Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 28, 2014

အဖမ်းခံရသူနှစ်ဦး အယူခံရရေး ထိုင်းလုပ်ငန်းရှင် ကူညီမည်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး အာမခံရရေးအတွက် ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ကူညီပေးမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က အခုလို ပြောပါတယ်။

"တရားရုံးတင်ရန် အာမခံလျှောက်ခွင့်ရှိတယ်၊ ကျနော်တို့က အာမခံလျှောက်ဖို့ စဉ်းစားထားပါတယ်၊ အာမခံရရင်လည်း တစ်ယောက်ကို ၁ဝ သိန်းဆိုရင် နှစ်ယောက်ကို သိန်း ၂ဝ လိုမှာပါ၊ ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ ပါဝင်ပြီးတော့ ကူညီမယ်လို့ကြားပါတယ်"

လူသတ်မှုနဲ့ ပတ်သက်ပြီး ရိုက်နှက်နှိပ်စက်လို့ ဝန်ခံခဲ့ရကြောင်း ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ ပြောကြားချက်တွေ ဘန်ကောက်မြို့က ဗဟိုအစိုးရရှေ့နေရုံးကို မနက်ဖြန် တင်ပြမယ်လို့လည်း ပြောပါတယ်။

ထိုင်းရဲတွေက ခရိုင်တရားရုံးကို အမှုတွဲတင်ရက်မှာ မြန်မာအထူးအဖွဲ့ကလဲ အမှုအတွက် စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေကို တင်ပြဖို့ စီစဉ်နေပါတယ်။

ဒီကနေ့မှာပဲ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မတီအဖွဲ့က ဒေါက်တာ Nirund Pitakwatchara က ဓါတ်မှန်စစ်ဆေးချက်တွေအရ လူသတ်မှုနဲ့ ဖမ်းဆီးခံနေရသူနှစ်ဦးဟာ ရိုက်နှက်နှိပ်စက်ခံထားရတဲ့ လက္ခဏာမတွေ့ရဘူးလို့ ပြောကြောင်း နေးရှင်းသတင်းစာက ရေးသားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ