Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

လစာအပြည့်ရကြောင်း လက်မှတ်ထိုးခိုင်း သည်ကို ၀န်ထမ်းများငြင်းဆို

လစာထက်ဝက်သာ ရရှိသော ဒေါ်ဂေမံ (အကြီးတန်း စာရေး)၊ ဒေါ်ဥမ္မာစိန် (အရောင်း -၄)၊ ဒေါ် တမ်ကီးမံ (အ ငယ်တန်း လက်နှိပ်စက် စာရေး)တို့က လစာ အပြည့် ရကြောင်း နတ်မတောင် အမျိုး သား ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦး တင်မြစိုးမှ လက်မှတ် ရေးထိုးခိုင်းသည် ကို ငြင်းဆိုလိုက်သည်ဟု သိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ (၂၉) နေ့တွင် အဆိုပါဝန်ထမ်းများအား လစာငွေ တစ်ဝက်ကို အုပ်ချုပ်ရေး မှူးမှ ဖြတ် စားခြင်းမဟုတ်ကြောင်း၊ အပြည့်ရရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့ရာ ကာယ ကံရှင် အမျိုးသမီး ၀န်ထမ်း (၃)ဦးက လက်မှတ်ရေး ထိုးရန် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

‘ ကျမကတော့ သတ်မယ် ဆိုရင်တောင် မထိုးနိုင်ဘူး၊ အခုကျမှ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့၊ မပေး တာ မပေးတာပဲ၊ ဘာဆိုင်သလဲ ’ ဟု အဆိုပါ အမျိုးသမီး ၀န်ထမ်းတဦးက  ပြောသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့မှ ပြည်နယ်သစ်တောဦးစီးဌါနမှူး ဦးကျော်ဝင်းသည် နတ်မတောင် အမျိုး သား ဥယျာဉ်သို့ စက်တင်ဘာလ (၂၉)ရက် ကတည်းက ရောက်ရှိနေပြီး ယမန့်နေကတည်း က ဖြစ်စဉ် များအပေါ် လုပ်ငန်းစစ် ဆေးနေ ကြောင်း သိရသည်။

‘ ဦးကျော်ဝင်းနဲ့အုပ်ချုပ်ရေးမှူးအကြားမှာ နားးလည်မှုတွေရှိလိမ့်မယ်၊ သစ်ဆွဲသူတွေရဲ့ သစ်တွေ ကို ခြုံထဲထိုး ထည့် ခိုင်းတယ်၊ သူတို့ရဲ့ သစ်လုပ်ငန်းတွေကိုလည်း ယာယီရပ်ခိုင်းထားတယ်’ ဟု အမည်မဖော်လိုသည့် တောအုပ် တဦးက ပြောပြသည်။

ဦးတင်မြစိုးသည် ရုံးချုပ်မှ ပြောင်းရွှေ့မိန့် ရုတ်တရက်ကျလာသောကြောင့် ရုံးလုပ်ငန်းအလွှဲအပြောင်း ကိစ္စ၊ မြို့နယ် စာရင်းစစ်ရုံးမှ မကြာမီစာရင်းစစ်ဝင်တော့မည်ဖြစ်သဖြင့် နတ်မတောင် အမျိုးသား ဥယျာဉ်၏ Project နှင့်အခြား လုပ်ငန်းများ အသေးစိတ်ကို သိရှိသည့် ဒေါ်လိန်းရှိန်းမံ (တောအုပ်) ၊ ဒေါ် ဥမ္မာစိန် (အရောင်း-၄)၊ ဒေါ်တမ်ကီးမံ (အငယ်တန်း လက်နှိပ်စက်စာရေး)တို့အား ကန်ပက်လက်မြို့ ဟောင်း စစ်ဆေးရေး ဂိတ်သို့ အမြန် ဆုံး အချိန်ပြည့် တာဝန်ထမ်းဆောင်ရန် အမိန့် ထုတ်ထားသည်ဟု သိရသည်။

အုပ်ချုပ်ရေးမှူးဦးတင်မြစိုးသည် ချင်းပြည်နယ် ကန်ပက်လက်မြို့ အနီးရှိ နတ်မတောင် အမျိုးသား ဥယျာဉ်တွင် တာဝန် ကျစဉ် ဒေသခံ ချင်းပြည်သူလူထု၏ မကြာခဏတိုင်တန်းခြင်း  ခံရသော်လည်း ယနေ့တိုင်အရေး ယူခံရခြင်းမရှိပေ။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် နတ်မတောင်အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်မြစိုး မှ ဒေသခံဝန်ထမ်း (၇)ဦးကို အပြစ်မရှိဘဲ လစာတစ်ဝက်သာ ခံစားစေရန် သတင်းများထွက်ပေါ်ခဲ့ ရာ အမျိုးသား ၀န်ထမ်း  (၄) ဦးမှ  အရေးဆိုမည်ဟု ကြားသိရပြီး ၄င်းတို့ကို  လစာအပြည့် ခံစား ခွင့်ပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် နတ်မတောင် အမျိုးသား ဥယျာဉ် အကျယ်အ၀န်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက မင်းတပ်မြို့နယ် အတွင်း ၁၃၃၉၇ဝ ဧက၊ ကန်ပက်လက်မြို့နယ် အတွင်း ၂၉၅၃ဝ ဧကနှင့် မတူပီမြို့ နယ် အတွင်း ၁၂၈ဝဝ ဧက သတ်မှတ်ပြီး စုစုပေါင်း အကျယ် အဝန်း ၂၇၅ ဒသမ ၅ စတုရန်း မိုင်ကျယ် ဝန်းကြောင်း၊ ဥယျာဉ်အတွင်း သတ္တဝါများနှင့် သစ်တော၊ သစ်ပင် များကို ထိန်းသိမ်း ထားရှိ ကြောင်း သိရ သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ