Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 3, 2014

မြို့နယ်အလိုက် အိမ်၊ ခြံ၊ မြေ တန်ဖိုးစံနှုန်းအသစ် အောက်တိုဘာ ၈ ရက် ထုတ်ပြန်မည်

ရန်ကုန်စည်ပင်သာယာရေး နယ် နိမိတ်အတွင်းရှိ မြို့နယ်များ၏ အိမ်၊ ခြံ၊ မြေ တန်ဖိုးစံနှုန်းအသစ်များကို အောက်တို ဘာ ၈ ရက်တွင် သတ်မှတ်ထုတ်ပြန်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က အောက်တိုဘာ ၂ ရက်တွင် သတင်းထုတ် ပြန်သည်။

ယခင်သတ်မှတ်ထားသော စံနှုန်း များမှာ ယခုအခါ ပြောင်းလဲမှုများရှိလာသောကြောင့် လက်ရှိအချိန်နှင့် ကိုက်ညီသော စံနှုန်းအသစ်များကို ထုတ်ပြန်သတ်မှတ်ရခြင်းဖြစ်သည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောသည်။

“ကာလပေါက်ဈေး အတိအကျ တော့ မဟုတ်ဘူး။ အပြင်ပေါက်ဈေးကို အခြေခံတဲ့ စံနှုန်းတခုကို သတ်မှတ်တာ ဖြစ်တာကြောင့် တကယ်ဖြစ်ပေါ်နေတဲ့ဈေး နဲ့တော့ ကွာဟမှုရှိနိုင်တယ်”ဟု ယင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကာလတန် ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မှတီနယ်နမိတ်အတွင်း မြို့နယ်များရှိ အိမ်၊ ခြံ၊ မြေရောင်းချခြင်း ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းအပေါ် အခွန်ထမ်းဆောင်နိုင်ရန် ကာလတန်ဖိုး စိစစ်သတ်မှတ်ခြင်း ဆောင်ရွက်နေပြီး ထိုသို့ ဆောင်ရွက်ရာတွင် ပြောင်းလဲလာသော အိမ်၊ ခြံ၊ မြေဈေးနှုန်းများနှင့်အညီ ဖြစ်စေရန်အတွက် ယခုကဲ့သို့ စံနှုန်းအသစ် သတ်မှတ်ခြင်းဖြစ်သည်ဟုလည်း ယင်းအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်က သတ်မှတ်ထုတ်ပြန်ခဲ့ သော စံနှုန်းများမှာ ပြင်ပပေါက်ဈေးထက် များစွာကွာဟမှုရှိနေခဲ့သည်ဟုဆိုကာ ဝေဖန်မှုတချို့ ထွက်ပေါ်ခဲ့သေးသည်။

ကာလတန်ဖိုးသတ်မှတ်ရာတွင်လည်း စံနှုန်းပါသတ်မှတ်တန်ဖိုးနှင့် အခွန်ထမ်းတင်ပြသည့် တန်ဖိုးအနက်များရာ တန်ဖိုးကို သတ်မှတ်သွားမည်ဟုလည်း ယင်းအဖွဲ့က ဆိုသည်။

ထိုသို့ ထုတ်ပြန်ကြေညာမည့် စံနှုန်းအသစ်များကို ကျောက်တံတားမြို့နယ်ရှိ ကာလတန်ဖိုးအသစ်များကို ရုံးနှင့် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ကြေညာပေးသွားမည်ဟု သိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ