Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 28, 2014

ယူကရိန်း Donetsk အနီးတ၀ိုက် လက်နက်ကြီးများပစ်ခတ်

ယူကရိန်းနိုင်ငံ လွှတ်တော် ရွေးကောက်ပွဲ ကျင်းပပြီး နောက်တနေ့ဖြစ်တဲ့ တနလာင်္နေ့မှာတော့ ရုရှားလိုလားသူ ယူကရိန်း သူပုန်တွေ အားကောင်းရာ ယူကရိန်းအရှေ့ပိုင်း Donetsk မြို့ ဆင်ခြေဖုံးအရပ်မှာ လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။ စက်သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရပြီး တိုက်ခိုက်မှု ပြင်းထန်တယ်လို့ Donetsk မြို့တော်ဝန်ရုံးက ပြောပါတယ်။

ယူကရိန်းအစိုးရနဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေကြား စက်တင်ဘာလမှာ အပစ်အခတ် ရပ်ဆဲရေး ရရှိထားတဲ့ကြားကဘဲ ဒေသတွင်းမှာတော့ အတော်လေး တင်းတင်းမာမာ ရှိနေသေးတာ ဖြစ်ပါတယ်။ မနေ့ တနင်္ဂနွေနေ့ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲမှာလည်း ယူကရိန်း အရှေ့ပိုင်းက မဲဆန္ဒရှင် ၃ သန်းနီးပါး မဲပေးခွင့် မရခဲ့ပါဘူး။

ယူကရိန်းသမ္မတ Petro Poroshenko ကတော့ သူတွန်းအားပေးနေတဲ့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေး၊ ဥရောပသမဂ္ဂနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံရေးကို အင်တိုက်အားတိုက် ထောက်ခံကြောင်း အခု ဆန္ဒမဲတွေက ပြသနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ မဲဆန္ဒ ကောက်ယူမှု ၂ ခုအရ လက်ရှိ သမ္မတ Petro Poroshenko အဖွဲ့နဲ့ တခြား ဥရောပလိုလားသူ ပါတီတွေက ရွေးကောက်ပွဲကို ဦးဆောင်နေပါတယ်။

လက်ရှိ ဆန္ဒမဲ ကောက်ယူမှု ရလဒ်တွေအရ မစ္စတာ Poroshenko ရဲ့ အဖွဲ့က မဲရလဒ် ၂၃ ရာခိုင်နှုန်း ရရှိထားပြီး၊ ဒီအရေအတွက်က လွှတ်တော်တွင်းမှာ အများစု ကြီးစိုးနိုင်မယ့် အရေအတွက်တော့ မဟုတ်ပါဘူး။ ၀န်ကြီးချုပ် Arseniy Yatsenyuk ရဲ့ Popular Front ကတော့ မဲရလဒ် ၂၁ ရာခိုင်နှုန်းနဲ့ နောက်က လိုက်နေပါတယ်။

အပြိုင်ပါတီကြီးတွေက ဦးဆောင်နေတာ ဖြစ်ပေမဲ့လို့လည်း မစ္စတာ Poroshenko ရော၊ မစ္စတာ Yatsenyuk နှစ်ဦးစလုံးတို့က ဥရောပသမဂ္ဂနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်ဖို့၊ နောက် နိုင်ငံရဲ့ ဒေ၀ါလီခံရလုဆဲဆဲ အခြေအနေကနေ ပြန်လည်ဆွဲတင်ဖို့ လိုအပ်တယ်လို့ အများက ရှုမြင်ထားတဲ့ ကိစ္စအပေါ် ပြုပြင်ပြောင်းလဲရေးအတွက် နှစ်ဘက်စလုံးတို့က စည်းရုံးခဲ့ကြတာပါ။ ညွန့်ပေါင်းဆွေးနွေးပွဲတွေကိုတော့ တနင်္လာနေ့မှာ စတင်ကြဖို့ စီစဉ်ထားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ