Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

မြန်မာ ယူ ၁၉ သမိုင်းသစ်ရေးထိုးလိုက်ပါ

မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၉ ရက်နေ့ကနေစတင်ပြီး အာရှ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ (AFC U 19 Championship 2014) ကို ရန်ကုန်နဲ့ နေပြည်တော်မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။

၁၉၅၉ ခုနှစ်ကတည်းက ကျင်းပခဲ့တဲ့ အာရှ ယူ ၁၉ ပြိုင်ပွဲကို ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့တော့ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အာရှ ယူ ၁၉ ပြိုင်ပွဲတလျှောက် မြန်မာ ယူ ၁၉ အသင်း သမိုင်းကြောင်း

အာရှ ယူ ၁၉ ပြိုင်ပွဲနဲ့ ကျနော်တို့ မြန်မာ ယူ ၁၉ အသင်းရဲ့ဆက်စပ်မှုသမိုင်းကြောင်းကို လေ့လာကြည့်ခဲ့ရာမှာ ရွှေရောင်လွှမ်းခဲ့တဲ့အတိတ်တွေကို မြင်တွေ့ခဲ့ရသလို မြန်မာ ယူ ၁၉ အသင်းဟာ ဒီပြိုင်ပွဲမှာ အစဉ်အလာကြီးမားတဲ့ အသင်းတသင်းဖြစ်နေတာ တွေ့ရပါတယ်။

၁၉၅၉ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ အာရှ ယူ ၁၉ ပြိုင်ပွဲမှာ မြန်မာအသင်းဟာ ချန်ပီယံ ၇ ကြိမ် ဖြစ်ခဲ့ဖူးပြီးတော့ ပြိုင်ပွဲသက်တမ်းတလျှောက် ဒုတိယအောင်မြင်မှုအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ပထမကတော့ တောင်ကိုရီးယားဖြစ်ပြီး တတိယကတော့အစ္စရေးဖြစ်ပါတယ်။

မြန်မာအသင်းဟာ ပူးတွဲချန်ပီယံ ၅ ကြိမ် ဖြစ်ခဲ့ပြီး ၁၉၆၈ ခုနှစ်နဲ့ ၁၉၇၀ ခုနှစ်တွေမှာ လွတ်လွတ်ကျွတ်ကျွတ် ဗိုလ်စွဲခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်ကနေ ၆၆ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်သလို ၁၉၆၈၊ ၆၉၊ ၇၀ ခုနှစ်မှာလည်း ၃ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

၁၉၇၂ ခုနှစ်မှာ နောက်ပိုင်းမှာတော့ မြန်မာအသင်းဟာ ကာလအတော်များများ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရပြီး ပြိုင်ပွဲတောင် ၀င်မပြိုင်ခဲ့တဲ့နှစ်တွေ ရှိခဲ့ပါတယ်။ တနည်းအားဖြင့် ကျနော်တို့ မြန်မာယူ ၁၉ အနေနဲ့ အာရှအဆင့်မှာ အောင်မြင်မှုတွေပျောက်ဆုံးနေခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာ့ဘောလုံးလောကကို လှုပ်နှိုးလိုက်တဲ့ မြန်မာ ယူ ၁၉

မြန်မာ ယူ ၁၉ အသင်း ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲသွားတော့ ကျနော်အပါအ၀င် မြန်မာဘောလုံးပရိတ် သတ်တော်တော်များများက ဆုဖလားရဖို့ကို မျှော်လင့်ထားကြတာ မဟုတ်ပါဘူး။ တချို့ဆို ကိုယ့်မြန်မာအသင်း ဘရူနိုင်းသွားတာတောင် မသိကြသူတွေ ရှိပါတယ်။

ဒါပေမယ့် အုပ်စုတွင်းပွဲစဉ်တိုင်းမှာ တပွဲကို ၃ ဂိုးနှုန်းသွင်းပြီး ပြိုင်ဘက်တွေကို အနိုင်ယူပြတဲ့အခါမှာတော့ မြန်မာဘောလုံးပရိတ်သတ်တွေ ယူ ၁၉ ကို အာရုံစိုက်လာကြပါတယ်။ တချို့ပရိတ်သတ်တွေဆို အင်တာနက်ဖွင့်ပြီး Youtube မှာ မြန်မာ ယူ ၁၉ ပွဲတွေလိုက်ရှာကြည့်တဲ့သူတွေတောင် ရှိလာကြပါတယ်။

ဆီမီးဖိုင်နယ်မှာ မလေးရှားကို ၃ ဂိုးပြတ်နဲ့အနိုင်ယူပြီး ဗိုလ်လုပွဲမှာ ဗီယက်နမ်ကို ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့ချိန်မှာတော့ မြန်မာ ယူ ၁၉ အသင်းရဲ့ ခြေစွမ်းကောင်းမှု၊ စိတ်ဓာတ်ကောင်းမှု၊ စည်းကမ်းသေ၀ပ်မှု၊ စည်းလုံးညီညွတ်မှုတွေကို မြန်မာဘောလုံးပရိတ်သတ်တွေ ချီးကျူးထောပနာ ပြုခဲ့ကြပါတယ်။

ယူ ၁၉ အသင်း ရယူခဲ့တဲ့ ဘရူနိုင်းဘုရင့်ဖလားဟာ အောင်မြင်မှုနဲ့နှစ်အတန်ကြာကင်းကွာနေတဲ့ မြန်မာ့ဘောလုံးလောကကို လှုပ်နှိုးလိုက်တာလို့တောင် မြန်မာဘောလုံးပရိတ်သတ်တွေ တင်စားခဲ့ကြပါတယ်။ ကျနော်အပါအ၀င် မြန်မာဘောလုံးပရိတ်သတ်တွေ မျက်နှာမှာအပြုံးပန်းတွေ တဝေေ၀နဲ့ပေါ့ဗျာ။

အာဆီယံပွဲမှာ အတွေ့အကြုံရခဲ့

ဗီယက်နမ်မှာ ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ အာဆီယံချန်ပီယံရှစ်မှာ အားလုံးမျှော်လင့်ခဲ့သလို အုပ်စုအဆင့်မှာ ထိုင်းနဲ့ အင်ဒိုကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်ဗီယက်နမ်နဲ့ကန်တဲ့ပွဲမှာ အိမ်ရှင် ပရိတ်သတ်ရဲ့ ဖိအားပေးမှုနဲ့အတူ ဗီယက်နမ်ကမြန်မာအသင်းကို ဘရူနှိုင်းဘုရင့်ဖလားက ရှုံးကြွေးကို ပြန်ဆပ်ခဲ့တော့ ယူ ၁၉ အသင်းနဲ့အတူ မြန်မာဘောလုံးပရိတ်သတ်တွေ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

အဲဒီပွဲရှုံးတော့ မြန်မာပရိတ်သတ်တချို့က လူငယ်အသင်းကို အပြစ်တင်ပြောဆိုတာတွေ Facebook လို လူမှုကွန်ရက်စာမျက်နှာမှာ တွေ့ရပေမယ့် အများစုကတော့ နိုင်နိုင်ရှုံးရှုံး ကိုယ့်မြန်မာဆို အားပေးမှာပဲဆိုတဲ့ စကားသံတွေ ကြားခဲ့ရပါတယ်။

ဗီယက်နမ်ကို ဘာကြောင့်ရှုံးရသလဲလို့ ပြန်တွက်ကြည့်တော့ မြန်မာအသင်း ပွဲဆက်တွေများပြီး ပွဲပန်းနေတာရယ်၊ လူ ၄ သောင်းကျော်ရှိတဲ့ အိမ်ရှင်ပရိတ်သတ်ရဲ့ တခဲနက်အားပေးမှု ဖိအားဒဏ်မခံနိုင်လို့ အမှားအယွင်းတချို့ လုပ်ခဲ့မိတာကြောင့်လို့ပဲ ကျနော်တော့ သုံးသပ်မိပါတယ်။ ပရိတ်သတ်အများကြီးရှေ့မှာ မကစားဖူးရင် ပွဲရှိန်ပြီးတော့ ဒါမျိုး အမှားအယွင်းက ဖြစ်တတ်ပါတယ်။

အဲဒီပြိုင်ပွဲမှာ အဓိက ကျနော်ဆုတောင်းနေခဲ့တာက မြန်မာအသင်းအဓိက ကစားသမားတွေ ဒဏ်ရာ မရခဲ့ဖို့ပါပဲ။ ဗိုလ်စွဲဖို့ကတော့ အစောကြီးကတည်းက မမျှော်မှန်းခဲ့ပါဘူး။ ဘာလို့ဆိုတော့ အာဆီယံပြိုင်ပွဲကို အာရှဖလားအတွက် အကြိုပြင်ဆင်တဲ့အနေနဲ့ ပြိုင်စေချင်တဲ့အတွက်ပါ။ အာဆီယံပွဲမှာ အားထည့်ကစားလို့ လူတွေနာကုန်ပြီး အာရှပွဲမှာမကန်နိုင်ရင် ကမ္ဘာ့ဖလားကစားခွင့်ရမယ့် မဟာအခွင့်အရေး ဆုံးရှုံးသွားနိုင်တဲ့ အတွက် ဖြစ်ပါတယ်။

ဒါကြောင့် အာဆီယံပွဲမှာ ကျနော်တို့ မြန်မာလူငယ်တွေ ၂ ပွဲဆက် အရေးနိမ့်ခဲ့ပေမယ့် ပြိုင်ပွဲအတွေ့အကြုံတွေ အများကြီးရခဲ့ပြီး အဲဒါတွေက လူငယ်တွေကို အောင်မြင်အောင် အထောက်အကူ ပြုနိုင်မှာမို့လို့ ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ အရှုံးကို သင်ခန်းစာယူပြီး အနိုင်အတွက် ပြင်ဆင်ချိန်ရသွားခဲ့တာပေါ့ဗျာ။

ယခင်နဲ့ မတူတဲ့ စိတ်ဓာတ်

မြန်မာယူ ၁၉ ပွဲတွေကြည့်တိုင်းမှာ တသင်းလုံး မခိုမကပ်ဘဲ အားကြိုးမာန်တက်ကစားကြတာဟာ တကယ်အားရစရာ ကောင်းပါတယ်။ ကစားပုံလည်း သေသပ်တယ်။ သန့်ရှင်းတယ်။ သက်လုံကောင်းတယ်။ နည်းစနစ် ကျွမ်းကျင်ပိုင်နိုင်တာတွေ တွေ့ရပါတယ်။

အထူးသဖြင့် ကစားပုံသန့်ရှင်းတာနဲ့ စိတ်ဓာတ်ပိုင်းကောင်းမွန်တာကိုတွေ့ခွင့်ရလိုက်တာကတော့ အာဆီယံ ချန်ပီယံရှစ် အုပ်စုတွင်းပွဲစဉ်မှာ ထိုင်းနဲ့မြန်မာ ကန်ကြတဲ့ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ဒုတိယပိုင်းအစ မြန်မာက ၂ ဂိုးသွင်းပြီးချိန်မှာ ထိုင်းက မြန်မာကိုဒေါသထွက်အောင် ဆွကစားတာတွေ လုပ်ခဲ့တယ်လို့ထင်ပါတယ်။

ပွဲပြီးခါနီးမှာဆိုရင် ထိုင်းအသင်းနောက်တန်းက မြန်မာရှေ့တန်းလူ သန်းပိုင်ရဲ့ မျက်နှာကို ခြေထောက်နဲ့ တက်နင်းခဲ့ပေမယ့် မြန်မာကစားသမားတွေက ဒိုင်လူကြီးကိုပဲ ၀ိုင်းဝန်း ပြောဆိုတာတွေ လုပ်ခဲ့ပါတယ်။ ယခင်မြန်မာအသင်းဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်မျိုးသာရှိခဲ့ရင် အဲဒီအခြေအနေက ပွဲတောင်ပျက်သွားနိုင်တဲ့၊ ရုန်းရင်းဆန်ခတ်ဖြစ်သွားနိုင်တဲ့အခြေအနေပါပဲ။

နောက်ဆုံးမှာ ထိုင်း ၁ ဦး အနီကဒ်နဲ့ထွက်သွားရပြီး မြန်မာအသင်းကတော့ ၁၀ ယောက်တည်းနဲ့ ထိုင်းကို တည်တည်ငြိမ်ငြိမ် အနိုင်ယူခဲ့တာဟာ ၁၀ စုနှစ်တစ်စုကျော်ကြာ ယခင်က မြန်မာအသင်းတွေမှာ မတွေ့ခဲ့ရတဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်ပါပဲ။

မြန်မာ့လက်ရွေးစင်လောင်းလေးတွေကို ဒီလိုမျိုး ကောင်းမွန်တဲ့စိတ်ဓာတ်၊ ကစားဟန်နဲ့ ခြေစွမ်းကို တည်ဆောက်ပေးခဲ့တဲ့အတွက် မြန်မာဘောလုံးပရိတ်သတ်တယောက်အနေနဲ့ ဂျာမနီလူမျိုးနည်းပြ ဖရိုင်းဒရစ်ကို ချီးကျူးမိသလို ဦးဇော်ဇော်ဦးဆောင်တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းမှုကိုလည်း ချီးကျူးမိပါတယ်။

အာရှအဆင့်မှ ကမ္ဘာ့အဆင့်သို့

ဒီအာရှ ယူ ၁၉ ပြိုင်ပွဲမှာ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ရင် ၂၀၁၅ မေလမှာ နယူးဇီလန်နိုင်ငံမှာကျင်းပမယ့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

မြန်မာအသင်းပါတဲ့ အုပ်စု - က မှာ အိမ်ရှင် မြန်မာ၊ ယီမင်၊ ထိုင်းနဲ့ အီရန်တို့ ပါဝင်နေပါတယ်။ ပါဝင်တဲ့ အသင်းတိုင်းက အသင်းကောင်းတွေဖြစ်နေတဲ့အတွက် မြန်မာအသင်း ပေါ့ဆလို့တော့ မရပါဘူး။ အထူးသဖြင့် မြန်မာနောက်တန်းက အမှားအယွင်းတွေလုပ်တတ်လို့ သေချာပြင်ဆင်ထားမှ အဆင်ပြေပါလိမ့်မယ်။ ဘရူနိုင်း ဘုရင့်ဖလားပွဲမှာထက် အာဆီယံချန်ပီယံရှစ်မှာ မြန်မာနောက်တန်းက ပိုကောင်းပြီး ပိုမိုတည်ငြိမ် လာတာကတော့ အားတက်စရာပါ။

တိုက်စစ်ပိုင်းကလည်း ရလာတဲ့အခွင့်အရေးတိုင်းကို ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့ လိုအပ်မယ် ထင်မိပါတယ်။ ဘာလို့ဆိုတော့ အရေးကြီးပွဲတွေမှာ အခွင့်အရေးရတုန်း ဂိုးသွင်းထားမှ၊ ရတဲ့ဂိုးကိုလည်း မဆုံးရှုံးအောင် ထိမ်းသိမ်းနိုင်ပါမှ လိုချင်တဲ့ရလာဒ်ကို ဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်။

မြန်မာနဲ့ရင်ဆိုင်ရမယ့် ယီမင်အသင်းဟာ ယူ ၁၉ ပြိုင်ပွဲမှာ အောင်မြင်မှုမှတ်တမ်းမရှိတဲ့အသင်းဖြစ်ပြီး အိမ်နီးချင်း ထိုင်းအသင်းကလည်း ချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့ဖူးပေမယ့် ၁၉၉၄ ခုနှစ်နောက်ပိုင်း အောင်မြင်မှုနဲ့ ဝေးနေတာ နှစ်ပေါင်း ၂၀ နီးပါး ရှိခဲ့ပါပြီ။ အီရန်အသင်းကတော့ အောင်မြင်မှုအစဉ်အလာရှိပြီး ၂၀၁၂ အာရှ ယူ ၁၉ ပွဲမှာ ကွာတားဖိုင်နယ် တက်ရောက်ထားနိုင်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။ မြန်မာဟာ ယီမင်နဲ့ ထိုင်းကို အနိုင်ယူပြီး အီရန်ကို သရေကစားနိုင်ရင် အုပ်စုကတက်ပါပြီ။

အုပ်စု ဗိုလ်ဖြစ်ဖြစ်၊ ဒုတိယပဲဖြစ်ဖြစ် တဖက်အုပ်စု B မှာ သြစတြေးလျ၊ ယူအေအီးနဲ့ ဥဇဘက်ကစ္စတန်တို့လို အသင်းကြီးတွေ ပါနေတဲ့အတွက် ဆီမီးတက်နိုင်ဖို့ဆိုရင် ဒီအသင်းတွေကို ကျော်ဖြတ်နိုင်ဖို့ လိုပါလိမ့်မယ်။ အကောင်းဆုံးကတော့ တပွဲချင်းစီအာရုံစိုက်ပြီး လိုချင်တဲ့ရလာဒ်ထွက်ပေါ်အောင် ကစားနိုင်ဖို့ အရေးကြီးပါတယ်။

မြန်မာအသင်းအတွက် ၁၂ ယောက်မြောက်ကစားသမားဖြစ်တဲ့ ပရိတ်သတ်အတွက်တော့ သိပ်ပူပင်စရာ လိုမယ်မထင်ပါဘူး။ အခုကတည်းက အားပေးဖို့ ပြင်ဆင်နေကြပါပြီ။ မြန်မာပရိတ်သတ်ရဲ့ တခဲနက် အားပေးမှုနဲ့ မြန်မာ ယူ ၁၉ အသင်းရဲ့ ကြိုးစားမှုနဲ့ ခြေစွမ်းတို့ပေါင်းစပ်လိုက်ရင် မြန်မာဟာ အာရှအဆင့်ကနေ ကမ္ဘာ့အဆင့်ကို ထိုးဖောက်နိုင်လိမ့်မယ်လို့ ကျနော်တော့ ယုံကြည်မိပါတယ်။

မြန်မာဘောလုံးပရိတ်သတ်တွေ စည်းကမ်းရှိရှိ၊ ညီညီညွတ်ညွတ်နဲ့ ကိုယ့်မြန်မာလူငယ်တွေ နိုင်နိုင်ရှုံးရှုံး အားပေးမယ်ဆိုလို့ကတော့ မြန်မာလူငယ်တွေကလည်း ပြိုင်ဘက်တိုင်းကို အကောင်းဆုံး ရင်ဆိုင်ကစားသွားမှာ လုံးဝသေချာပါတယ်။

ဘောလုံးမှာ မဖြစ်နိုင်တာ မရှိပါဘူး။ ယူရို ၂၀၀၄ မှာ ဂရိလိုအသင်းကို ဘယ်သူကမှ ဗိုလ်စွဲမယ်လို့ ထင်မထားခဲ့ပါဘူး။ ဒါပေမယ့် ဂရိအသင်း ဥရောပချန်ပီယံဖြစ်ခဲ့ပါတယ်။ အနီးစပ်ဆုံးပြောရရင် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အင်္ဂလန်၊ ဥရုဂွေး၊ အီတလီတို့ပါဝင်တဲ့အုပ်စု D မှာ ကော်စတာရီကာလိုအသင်းကို ဘယ်သူကမှ အုပ်စုကကျွတ်မယ်လို့ ထင်မထားပါဘူး။ ဒါပေမယ့် ကော်စတာရီကာ မရဏအုပ်စုမှာ အုပ်စုဗိုလ်နဲ့ တက်ခဲ့ပြီး ကွာတားဖိုင်နုယ်တောင် ရောက်ခဲ့ပါတယ်။

မြန်မာယူ ၁၉ အသင်းက ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့်ရဖို့ ၄ ပွဲ ကျော်ဖြတ်ရမှာပါ။ ဒီလိုကျော်ဖြတ်နိုင်ခဲ့ရင်တော့ မြန်မာ့သမိုင်းမှာ တကြိမ်တခါမှ မကစားဖူးတဲ့၊ အာဆီယံသမိုင်းမှာလည်း တကြိမ်တခါမှ မရှိဖူးသေးတဲ့ ကမ္ဘာ့ဖလားပါဝင်ကစားရမယ့်အခွင့်အရေးကို ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကိုယ်စား၊ မြန်မာဘောလုံးပရိတ်များကိုယ်စား မြန်မာလူငယ်အသင်းကို ပြောလိုတာကတော…

“မြန်မာ ယူ ၁၉ သမိုင်းသစ်ရေးထိုးလိုက်ပါ”



ကာယကြံ့ခိုင်မှုတိုးတက်လာစေရန် မြန်မာ ယူ-၁၉ အသင်းအနေဖြင့် ဤသို့ ပြင်းပြင်းထန်ထန် လေ့ကျင့်လျက်ရှိသည်။ Myanmar Football Federation


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ