Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

ဗြိတိသျှစုံတွဲကိုသတ်တယ်လို့ ကြောက်ကြောက်နဲ့ ၀န်ခံကြောင်း တရားစွဲခံထားရသူများပြော

ဗြိတိသျှ ကမ္ဘာလှည့်စုံတွဲကို သတ်ပါတယ်လို့ ကြောက်ကြောက်နဲ့ ၀န်ခံခဲ့တာလို့ တရားစွဲ ခံထားရတဲ့ မြန်မာ အမျိုးသားနှစ်ဦးက ပြောတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့က ညွှန်ကြားရေးမှုး ဦးကျော်သောင်းက News Watch ကိုပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကစုံစမ်းပေးဖို့ တာဝန်ပေးတဲ့အတွက်ကြောင့် လူသတ်မှုဖြစ်တဲ့နေရာမှာ တရားခံလို့ စွပ်စွဲခံထားရတဲ့ မြန်မာ အလုပ်သမား စောလင်း နဲ့ ၀င်းဇော်ထွန်းကို ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့မှာ သွားရောက်တွေ့ဆုံလို့ ရလာခဲ့တဲ့ အချက်အလက်အပေါ် သူကပြောပြတာ ဖြစ်ပါတယ်။

"အကျဉ်းထောင်မှာ ကလေးနှစ်ယောက်ကို သွားတွေ့ခဲ့ပါတယ်။ တွေ့ခွင့်ရပါတယ်။ အရက်မူးမူးနဲ့ဖြစ်သွားတယ်လို့ပြောတယ်။ မင်းတို့ ဘာလက်နက်နဲ့အသုံးပြုလဲမေးတော့ ပေါက်တူးခေါင်း ဖက်နဲ့ တစ်ယောက်စီ တစ်ချက် နှစ်ချက်စီ ရိုက်လိုက်တယ်လို့လည်းပြောတယ်။ ကျွန်တော်တို့ရိုက်တာ သေလောက်အောင် မဖြစ်လောက်ဘူးလို့လည်း ပြောတယ်။ အခန်းမှာ ဖိနပ်သွားယူတော့ အင်္ဂလိပ်က ထိုင်နေပြီး ကောင်မလေးက ငိုနေတာကို မြင်ခဲ့တယ်လို့လည်း ပြောတယ်။ သူပြောနေတဲ့ပုံစံက အိပ်မက်နဲ့ယောင်သလိုပြောနေတာမျိုး ဖြစ်နေတယ်။နောက်ပြီး အင်္ဂလိပ်မလေးကို အင်္ဂလိပ်က မတရားလုပ်လို့ အော်ဟစ်တဲ့ပုံမျိုးကို ကူညီချင်လို့ လိုက်သွားတာကနေ လူသတ်မှု ဖြစ်တဲ့ ပုံစံမျိုး ပြောတယ်။"လို့ သူကဆိုပါတယ်။

လူသတ်မှုဆိုတာ ဒေါသထဲမှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့အတွက် သူတို့စုံစမ်းထားတဲ့အချက်တွေအရတော့ ဒီအခြေအနေမျိုးထိမဖြစ်လောက်ဘူးလို့ သူက သုံးသပ်ပြောဆိုပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ရဲ့ ထင်မြင်ချက်တွေထဲမှာ ဒီဖြစ်စဉ်ဟာ အခြားလူတွေပါဝင်ပတ်သက်နေပြီး တစ်ယောက်ယောက်ကို ကြောက်လို့ ၀န်ခံတယ်ဆိုတာကိုလည်း ယုံကြည်တယ်လို့ လည်း ဦးကျော်သောင်းက ပြောပါတယ်။

"သူတို့ကို ဘာသာပြန်တဲ့သူတွေနဲ့ ရဲတွေက ဖနောင့်နဲ့ပေါက်တယ်။ ပါးရိုက်တယ်။ ရင်ဝကို ကန်တယ်။ ဒါတွေကြောင့် ကြောက်လို့ သူတို့ သတ်တာလို့ ၀န်ခံလိုက်တာလို့လည်း ပြောတယ်။"လို့ သူကဆက်လက်ပြောပြပါတယ်။

သူသတ်တာမဟုတ်ဘူးလို့ ငြင်းဆန်နေတယ်ဆိုတဲ့ မောင်မောင်နဲ့ တွေ့ဖို့ကြိုးစားခဲ့ပေမယ့် ထိုင်းအာဏာပိုင်တွေက တွေ့ခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့် မနက်ဖြန်အောက်တိုဘာ ၇ ရက်နေ့မှာတာ့ တွေ့ခွင့်ရအောင်ဆောင်ရွက်မှာဖြစ်တဲ့အပြင် စွပ်စွဲ ခံနေရတဲ့သူတွေရဲ့ သူငယ်ချင်းတွေကိုပါ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ် ဖို့ ရှိတယ်လို့ သိရပါတယ်။

ကိစ္စနှင့်ပတ်သက်ပြီး သေဆုံးသူအမျိုးသမီး ခန္ဓာကိုယ်ကရတဲ့ ဒီအင်အေ နမူနာနဲ့ တရားစွဲခံထားရတဲ့ သူတွေရဲ့ ဒီအင်အေ တူညီတယ်လို့ ထိုင်းရဲမင်းကြီးက ပြောဆိုခဲ့ပြီး တရား စွဲခံထားရသူတွေကို လူသတ်ပုံအဆင့်ဆင့်အတွက် သရုပ်ဆောင်ပြသခိုင်းခဲ့တယ်လို့ ကမ္ဘာ့မီဒီယာအသီးသီးမှာ ပုံနဲ့တကွရေးသားဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။

ဗြိတိသျှစုံတွဲဟာ ပြီးခဲ့သည့်စက်တင်ဘာလ(၁၅)ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းမှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ