Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 25, 2014

ဟောင်ကောင် လူထု ဆန္ဒ္ဒခံယူဖို့ စီစဉ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်မှာ ဒီမိုကရေစီ အပြည့်အဝရစေဖို့ လူထုဆန့်ကျင် လှုပ်ရှားမှုတွေ ဆက်ပြီး လုပ်သင့်မလုပ်သင့် ဒီတနင်္ဂနွေနေ့မှာ လူထုက ဆန္ဒခံယူပွဲ ကျင်းပဖို့ စီစဉ်နေကြပါတယ်။  ဒီဆန္ဒ ခံယူပွဲကို ဟောင်ကောင်ဒေသခံ အများအပြား ပါဝင်လာအောင် လုပ်ဆောင်မယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရနဲ့ အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပေမယ့် ဖွဲ့စည်း အုပ်ချုပ်ပုံ ပြန်လည်ပြင်ဆင်ရေးနဲ့ ပါတ်သက်ပြီး တိတိကျကျ လိုက်လျောမှု မရခဲ့တဲ့ အတွက် အခုလို ဆန္ဒခံယူဖို့လိုအပ်တာဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်တွေက ပြောပါတယ်။

ဆန္ဒခံယူပွဲမှာ ဟောင်ကောင်ရဲ့ အချက်အချာကျတဲ့ နေရာတွေကို သိမ်းပိုက် ဆန္ဒပြမှုတွေ ဆက်လုပ်သင့်မလုပ်သင့်နဲ့ နောက်တချက်က အစိုးရက ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲ မတိုင်မှီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ပေးဖို့ ဆွေးနွေးမယ်လို့ အစိုးရရဲ့ ယာယီ ကမ်းလှမ်းချက် ကို လက်ခံသင့်မခံသင့် ကိစ္စတွေ အတွက် မဲပေးကြ တာမျိုး ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

ရှေ့လာမယ့် ၂၀၁၇ ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီနည်းကျ မဲပေး ရွေးချယ်ခွင့်ရရေး အတွက် လှုပ်ရှားနေကြတဲ့ ဟောင်ကောင်က လှုပ်ရှားမှုကို ဒီသီတင်းပါတ်ထဲမှာပဲ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်မတီကလည်း အားပေးခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နိုင်ငံသားအခွင့်အရေးနဲ့  နိုင်ငံရေးလွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို တရုတ်နိုင်ငံက အတည်ပြု လက်ခံထာတာမျိုး မရှိသေးတာမို့ ဟောင်ကောင်ရဲ့ နိုင်ငံရေးစံနစ်အတွက် ကုလသမဂ္ဂလူ့အခွင့်ရေးကော်မတီက စွက်ဖက်ပိုင်ခွင့်မရှိဘူးလို့ ပြောပါတယ်။

 ဒါပေမယ့်လည်း ဒီသဘောတူညီချက်ကို ဟောင်ကောင်မှာ ၁၉၇၆ ခုနှစ်ကတည်းက စတင်ကျင့်သုံးလာခဲ့တာပါ။ ဟောင်ကောင်ကို ဗြိတိသျှလက်ကနေ ၁၉၉၇ခုနှစ်မှာ လွှဲပြောင်းယူခဲ့ချိန်မှာလည်း ဟောင်ကောင်ရဲ့ ဒေသတွင်း ဥပဒေတွေနဲ့ အညီဆက်ပြီးအုပ်ချုပ်ဖို့ တရုတ်အစိုးရက သဘောတူခဲ့တာဖြစ်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ