ဖာဂူဆန်− လူမည်းလူငယ်တစ်ဦး ကို ရဲအရာရှိတစ်ဦးက အသေပစ်သတ်ခဲ့ခြင်းနှင့်
ပတ်သက်၍ သီတင်းနှစ်ပတ်နီးပါး မကျေမနပ် ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ သော
ဖာဂူဆန်မြို့မှ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့များ ရုပ်သိမ်းသွားပြီဖြစ်သည်။

သြဂုတ် ၂၁ ရက်က မစ်ဇူရီပြည်နယ်၊ ဖာဂူဆန်မြို့တွင် လူမည်းလူငယ်အား ပစ်သတ်မှုအပေါ် ဆန္ဒပြနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ - အီးပီအေ)
ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော လူငယ် မိုက်ကယ် ဘရောင်း၏ မိဘများကို ကန် ရှေ့နေချုပ် အဲရစ်ဟိုလ်ဒါက သွားရောက်တွေ့ဆုံခဲ့ပြီးနောက် မစ်ဇူ ရီပြည်နယ် ဖာဂူဆန်မြို့တွင် အ ခြေအနေ တည်ငြိမ်လာသည်။ လက်နက်ကိုင်ဆောင် မထားသော အသက်(၁၈)နှစ်အရွယ် ကျောင်းသားတစ်ဦး သြဂုတ် ၉ ရက်တွင် ပစ်သတ်ခံရပြီးနောက်ပိုင်း မကြာခဏ အကြမ်းဖက်မှုများ ပါဝင်သော ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး လူမျိုးရေးတင်းမာမှုများပါ ဖြစ်ပေါ်ခဲ့သည်။
လူမည်းအများစု နေထိုင်သော မြို့၌ ကန့်ကွက်မှုများအပေါ် ရဲတပ်ဖွဲ့၏ ကနဦးတုံ့ပြန်မှုမှာ ဆန္ဒပြသူများကို ဆွပေးသလို ဖြစ်ခဲ့သည်။
ရဲတပ်ဖွဲ့၏ ကိုင်တွယ်မှုမှာ မလိုအပ်ဘဲ ကြမ်းတမ်းသည်ဟု ဆိုကာ ဒေသခံတချို့ကလည်း လက်နက်များ ကိုင်ဆောင်ခဲ့ကြ၍ အခြေအနေထိန်းသိမ်းရန် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့များကို စေလွှတ်ခဲ့ရသည်။
ရှေ့နေချုပ် အဲရစ်ဟိုလ်ဒါ၏ ခရီးစဉ်အပြီး လုံခြုံရေးအခြေအ နေ တိုးတက်လာခဲ့ပြီးနောက် အ ဆိုပါ တပ်ဖွဲ့များ မလိုအပ်တော့ဟု မစ်ဇူရီပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေးနစ်ဆင်က ပြောကြားသည်။
‘‘တိုးတက်မှု ဆက်လက်မြင် တွေ့ရလို့ ဖာဂူဆန်မြို့ကနေ စနစ်တကျ ပြန်လည်ရုပ်သိမ်းဖို့ မစ်ဇူရီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ကို အမိန့်ပေးထားပါတယ်’’ဟု ဂျေးနစ်ဆင်က ပြောသည်။



































No comments:
Post a Comment