Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

အိန္ဒိယနဲ့ မြန်မာ ကားလမ်းတွေ ဖေါက်လုပ်ရေး လုပ်ငန်းစတင်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာ ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကြား ဆက်သွယ်ရေးလမ်းမတွေ ဖေါက်လုပ်ရေး စီမံကိန်းကို မနေ့က စတင်လိုက်ပါတယ်။

ကမ္ဘာ့ဘဏ်ရံပုံငွေ အမေရိကန်ဒေါ်လာ ၁၀၇ သန်း ကုန်ကျမယ့် အဲဒီစီမံကိန်းကို မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်က ဖွင့်လှစ်ပေးခဲ့တာပါ။ ဖေါက်လုပ်မယ့်လမ်းတွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေနဲ့ ဆက်သွယ်မှုပိုပြီး တိုးတက်ကောင်းမွန်စေရေးအတွက် ဖြစ်ပါတယ်။

ပထမဆုံးဖေါက်လုပ်မယ့် လမ်းတွေက တစ်ခုက ချန်ဖိုင်ကနေ မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ဇောက်ကသာကို ဆက်သွယ်မယ့်လမ်းဖြစ်ပါတယ်။

ဒါ့ပြင် အိုက်ဇောမြို့အနီး Lengpui လေဆိပ်ကနေ ဖေါက်လုပ်မယ့်လမ်းဟာ မီဇိုရမ်ပြည်နယ်အတွင်း လက်ရှိ ဖေါက်လုပ်နေတဲ့ လမ်းတစ်လမ်းနဲ့ ပေါင်းဆုံမှာဖြစ်ပြီး၊ အဲဒီကမှ မြန်မာနိုင်ငံ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းနဲ့ ချိတ်ဆက်မယ်လို့ သိရပါတယ်။

ကုလားတန် ဘက်စုံစီမံကိန်းဟာ စစ်တွေဆိပ်ကမ်းနဲ့ မီဇိုရမ်ပြည်နယ်ကို ရေလမ်း၊ ကုန်းလမ်းတွေနဲ့ ဆက်သွယ်မှာဖြစ်ပြီး၊ ကိုလ်ကတ္တားမြို့အထိ သွားရောက်နိုင်မှာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ