Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

ရွေး​ကောက်​ပွဲ စနစ် ပုံစံ လွှတ်တော် မ​ဆုံးဖြတ်​နိုင်သေး

မြန်မာနိုင်ငံ နဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲ ပုံစံကို အကြံပြုဖို့ ဖွဲ့ထားတဲ့ လွှတ်တော် ကော်မရှင်က ရွေးကောက်ပွဲ စနစ် ၃ ခု တင်ပြ လာတာ မှာ လွှတ်တော် အနေနဲ့ ပိုပြီး ရွေးချယ် ဆုံးဖြတ်နိုင် ဖို့ အခြား စနစ် ပုံစံတွေပါ ထပ်လောင်း ဖြည့်စွက် ပေးပါ ဆိုပြီး ပြည့်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပြောလိုက်ပါတယ်။

ကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ စနစ် ပုံစံ အနည်းဆုံး ၇ ခု လောက် ရွေးချယ် ပေးဖို့ စက်တင်ဘာ ၃၀ ရက်နေ့ ပြည့်သူ့ လွှတ်တော် အစည်းအဝေး မှာ သူရ ဦးရွှေမန်း က ပြောခဲ့တာပါ။

ကော်မရှင် က လက်ရှိ ရွေးချယ် ပေးထား တဲ့ စံနစ် ၃ မျိုး ကတော့ ပီအာလို့ ခေါ်တဲ့ အချိုးကျ ကိုယ်စားပြု စနစ် နဲ့ ပီအာ တစ်ဝက် ကျင့်သုံး မယ့် စနစ် နဲ့ အတူ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တွေ မှာ ကျင့်သုံးခဲ့ တဲ့ တိုက်ရိုက်ရွေး စနစ် တွေပဲ ဖြစ်ပါတယ်။

ပီအာ စနစ် ဆန့်ကျင် ရေး ဆန္ဒပြ လှုပ်ရှားမှု တွေ မြို့ကြီး တွေ အပါအဝင် တချို့ နေရာတွေ မှာ ဖြစ်ပေါ် ခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ အဆိုပါ အချိုးကျ ကိုယ်စားပြု ပီအာ စနစ် ကျင့်သုံးဖို့ လွှတ်တော် အတွင်း အဆို တင်ခဲ့တဲ့ ကိုယ်စားလှယ် အပေါ် ဆန္ဒပြမှု လည်း ရန်ကုန် မှာ ပြုလုပ် ခဲ့ပါတယ်။

ဘယ်လို ရွေးကောက်ပွဲ ပုံစံမျိုး ကျင့်သုံးမယ် ဆိုပြီး လွှတ်တော် အနေနဲ့ အခု မဆုံးဖြတ်သေး ပဲ ရွှေ့ဆိုင်း လိုက်ခဲ့တာ ကတော့ အဲဒီ လှုပ်ရှားမှု တွေနဲ့ မဆက်စပ်ဘူး လို့ ကော်မရှင် ရဲ့ တွဲဖက် အတွင်းရေးမှူး ဦးသန်းဝင်း က ဘီဘီစီ ကို ပြောပါတယ်။

သူရ ဦးရွှေမန်း ပြောခဲ့သလို ရွေးကောက်ပွဲ စနစ် ပုံစံ အနည်းဆုံး ၇မျိုးကို ကော်မရှင် က ရွေးချယ်ပြီး လာမယ့် အောက်တိုဘာလ ၂၁ ရက် နေ့မှာ လွှတ်တော် ကို ပြန်လည် အစီရင်ခံစာ တင်မှာ ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ