Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 3, 2014

အခွန်ကောက်သည့် စံသတ်မှတ်ဈေးနှုန်း ၂ ဆနီးပါး တိုးမြှင့်

အခွန်ကောက်ရာမှာ အသုံးပြုတဲ့ အိမ်ခြံမြေဈေးနှုန်း စံသတ်မှတ်ချက်ကို အစိုးရက ၂ ဆနီးပါး တိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေအကျိုးဆောင်အသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စံသတ်မှတ်ချက်တွေအရ ၁ ပေပတ်လည် ကျပ် ၂၇၅၀၀၀ သတ်မှတ်ထားတဲ့ ပြည်လမ်းပေါ်က မြေကွက်တွေကို အခု စံသတ်မှတ်ချက် အသစ်မှာ ကျပ် ၄ သိန်း သတ်မှတ်ထားတာ တွေ့ရပါတယ်။

ဒီ မြေကွက်တွေဟာ ပုံမှန်ဈေးကွက်မှာ ၁ ပေပတ်လည် ကျပ် ၁၀ သိန်း ပေါက်ဈေး ရှိပါတယ်။

လောလောဆယ် အခွန်စနစ်အရ အိမ်ခြံမြေ ဈေးကွက် ၀ယ်ယူသူတွေဟာ ငွေဖြူ မပြနိုင်ရင် ၀ယ်ဈေးရဲ့ ၃၅ ရာခိုင်နှုန်း အခွန်ဆောင်ရပြီး၊ ရောင်းသူကတော့ ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရပါတယ်။

ခုလို အစိုးရဘက်က အခွန်ကောက်ဖို့ စံသတ်မှတ်ဈေးနှုန်း တိုးမြှင့်လိုက်တာကြောင့် မြေဈေးတွေ ပိုပြီး တက်လာတာ၊ အခွန်ရှောင်ဖို့ ကြိုးစားတာတွေ ဖြစ်လာနိုင်ကြောင်း ဒေါ်မို့မို့အောင်က ပြောပါတယ်။

အခွန်ဦးစီးဌာနဟာ ဒီ စံသတ်မှတ်ဈေးနှုန်းတွေကို လာမယ့် အောက်တိုဘာ ၈ ရက်နေ့မှာ စတင် ကျင့်သုံးမှာ ဖြစ်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ