Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 3, 2014

မင်းတုန်းမင်းရုပ်တုတော်ကို မဖွယ်မရာပြုမူခဲ့ခြင်းကြောင့် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများအား ယင်းသို့လုပ်ဆောင်ပါက ရာဇသတ်ကြီးပုဒ်မဖြင့် အရေးယူသွားမည်


မန္တလေးမြို့၊ မြနန်းစံကျော် ရွေနန်းတော်တွင် ယဉ်ကျေုးမှုနှင့် သက်ဆိုင်သည့် မင်းတုန်းမင်းရုပ်တုအား မဖွယ်မရာပြုမူသည့်ဓါတ်ပုံများ လူမှုကွန်ယက်(Facebook) စာမျက်နှာတွင်ပျံနှံ့ခြင်း အပေါ်ရှင်းလင်းခဲ့ပြီး ယင်းကဲ့သို့ ပြုလုပ်ခြင်းများကို ရာဇသတ်ကြီးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးရုံးခန်း၌ အောက်တိုဘာ ၂ ရက်နေ့ နံနက်၁၀-နာရီခန့်က ရုပ်သံမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းခဲ့သည်။

“မြနန်းစံကျော်ရွှေကျောင်းတော်မှာ ထားရှိတဲ့ မင်းတုန်းမင်းပုံရုပ်ထုမှာ မဖွယ်မရာပြုမူတဲ့ ဓါတ်ပုံကလွန်ခဲ့တဲ့သုံးနှစ်လောက်က ပုံဖြစ်ပါတယ်။ ခုလိုလုပ်တာမျိုးဆိုရင် ရာဇသတ်ကြီးပုဒ်မနဲ့ အရေးယူသွားမှာဖြစ်ပါတယ်။”ဟု မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

မြန်းစံကျော် ရွှေနန်းတော်တွင် CCTV ကင်မရာများတတ်ဆင်ထားမှုများရှိသော်လည်း အချိျု့နေရာများ၌ လိုအပါနေသေးကြောင်း၊ အထူးသဖြင့် လူမှုကွန်ယက်စာမျက်နှာတွင်ပျံ့နှံနေသည့် ရုပ်တုနေရာတွင်CCTV ကင်မရာ မတွေ့ခဲ့ရကြောင်းကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောကြားသည်။

မဖွယ်မရာ ပြုလုပ်ခြင်းများ တွေ့ရှိရပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၂-(က)အရ အရေးယူသွားမည်ဖြစ်၍ ယင်းဥပဒေအရထောင်ဒဏ်(၃)လ သို့မဟုတ် ငွေဒဏ်တစ်ခုခုကျခံရမည်ဖြစ်ကြောင်း မြန်မာယဉ်ကျေးမှုကို ထိခိုက်နစ်နာမှုများနှင့် ဂုဏ်သိက္ခာ ညှိးနွမ်းစေနိုင်သောကြောင့် ယခုကဲ့သို့လုပ်ဆောင်သွားရန်စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရှေးဟောင်းဥပဒေအရ ဆိုရင်လည်း ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေကို အမြင်မသင့်တဲ့ မဖွယ်မရာ ပြုလုပ်တာမျိုးရှိလာရင် အရေးယူနိုင်တယ်။" ဟု ရှေးဟောင်းသုတေသနအမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(မန္တလေး) ညွန်ကြားရေးမှုး ဦးညို မြင့်ထွန်းကပြောသည်။

မြနန်းစံကျော်ရွှေနန်းတော်တင်သာမကကျန်သည့်ယဉ်ကျေားမှုနေမြေများအားလုံးကို စောင့်ကြည့်ပြီး တွေ့ရှိလျှင် အရေးယူသွားမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုနယ်မြေများရှိ ပစ္စည်းများအား အကြည်အညိုပျက်စေသည့်အပြုအမူများကို စောင့်ကြည့်အဖွဲ့များဖြင့်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။

ထို့ပြင် မြနန်းစံကျော်ရွှေနန်းတော်ကြီးအား တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံဆောင်ရွက်ရာမှ ပြည်ထောင်စုအစိုးရထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်တော့မည်ဖြစ်ပြီး လက်ရှိတွင်လွှဲပြောင်းပေးအပ်ရန်အတွက် လုပ်ဆောင်နေပြီဟုသိရသည်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ