရာ သတ်မှတ် ပေးထားခြင်းနှင့် တည်ဆောက်ဆဲ ဘုရားနှင့် မြွေကြီးသုံးကောင်၏ဖြစ်စဉ် ဗီဒီယိုမှတ်တမ်းများကို အများမြင်သာအောင် ပြသထားသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ