1. Dear Sayar, I would like to ask about Alum. Can I use attached instruction? How long do I need to use if I can use it?
2.
ဆရာရှင့် ရိုင်းသွားခဲ့ရင် နားနဲ့မနာဖ၀ါးနဲ့နာပေးပါရှင့်။
အမျိုးသမီးတွေမှာ မှိုတက်တဲ့ရောဂါ ဗဂျိုင်းနားမှာ ဖြစ်တဲ့အကြောင်းပါရှင့်။
အဖြူဖတ်တွေဆင်းတယ် အနံ့တော့မရှိဘူး။ အနည်းငယ် ယားယံတယ်။ ဒိန်ချဉ်
သောက်ရင်ပျောက်တယ်လို့တော့ကြားဖုးပါတယ်။
နောက် ဘာဆေးသောက်ရင်
ပျောက်နိုင်ပါသလဲရှင့်။ မိုးတွင်းမှာ အတွင်းခံတွေ
မခြောက်တခြောက်တွေဝတ်မိပါတယ်။ ပြီးတော့ လက်ထရိန်က ထွက်လာရင်လဲ အတွင်းခံမှာ
ရေတွေ စိုသွားပါတယ်။ တနေကုန် အတွင်းခံကစိုနေလို့ အဲလိုဖြစ်တာများလားရှင့်။
ဘယ်လို ကုသမှုခံယူရပါမလဲရှင်။ ကလိုထရီဒန် ဆိုသော ထည့်ဆေး သုံးပြီး ၎
ရက်လောက်သုံးပြီးနောက် မယားတော့ပေမဲ့ အဖြူဖတ်တွေ အရမ်းဆင်းပါတယ်ရှင့်။ ပထမ
၆ရက်သုံးပြီးနောက် အဖြူဖတ်တွေဆင်းတာ မသက်သာသေးလို့ နောက် တစ်ကဒ်သုံးတာ ၅
ရက်မြောက်ရှိပါပြီ။ စုစုပေါင်း ၁၁ ရက်မှာ လုံးဝမသက်သာပါဘူး။ မယားပေမဲ့
အဖြူဖတ်တွေ အထွေးလိုက်ဆင်းတာပါ။ အနံမရှိပါ။ ဘယ်လိုလုပ်ရပါ့မလဲရှင့်။
ဆေးကိုတော့ လက်သေချာဆေးပြီး လက်ဆုံးတဲ့အထိထည့်တာပါပဲရှင့်။ ဒါကြောင့်
သောက်ဆေးရှိပါသလားရှင်။ သောက်ဆေး ညွှန်းပေးစေလိုပါသည်။ ဆရာနဲ့လူနာကြားက
ပွင့်လင်းမှုလို့မြင်ပေးပါရှင်။ ကျမ အပျိုပါဆရာ။
တကိုယ်ရေ သန့်ရှင်းရေး
လိုတာထက်မပိုသင့်ပါ။ အဆန်းတွေ မသုံးသင့်ပါ။ ဗဂျိုင်းနားမှာ အကျိုးရှိစေတဲ့
ပိုးတွေ ရှိနေတာ ကောင်းတယ်။ သန့်ရှင်းအောင် ဆေးတွေနဲ့လုပ်ရင် အကောင်းတွေရော
သေစေပြီး မှိုပိုးဝင်လာစေတတ်တယ်။ ရိုးရိုးဆပ်ပြာနဲ့ ရေသန့်ဆိုရင်
လုံလောက်ပါတယ်။ မွှေးတိုင်း မကောင်းပါ။ ဈေးကြီးတိုင်း မကောင်းပါ။ အတွင်းခံ
(ကော်တွန်) သာသုံပါ။ ဖုံးကွယ်ထားအပ်တဲ့ အတွင်းနေရာတွေ ပူနွေး စိုထိုင်းနေတာ
ကြာရင် မကောင်းပါ။ ရေဆေးပြီး ရေကိုခြောက်သွေ့စေပါ။ လေသလပ်တာ
ဖြစ်နိုင်သလောက် လုပ်ပေးပါ။”
အမျိုးသမီးတွေ အဖြူဆင်းရင်
ရာသီလာနေချိန်ဆိုတာ
ပိုးဝင်ဘို့ အခြေအနေကောင်းတခုဖြစ်တယ်။ အဖြူဆင်းလို့ ဆေးသောက်၊
ဆေးထည့်နေရရင် ရာသီလာနေချိန်မှာလဲ ဆက်လုပ်ရမယ်။ အိမ်ထောင်သည်တွေဆိုရင်
နှစ်ယောက်လုံးကို ဆေးတပြိုင်တည်းကုသရမယ်။ အမျိုးသမီး-မိန်းကလေးတွေမှာ
အဖြူဆင်းပြီး၊ ယားတာက ခဏခဏဖြစ်လေ့ရှိတယ်။ မှို (ဖန်းဂတ်စ်)
ပိုးဝင်လို့ဖြစ်တယ်။ လိင်ဆက်ဆံမှုနဲ့မဆိုင်ဘဲဖြစ်တတ်တယ်။
(ထရွိုင်ကိုမိုးနပ်စ်) အမျိုးအစားကတော့ လိင်ကတဆင့်ကူးစက်တယ်။
အမျိုးသမီးအင်္ဂါနေရာကို သန့်ရှင်းရေး လုပ်ရင် ဆပ်ပြာက (အယ်လ်ကာလီ)
ဓါတ်ပါတာမျိုး မသင့်ပါ။ ရေမွှေးမသုံးပါနဲ့။ ပိုးသေဆေးပါတဲ့ ဆေးကြောအရည်
မသုံးပါနဲ့။ ဝါဂွမ်းနဲ့လုပ်တဲ့ အတွင်းခံသာဝတ်ဆင်ပါ။ ရာသီလာစဉ်သုံးပစ္စည်း
သန့်ပါစေ။ နေရာကို ခြောက်သွေ့နေပါစေ။ မိုးရာသီမှာ အထူးဆင်ခြင်ပါ။
ခပ်စိုထိုင်းထိုင်းနဲ့ ပူနွေးနွေးအခြေအနေကို ဖန်းဂတ်တွေက ကြိုက်တယ်။
ကူးစက်ရောဂါ မဟုတ်တာတွေ
အသုံးအဆောင်ပစ္စည်း၊
ဆေးဝါးတွေနဲ့ ကိုယ်နဲ့ မတည့်-မသင့်လို့ဖြစ်နိုင်တယ်။ မွေးလမ်း
သန့်ရှင်းအောင် သုံးတဲ့ ဗဂျိုင်းနားကို ဖြန်းဆေး-ပန်းဆေးနဲ့ သုတ်ပိုးသေဆး
တွေကြောင့် ဖြစ်တတ်တယ်။ တချို့ အမွှေးအကြိုင် ဆပ်ပြာတွေ မတည့်ဘူး။ တချို့
အဝတ်လျှော်သုံး Fabric softeners တွေနဲ့ မတည့်ဘူး။ ကိုယ်ဝန် မရအောင်ထည့်တဲ့
IUCD ထည့်သူ ၅% မှာ ပိုးဝင်တတ်တယ်။
ဆရာဝန်မလိုတဲ့ အထောက်အကူနည်းတွေ
(ရောဂတ်)
ဒိန်ချဉ် စားပေးသင့်တယ်။ (အင်တီ-ဟစ်တမင်း) လိမ်းဆေး၊ ထုံဆေးလိမ်းရင် နာတာ၊
ယားတာ သက်သာစေမယ်။ Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင်
ဗနီဂါနဲ့ ဆေးကြောနည်း မသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက်
မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။
မှိုတွေက စိုထိုင်းပြီး ပူနွေးတာကိုကြိုက်တယ်။ အတွင်းခံ (ကော်တွန်)
သာသုံးပါ။ အတွင်းနေရာတွေကို လေသလပ်ချိန် လုပ်ယူပါ။ လိင်ဆက်ဆံတာမှာ
အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာသုံးပါ။
မွေးလမ်းကြောင်းရောင်တာ
သန့်ရှင်းရေး
နည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက်
ရှင်နေနိုင်လို့ အဝတ်စိုကို အတူသုံးမိရင် ကူးနိုင်တယ်။ ဖိုဆိုရင်
ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက်
အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ (ဗဂျိုင်းနား) သန့်ချင်လို့
ပိုးသန့်ဆေးပါတဲ့ ဆေးရည်သုံးရင် ဖြစ်တာမျိုး ပြောတာပါ။ အဲလိုဆေးရည်ကို
ဆရာဝန်မညွှန်ဘဲ မသုံးပါနဲ့။
မွေးလမ်းကြောင်းယားတာ
အပျိုစင်တွေအတွက်
အားနာရတယ်။ သူတို့လဲဖြစ်ကြတယ်။ အဖြစ်မနည်းပါ။ တချို့မှာ တခါတလေသာ ဖြစ်ပြီး
တချို့ တာရှည်ဖြစ်တယ်။ တာရှည်နဲ့ ခဏခဏ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ
ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ မစိုးရိမ်ပါနဲ့၊ ရှားလွန်းပါတယ်။
အောက်ခံရောဂါ
တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ
ဖြစ်စေနိုင်တယ်။ အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲနဲပေကျန်တာ၊
ချွေးထွက်များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ ကေဖင်း၊
ခရမ်းချဉ်သီးနဲ့ မြေပဲ ပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။
ဗဂျိုင်းနား အနံ့ဆိုးနေတာဖြစ်နေရင် ဘာလုပ်ရမလဲ -
• အနံ့ဆိုးက တော်တော်နဲ့ မပျောက်သေးရင် စိတ်ဖိစီးမှု ရှိလာတတ်တယ်။ လူတောသူတော တိုးဘို့ရာမှာ အခက်အခဲ ရှိလာနိုင်တယ်။
•
တကိုယ်ရေသန့်ရှင်းမှု နည်းလို့လားဆိုပြီး သန့်ရှင်းရေကို
ပိုလုပ်ပါလိမ့်မယ်။ သန့်ရှင်းရေးလုပ်ရာမှာ သတိထားစရာတွေ ရှိတယ်။
ဆေးဆိုင်တွေက ဆေးကြောရည်တိုင်းက နေရာတိုင်းအတွက် မသုံးသင့်ပါ။
ပိုးရှိသမျှကို သေစေတာ မကောင်းပါ။ ကိုယ်ထဲ၊ ကိုယ်ပေါ်မှာ ပိုးဆိုတာတွေ
အမြဲရှိနေတယ်။ သူ့ရောမှာ သူ့အမျိုးအစားရှိနေတာက ကောင်းတယ်။ ရှိသင့်တာတွေကု
ရှင်းလိုက်ရင် မျှခြေပျက်မယ်။ ဗဂျိုင်းနားကို ပိုးသေဆေးနဲ့
ဆေးတာမျိုးကြောင့် မှို (ဖန်းဂတ်စ်) ပိုး ဝင်လာနိုင်တယ်။
•
(ဗဂျိုင်းနား-ဖလိုရာ) ဆိုတာ သူ့ဖါသူရှိနေသင့်တဲ့ ပိုးတွေကိုခေါ်တယ်။
မိုက်ခရိုဖီးလစ် ဗက်တီးရီးယားတွေ အများကြီး ရှိတယ်။ (လက်တိုဗက်ဆီးလိုင်)
ဆိုတာတွေက အဓိကကျတယ်။ အကာကွယ်ပေးနေတဲ့ ပိုးမျိုးသာဖြစ်တယ်။ အက်စစ်ဓါတ်ကို
ထိန်းပေးတယ်။ ဒါကြောင့် ဗဂျိုင်းနားကို လိုတာထက်ပိုပြီး ဆေးကြောရင်
ဒီအက်စစ်ဓါတ်အခြေအနေ ပြောင်းသွားပြီး ပိုးသစ်တွေ ဝင်လာစေနိုင်တယ်။
အသစ်ဝင်တဲ့ပိုးတွေကို ရောဂါရစေတဲ့ပိုးတွေလို့ခေါ်တယ်။
•
အလွန်အကျွံဆေးကြောခြင်း၊ ဆေးဖြန်းပြီးဆေးကြောခြင်း၊ အဝတ်အစား
တင်းကြပ်နေအောင် ဝတ်ဆင်ခြင်း၊ ဓါတုဆေးတွေ ဥပမာ
အမွှေးအကြိုင်ပါတဲ့ဆေးကြောရည်၊ ပိုးသေဆေးဆပ်ပြာတွေသုံးရာကနေ
ဗဂျိုင်းနားရောင်တာနဲ့ မှိုပိုးဝင်တာတွေဖြစ်စေနိုင်တယ်။
•
ကိုယ်ဝန်တားနည်း၊ ဗဂျိုင်းနားထဲ ပစ္စည်းထည့်ထားတာ၊ အသွင်းအထုတ် လုပ်တာ၊
အတူနေတာမှာ စအိုလမ်းနည်းကို ဗဂျိုင်းနားလမ်းနည်းနဲ့တွဲပြီး ဆက်ဆံတာ၊
•
အိမ်ထောင်သည်တွေဟာ အတူနေပြီးတဲ့နောက် ဆီးသွားတဲ့ အလေ့အကျင့် လုပ်သင့်တယ်။
ဗဂျိုင်းနာထဲကို အသစ်ဝင်လာတဲ့ ပိုးတွေက ဆီးလမ်းကို ရောက်လာမှာကို တားရာ
ရောက်တယ်။ ဒါကြောင့် မင်္ဂလာဆောင်ကာစ သတို့သမီး အတော်များများမှာ
ဟန်းနီးမွန်း ဆီးအောင်တာ ဖြစ်ကြရတယ်။
• မိန်းကလေးတိုင်း ကိုယ်နံ့
မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ
ဖြစ်လာနိုင်တယ်။ ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တမျိုးဖြစ်နိုင်တယ်။
မေ့လျှော့ပြီး ရာသီလာတုံးသုံးတဲ့ Tampon ကို မထုတ်ဘဲထားမိရင်လဲ ဖြစ်တတ်တယ်။
မိန်းမကိုယ် ယားခြင်း ဖြစ်ရင် -
•
Moisturisers (Emollients) ဆေးကို ခရင်၊ လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့
ယားတာ ဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။
•
ယားလို့ ကုပ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင် ထိန်းပါ။
(ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။
• (ကော်တွန်) ၁ဝဝ% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။
• အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမက လဲပါ။
• နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲနေပါ။ လေသလပ်ခံပါ။
• ရေနဲ့ နေ့တိုင်း မိန်းမကိုယ်ကို အသာအယာ ဆေးကြောပါ။ Feminine hygiene sprays and douches ကရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာ ဆေးပါ။
• ရေကို အပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။
• ရေမခြောက်သေးခင် အတွင်းခံ မဝတ်ပါနဲ့။
• ဆံပင် ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။
• ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။
• (ကွန်ဒွမ်) မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။
• ဆီးစပ်မွှေး မရိတ်ပါနဲ့။
• စိတ်ဖိအား များနေရင် လျှော့ချပါ။
• သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုပ်ရှားပါ။
• ကိုယ်အလေးချိန် များနေရင် လျှော့ချပါ။
ဆက်တွဲဖတ်နိုင်တာတွေလဲရေးထားပါတယ်။ အများအတွက်မသင့်လို့ မေးတဲ့သူတွေဆီကိုသာ တိုက်ရိုက်ပို့ပေးပါမယ်။
1. Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
2. Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း
3. Vaginal itching မိန်းမကိုယ် ယားခြင်း
4. Vaginal odor (ဗဂျိုင်းနား) အနံ့ဆိုးနေခြင်း
Home
Popular Posts
-
ဆုပန်ထွာရဲ့ သတို့သား ကိုဥက္ကာကျော်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ အများ ကြီး ပေါ်ထွက်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင် သဇင်နဲ့ လည်း ဘာဘာညာညာ ဆိုတော့ေ...
-
အဆိပ်ဖြေဆေး အဆိပ်ဖြေဆေး ဆိုတာ မစားသင့်တဲ့ အစာကို စားမိတဲ့ အခါ အန်အောင် လုပ်ခြင်း၊ ဓာတ်ပြယ်အောင် လုပ်ခြင်း၊ ထိုး ဆေးအဆိပ် လွန်ပါက ချက်ချင်း ...
-
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက် စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈) ၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး ၂။ အသက် - ၁၉၇၁ (၃...
-
ဆရာရှင့် ဗိုက်ခွဲမွေးဖွားပြီး ခင်ပွန်းနဲ့ ဘယ်အချိန် အတူပြန်နေလို့ရနိုင်လဲ သိချင်ပါတယ်။ နို့တိုက်ကျွေးနေစဉ် ဘယ်လို တားဆေးမျိုး သုံးသင့်လဲဆိ...
-
မိန်းမကိုယ် ရောဂါကင်းရှင်းပါက ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ။ မိန်းမကိုယ်မှိုစွဲပြီး အနံ့အသက်ဆိုးဖြစ်...
-
ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို ၀င်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပ...
-
အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာ ကမ်းခြေ ဒေသ မှာ နေထိုင်ပါတယ...
-
တရုတ်ပြည်သို့ တရားမဝင် သွားရောက်အလုပ် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား တရုတ်အာဏာပိုင်များက ဖမ်းဆီးကာ မြန်မာအာဏာပိုင်ထံ အပ်နှံခဲ့ကြောင...
-
သံပရာရည်သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ သံပရာရည် အများအပြား သောက်သုံး...
-
Ikamasutra လို ခေါ်တဲ့ ဖိုမ ဆက်ဆံ ရေး ကာမ ကျမ်း app လေး ကို တင်ပေးလိုက်ပါတယ်။ Andriod ဖုန်းပေါ်မှာ ဖိုမ ဆက်ဆံရေး ကာမကျမ်းလေ့ လာ လို သူများအတွ...
Thursday, August 21, 2014
Subscribe to:
Post Comments (Atom)
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်






















ဤနေရာတွင်ကြော်ငြာလက်ခံပြီ
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ
-
▼
2014
(4256)
-
▼
August
(424)
- ဘဏ်များရှိ သံသယဖြစ်ဖွယ် ငွေအပ် ငွေလွှဲပြောင်းမှုများ...
- မူးယစ်မှောင်ခို သင်္ဘောတစင်း မြန်မာ့ရေတပ် ဖမ်းမိ
- ယောက္ခမ အိမ်များတွင် အိမ်သာမရှိ၍ လပ်ထက်စ အိန္ဒိယ အမျ...
- YOUTUBE အသုံးပြု့၍ ဓါတ်ပုံတွေကို နောက်ခံ သီချင်းလေ...
- တစ်လက်မအချင်းရှိ သံချောင်း ဦးခေါင်းအတွင်းသို့ စို...
- ★★ADOBE ILLUSTRATOR SOFTWARE ရဲ့အဓိကသော့ချက်များ (...
- အမေရိကန် ကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေးကို စက်တင်ဘာတွင်...
- ပိုတိုရှော့အတွက်သင့်ပြုလုပ်ပြီးသား မြန်မာမိန်းကလေး...
- 1939 Battle of Westerplatte (2013) မြန်မာစာတန်းထိုး
- Journey to the West (2013) မြန်မာစာတန်းထိုး
- ရခိုင်အစိုးရအဖွဲ့ဝန်ကြီး(၅)ဦး ရာထူးအပြောင်အလဲ နော...
- The Call (2013) မြန်မာစာတန်းထိုး
- 1939 Battle of Westerplatte (2013) မြန်မာစာတန်းထိုး
- လူငယ်မျိုးသစ်တွေကို တာဝန်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည...
- Mandela: Long Walk to Freedom (2013) မြန်မာစာတန်းထိုး
- ★★ Kochadaiiyaan (2014) Movie ရုပ်သံအကြည် ★★
- ★★ Noah (2014) ရုပ်သံ/အကြည် Full DVD Movie ★★
- သမ္မတနှင့်တွေ့ဆုံပြီးနောက် အနုပညာ လောကသားတို့ အသံ
- ★★ Maleficent ( 2014 ) Movie ရုပ်သံအကြည် ★★
- ဆက်သွယ်ရေးက တိုင်းပြည်စီးပွားရေးကို တွန်းတင်သွားလိ...
- ★★ POISON 1500 (2014) Myanmar Movie ★★
- ဥသြဆွဲရင် ဗုံးခိုကျင်းထဲ ၀င်ပုန်းဖို့ ညွှန်ကြားထားတ...
- စဥ့်ကူး ပဋိပက္ခ ညှိနှိုင်းဖြေလျှော့တဲ့နည်းနဲ့ ဖြေရှင...
- Non-Stop (2014) မြန်မာစာတန်းထိုး
- တက္ကသိုလ်၊ ကောလိပ်များအနီး တည်းခိုခန်းများမရှိဟု ရန...
- Thor (2011) မြန်မာစာတန်းထိုး
- သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေက အမျိုးသားထက် များ
- အော်ရီဒူးမှ အင်တာနက်အသုံးပြုခ 1 MB လျှင် ၁ဝ ကျပ်နှု...
- စစ်တပ်ရှိနေလို့ ရွာသားတွေအိမ်မပြန်ရဲ
- ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်း မြင်သာမှု မရှိဟ...
- အရက်ပြဿနာ ထိန်းဖို့ အခွန် တိုးကောက်မလား
- အသိမ်းခံလယ်မြေများပြန်ရရန် ဆန္ဒထုတ်ဖော်သူ ၁၀ဦး ခေါ်ယ...
- တိုင်းကြီးနှစ်တိုင်းက လယ်သိမ်းခံ တောင်သူတွေ ဆန္ဒပြ
- ဂိုဏ်ဃဏဆန်ဆန် မင်းမဲ့စရိုက် သာကေတရန်ပွဲ သေနတ် ၂ ချ...
- ရုပ်ရှင် ထဲက တံတားကို ပြန်ဆောက်မယ်
- သချိုင်းမြေပါ သိမ်းတဲ့ကိစ္စ လွှတ်တော်တင်မည်
- ပိုတိုရှော့အတွက် ဦးထုပ်၊ပန်း၊ဆံပင်များ (1.96MB)
- အခန်းပိတ်လှောင် နှိပ်စက်ခံနေရသည့် အိမ်ဖေါ် အလုပ်သမင...
- ဒုက္ခသည်စခန်းမှ ရေမျော ပျောက်ဆုံးနေတဲ့ အလောင်းအားြ...
- Star Trek Into Darkness ဇာတ်လမ်းကိုကြည့်နိုင်ပြီး
- ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ရရှိ
- မေမြတ်နိုးကို ဘာလို့ သရဖူ သိမ်းတာလဲ
- ပဲခူးတွင် မသင်္ကာသူအား စစ်ဆေးရာမှ ဆိုင်ကယ် သူခိုးဝိဇ...
- Waste Not အမှိုက်ပြတိုက်
- ကျပ် ၂ဝ မှ ၅ဝ အတွင်း ဖုန်းခေါ်ဆိုခ လျှော့ချရန် ဝန်ြ...
- ပတ်တောက်သွားသော ရေအောက် ကေဘယ်ဆက် ကြောင်း စက်တင်ဘာ ...
- MPT ကလည်း လုပ်ပြန်ပြီး နောက်တမျိုး
- သမ္မာကျမ်းစာ ( ၃၀၀ ) ကျော်မလေးရှားတွင် သိမ်းဆည်း
- ဖုန်းကင်မရာ တစ်ချက်အပေါ် ဝကွက်အပ်ထားရတဲ့ အရှက်တရားများ
- အသက်ကို လောင်းကြေးထပ်ထားရတဲ့ လူနဲ့ဆင် တောလုပွဲ
- အစိုးရဝန်ထမ်း အယောင်ဆောင်ကာ တန်ဖိုးနည်းအိမ်ရာတိုက်...
- ကလေးလုပ်သား အသုံးပြုမှု စစ်တမ်းကောက်မည်
- အောင်မြင်ချင်တာနဲ့ နာမည်ကြီးချင်တာ လုံးဝမတူပါ
- အကယ်ဒမီ အကဲဖြတ်ဒိုင် အဖြစ်မှ ဇာဂနာ ဘာကြောင့် နုတ်ထ...
- အကယ်ဒမီကို အပိုဆု အဖြစ် သဘောထားပါတယ် ဆိုတဲ့ သက်မွန...
- Computer ရဲ့  desktop ပေါ်မှာ အကမျိုးစုံနဲ့ ကပြနေတာ...
- Android phone အသုံးပြုကြတဲ့သူငယ်ချင်းများအားလုံး f...
- ရေပြင်မှာ အရိပ်ကျနေတဲ့ ပုံလေး ဖန်တီးပေးနိုင်တဲ့ ဆေ...
- ဖုန်းဘက်ထရီကို အမြန်ဆုံးအားသွင်းဖို့ အကြံပေးချက်များ
- Android ဖုန်းများကိုအလွယ်ကူဆုံး Root လုပ်ခြင်းနှင်...
- မိမိတို့ ရဲ့ စက်ထဲမှာမောက်နောက်တစ်ကောက်ကောက်လိုက်တ...
- ပိုတိုရှော့အတွက်ပြက္ခဒိန်လုပ်ချင်သူများအတွက်(9MB)
- ♪ Wifi Password Hack ချင်သူများအတွက် Wifi Password...
- IS တပ်ဖွဲ့များကို ပြန်တိုက်ရန် အီရန်က စစ်လက်နက် ထေ...
- DVB ရေဒီယိုအသံလွှင့် အစီအစဉ်ရပ်နားတော့မည်
- တက္ကသိုလ်ကျောင်းသူ သမီးရည်းစား စကားများ ရန်ဖြစ်ရာမှ...
- ဇာတ်သိမ်းခွင့်
- ၅ ထောင်တန် ငွေစက္ကူ အတုတွေမိ
- ကျေးရွာအတွင်းမှ အစိုးရတပ်မတော် ဆုတ်ခွာပေးရန် စစ်ြေ...
- သုညနဲ့ဆောက်ခဲ့တဲ့အိမ်
- မြန်မာဖောင်ဒီဇိုင်းမျိုးစုံ
- ၀မ်းစာ
- မျက်စိနဲ့ချစ်တဲ့ အချစ်
- မိုင်တိုင် ၂၁။
- နောက်ဆုံး ဘူတာ (ဝတ္ထု)
- “သစ္စာရဲ့ အခြားတစ်ဖက်……” ဝတ္ထု
- စင်ဒရဲလားမင်းသမီးလေး မဟုတ်တဲ့ ကျွန်မ~~~~
- စတေးခံနှလုံးသား
- အချစ်ဆုံးသို့…နောက်ဆုံး
- ချစ်သူသို့အလွမ်း
- တစ်ရံတစ်ခါက…. တစ်ချို့
- ပျော်စရာလေးတစ်ခုလုပ်ကြမယ်
- ထီဆုကြီးပေါက်ရန် အဓိဋ္ဌာန်ရမည်ဆိုကာ ကျပ် ၃၈ သိန်းကျေ...
- မီဒီယာနဲ့ ရန်သူလုပ်သူတွေ မြောင်းထဲရောက်ရသူတွေချည်း...
- ဒီတိုင်းပြည်က ဘာသာပေါင်းစုံနဲ့ အေးအေးချမ်းချမ်းနေခ...
- facebook မှာမိမိအကောင့် ကို ပြန် hack ကျမယ် (လော့ ...
- မိမိရဲ့ဖိုင်တွေကို သူများ မမြင်နိုင်အောင် သိမ်းပေး...
- ကမ္ဘာမှာ ဘယ်သူတွေက လက်နက် ရောင်းချပြီး စီးပွါးဖြစ်ေ...
- ကလေး(၃)ဦး မွေးဖွားခဲ့တဲ့ ယောက်ျား
- ဆိုရိုးနဲ့ရေးတဲ့ ၀တ္ထု
- မျိုးစေ့
- အထင်နဲ့အမြင်
- သစ်သားဇလုံလေး
- တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ (အခန်းဆက် ၀တ္ထုရှည်၊...
- တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ (အခန်းဆက် ၀တ္ထုရှည်၊...
- တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ (အခန်းဆက်ဝတ္တုရှည်၊ ...
- တိမ်ဆွေးပြို မိုးညိုမှိုင်းတော့ …အပိုင်း-၁ (အခန်းဆက...
- အဖော်မွန်
- အမေလိုချင်တာ သားရဲ့ သတိရခြင်းတွေပါ
- မုန်းစရာ သူနာပြု
-
▼
August
(424)
No comments:
Post a Comment