Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, August 13, 2014

မိုးယုစံနှင့် အင်တာဗျူး

တီဗွီကြော်ငြာတွေ ဇာတ်ကားတွေမှာ သရုပ်ဆောင်မှုများလာတဲ့ မိုးယုစံရဲ့ အသစ်တစ်ယောက်ရင်ထဲက အနုပညာ ခံစားချက်လေးတွေကို ပရိသတ် သိအောင် မေးမြန်းကြည့်တော့.......


မေး- မိုးယုအခုလို မနက်ဖြန် အစီအစဉ် ဆိုတဲ့ မြန်မာဒီဗီဒီဇာတ်ကားမှာ ခေါင်းဆောင် မင်းသမီးတစ်ယောက် အနေနဲ့ရော ပြည်ပ(စင်ကာပူ)မှာသွား ရောက်ရိုက်ကူးဖို့ အခွင့်အလမ်းတွေ ရရှိလာတဲ့အတွက် ခံစားချက်လေးပြော ပြပေးပါဦး။
ဖြေ- မိုးယုကို ဒီကားမှာပါဝင်ဖို့ပြောတဲ့ အချိန်မှာ အရမ်းဝမ်းသာမိပါတယ်။ ဒီဗီဒီကားလဲ ဖြစ်တယ်။ နောက်ပြီး အဓိက ဇာတ်ကောင်နေရာမှာထားတဲ့အတွက် ဦးမောင် (စင်ရော်မောင်မောင်)ကို ကျေးဇူးတင်ပါတယ်။
ဒီဇာတ်ကားအတွက် အဝတ်အစားတို့ နောက်ပြီး ကိုယ်သရုပ်ဆောင်ရမှာက မျက်မမြင် ကောင်မလေးတစ်ယောက် ဖြစ်တဲ့အတွက် အိုက်တင်ပိုင်းကိုလဲ လေ့လာပါတယ်။ မျက်မမြင်ကျောင်း သွားပြီးတော့ ထွေထွေထူးထူး လေ့လာတာမျိုးတော့ မလုပ်ဖြစ်ပါဘူး။ ကိုယ်နဲ့အနီးစပ်ဆုံးအခွေကြည့်ပြီး လေ့လာတာမျိုးတော့လုပ်ဖြစ်ပါတယ်။ ပြည်ပ သွားပြီး ရိုက်တာ ပထမဆုံးအကြိမ်ပါ။
မေး- နောက်ထပ်အနုပညာလှုပ်ရှားမှုလေးတွေ ပြောပြပါဦး။
ဖြေ- နောက်ထပ်ဇာတ်ကားတွေ ရိုက်ဖို့ရှိတယ်။ ကြော်ငြာနှစ်ခုလဲရိုက်ဖို့ ရှိပါတယ်။
မေး- ကြော်ငြာတွေမှာ မိုးယု သရုပ်ဆောင်မှုတွေ များလာတာတွေ့ရတယ်နော်။ ဒီလိုအောင်မြင်လာတဲ့အတွက် ခံစားချက်လေးတွေသိပါရစေ။
ဖြေ- အောင်မြင်လာတယ်လို့ ကိုယ်ကိုယ်ကိုယ် မထင်ပါဘူး။ လှေကားထစ် တစ်ထစ် တက်နေတယ်လို့ပဲ ထင်ပါတယ်။ အောင်မြင်ဖို့က အများကြီး လိုပါသေးတယ်။ ကြိုးစားရဦးမယ်လို့ ခံယူထားပါတယ်။
မေး- မိုးယုသရုပ်ဆောင်မှုတွေကို ပြန်ကြည့်ဖြစ်လား။ အဲဒီအခါမှာရော ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ- သရုပ်ဆောင်မှုအပိုင်းမှာတော့ လိုပါသေးတယ်။ အသစ်တစ်ယောက် အနေနဲ့ အများကြီး လိုပါတယ်။ ကိုယ်ကိုယ်တိုင် ကြည့်နေတဲ့အခါကျရင် ပိုပြီးတော့ လိုတယ် ထင်တယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ