Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, August 11, 2014

သုံးထပ်တိုက်တစ်လုံး ဆန်းရှိတ်ပြိုကျ


တည်ဆောက်ပြီးစီးသည်မှာ ခြောက်နှစ်သာရှိသေးသော သုံးထပ်တိုက်တစ်လုံး၏ မြေညီထပ်အပေါ်မှ ကွန်ကရစ်ဆန်းရှိတ် ပြိုကျခဲ့ကြောင်း  သတင်းရရှိသည်။


ဗဟန်းမြို့နယ် ကျိုက္ကစံရပ် ကွက် စိန်ခြယ်လမ်းရှိ သုံးထပ် တိုက်၏ အောက်ထပ်အရှေ့ပိုင်း ရှိ ပေ ၂၀ ရှည်ပြီး လေးပေကျယ် သော ကွန်ကရစ်ဆန်းရှိတ်မှာ ဇူ လိုင် ၂၈ ရက် ညနေ ၃ နာရီ အ ချိန်က ပြိုကျခဲ့ကြောင်း မြို့ပြ အင် ဂျင်နီယာတစ်ဦးက ပြောသည်။

‘‘သုံးထပ်တိုက်မြေညီရဲ့ ၁၄ ပေအမြင့် ဆန်းရှိတ်က အကုန် လုံးပြိုကျတာ။ ပထမထပ်ဝရန်တာ အောက်ဘက်က ပေ ၂၀ ရှည်ပြီး လေးပေကျယ်တဲ့ ကွန်ကရစ်တစ်တန်းလုံး အကုန်ကျိုးကျသွားတာ။ မီးသတ်တွေတော့ရောက်နေတယ်’’ ဟု ယင်းရပ်ကွက် အနီးနေမြို့ပြအင်ဂျင်နီယာ ဦးညိုဝင်းက ပြောသည်။
 အဓိကကွန်ကရစ်တိုင်နှင့် ကွန်ကရစ်ဆန်းရှိတ်ကို သံချောင်း ဖြင့် တွဲဆက်ရန် လိုအပ်သော် လည်း  သံချောင်းမပါဘဲ ဆန်းရှိတ်ကိုဘေးမှ ဆက်လိုက်သောကြောင့်အဆိုပါ ဆန်းရှိတ်၏ အလေးချိန် ကို မခံနိုင်ဖြစ်ပြီး ပြိုကျသွားခြင်း ဖြစ်ကြောင်း မြို့ပြအင်ဂျင်နီယာ  ဦးညိုဝင်းက သုံးသပ်ပြောကြား သည်။
‘‘အခုအထိတော့ ဖယ်နေကြတုန်းပဲ ရှိသေးတယ်။ တိုက်ကပေနှစ်ဆယ်၊ ပေ လေးဆယ်အပြည့်ဆောက်ထားတာ နေထိုင်ခွင့်ကျတာမှ ခြောက်နှစ်ပဲရှိသေးတယ်တဲ့’’ ဟု ဆန်းရှိတ်ပြိုကျသည့်နေရာသို့ရောက်ရှိနေသော အမျိုးသားတစ်ဦးကလည်းပြောသည်။
အဆိုပါ ဆန်းရှိတ် ကွန်ကရစ်တန်းပြိုကျသော်လည်း လူထိခိုက် မှုမရှိကြောင်း  အဆိုပါ အမျိုးသားက ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗဟန်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ‘‘ကျွန်တော်တို့တွေ မသိသေးပါဘူး’’ ဟု တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ