Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, August 21, 2014

မိကျောင်းကို မြိုတဲ့ စပါးအုံမြွေ

သစတေးလျ နိုင်ငံရဲ့ ရေချိုမြစ်တွေထဲမှာ မိကျောင်းနဲ့ ငါးမန်းများ နေ ထိုင်ပြီး တောတွေထဲမှာ စပါးအုံမြွေများ နေထိုင် ပါတယ်။ ဒါကြောင့် သြစတေးလျ နိုင်ငံရဲ့ တောဟာ Discovery တီဗီချယ်နယ် များအတွက် ရိုက်ကူးစရာ နေရာ တစ်ခုအဖြစ် ရှိနေပါ သေးတယ်။ ပုံမှာ မြင်တွေ့ နေရတာ ကတော့ ယင်းတောထဲက စပါးအုံမြွေကြီး တစ်ကောင်က မိကျောင်းကို မြိုယူ စားသုံးနေမှု ဖြစ်ပါတယ်။


 
မိကျောင်းဆိုတာ အားပြင်းပြီး ကြောက်စရာကောင်းတဲ့ အသားစား ရေသတ္တ၀ါ တစ်မျိုး ဖြစ်ပါတယ်။ စပါးအုံမြွေဆိုတာကတော့ အသားကို အကောင်လို မြိုယူ စားသုံးတဲ့ သတ္တ၀ါ ဖြစ်ပြီး မိကျောင်းတွေ ကို ယခုလို မြိုနိုင်လိမ့်မယ် လို့တော့ မထင်ခဲ့ကြ ပါဘူး။ ရေအစပ်မှာ နေနေတဲ့ မိကျောင်းကို စပါးအုံဟာ သိပ်အများကြီး မတိုက်ခိုက် ရပဲ လွယ်တကူ ဖမ်းယူနိုင်ခဲ့ ပါတယ်။ ခန္ဓ္ဓာကို လိုသလို ကြိတ်ချေပြီး တစ်ဆင့်ပြီး တစ်ဆင့် မြိုပါတော့တယ်။ မြိုယူလို့ ရအောင် မြွေဟာ သူ့ရဲ့ အရည်ခွံနဲ့ ကိုယ်ကို ကြိုက်သလို အကျဉ်းအကျယ် လုပ်သွားတာကိုလည်း တွေ့ရ ပါတယ်။ အင်မတန် မာကျောပြီး ကြီးပါတယ်ဆိုတဲ့ မိကျောင်း တစ်ကောင်ဟာ သူ့ရဲ့ ၀မ်းထဲကို တစ်နာရီမကြာပဲ ၀င်သွား ပါတယ်။
တစ်လောက သြစတေးလျ နိုင်ငံမှာပဲ မိကျောင်းဟာ အသားစား ငါးမန်းကြီး တစ်ကောင်ကို ကိုက်ယူ စားသောက်တဲ့ သတင်း ဓာတ်ပုံ တွေ့ရှိခဲ့ရပြီး ယနေ့မှာ စပါးအုံမြွေက မိကျောင်းကို စားတာ   ပြန်တွေ့ ရတော့ လောကမှာ သက်ရှိတိုင်း ဟာ မုဆိုးလည်း ဖြစ်နိုင်သလို အခြေအနေအရ သားကောင်လည်း ဖြစ်သွား နိုင်ကြောင်း သင်ခန်းစာ ရသွားစေ ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ