Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

ထိုင်း-မြန်မာ အထူးစီးပွားရေး ဇုန်ု ပြန်လည်လုပ်ကိုင်ဖို့ သဘောတူ

အကောင်အထည်ဖေါ် တည်ဆောက်ရေး လုပ်ငန်းတွေ အလွန် နှေးကွေး နေတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူး စီးပွားရေး ဇုန်စီမံကိန်း ပြန်လည်သက်ဝင် လှုပ်ရှားလာနိုင်အောင်၊ ထိုင်း စီးပွားရေး လုပ်ငန်းတွေကို စီမံကိန်းရဲ့ ပိုမိုကြီးမားတဲ့ အခန်း ကဏ္ဍကနေ ဆောင်ရွက်ခွင့်ပြုဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်း စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာတို့ သဘောတူညီ လိုက်ကြပါတယ်။

လုပ်ငန်းပမာဏ အလွန်တရာကြီးမားတဲ့ ထားဝယ် စီမံကိန်းအတွက် လိုအပ်တဲ့ အခြေခံတည်ဆောက်ရေး လုပ်ငန်းတွေမှာ ထိုင်း ရင်းနှီးမြှုပ်နှံသူတွေ ပါဝင်နိုင်ဖို့ ဗိုလ်ချုပ်ကြီး ပရာယွတ်က အဆိုပြုခဲ့တာပါ။

ဒီအတွင်း ထိုင်း သယ်ယူပို့ဆောင်ရေး ဒုတိယ၀န်ကြီး Arkhom ကလည်း ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းမှာ ဂျပန်အစိုးရ ပူးပေါင်းပါဝင်လာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။

မြန်မာအစိုးရဟာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလက ဒီစီမံကိန်းအတွက် အီတာလျံ ထိုင်း ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပြုခဲ့ပါတယ်။ ဒါပေမဲ့ အရင်းအနှီးကြီးမားလွန်းပြီး၊ လုပ်ငန်းတွေ နှောင့်နှေးနေတာကြောင့် အီတာလျံ ထိုင်း ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ