Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 24, 2014

သတင်းထောက် ၅၀ အား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားခြင်းကို ပယ်ဖျက်

ရန်ကုန် - သမ္မတဦးသိန်းစိန်ကို ဆန္ဒပြခဲ့သည့် သတင်းထောက်များအား ကမာရွတ်မြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အရေးယူထားမှုကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲတပ် ဖွဲ့မှူး ဒုရဲမှူး မောင်မောင်ဦးက ပြောကြားသည်။



သမ္မတ ဦးသိန်းစိန်အား ဆန္ဒပြမှုကြောင့် သတင်းထောက် ၅၀ ခန့်ကို ကမာရွတ်မြို့နယ် ရဲစခန်းက  ပုဒ်မ ၁၈ ဖြင့် အရေးယူထားသည်ဟု ဇူလိုင်လအတွင်းက ပြောဆိုထားသည်။
‘‘ဆန္ဒပြတဲ့ သတင်းထောက် တွေကို အရေးယူထားတာ မရှိ တော့ပါဘူး။ ပယ်ဖျက်လိုက်ပါပြီ။ ဘာကြောင့် ပယ်ဖျက်လိုက်တယ်ဆိုတာ လုပ်ထုံးလုပ်နည်းအရ ပြောလို့မရပါဘူး။ သတင်း ထောက်တွေကို အရေးယူထား တာ မရှိတော့ပါဘူး’’ဟု ဒုရဲမှူး မောင်မောင်ဦးက 7Day သတင်း ဌာနသို့ အတည်ပြုပြောကြားသည်။
ဇူလိုင်လ ၁၂ ရက်တွင် MPC၌ အနုပညာရှင်များနှင့် သမ္မတ တွေ့ဆုံသော ပွဲကို သတင်း ထောက်အများစုက ၀င်ရောက် သတင်းယူခြင်းမပြုလုပ်ဘဲ MPC ခန်းမရှေ့၌ ရပ်နေကြသည်။ ထို အချိန်တွင် သတင်းထောက် ၂၀ ခန့်က ‘‘မီဒီယာဖိနှိပ်မှုရပ်’’စာတန်းပါ အင်္ကျီများဝတ်ဆင်၍ သတင်းယူရန် လာရောက်သောကြောင့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း မှူး မောင်မောင်ဦးက အဆိုပါ သတင်းထောက်များကို MPC ရှိရာရွှေလီလမ်းထဲသို့ ၀င်ရောက်ခွင့် မပေးဘဲတားဆီးခဲ့သည်။ ထိုသို့ တားဆီးခဲ့သောကြောင့် ၎င်းသတင်းထောက်များက ပါးစပ်တွင် တိပ်အမည်းများ ကြက်ခြေ ခတ်ကပ်၍ ကင်မရာများအောက်ချကာ ငြိမ်သက်စွာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ