Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, August 21, 2014

ရယ်မောခြင်း ဆိုတဲ့ အကောင်းဆုံးဆေးလေး တစ်ခွက်

၁။ ကလေးက သူ့အဖေကို မေးတယ်။
“လူတွေ ဘယ်ကနေ ဆင်းသက်လာတာလဲ ဖေဖေ”
 
သူ့အဖေကပြန်ဖြေပါတယ်။
“အာဒမ်နဲ့ (Adam) အေးဝ(Eve)ကနေပါ သား၊ သူတို့နှစ်ယောက် က ကလေးတွေမွေးတယ်၊ သူတို့ ကလေးတွေ ကြီးလာတော့ ကလေးပြန်မွေးကြတယ်၊ ဒီလို နဲ့ လူတွေဖြစ်လာ တာပါ။”
ကလေး ကလည်း သူ့အမေဆီ သွားပြီး ဒီမေးခွန်း ကို ပြန်မေးတယ်။
 
သူ့အမေက ဖြေပါတယ်။
“အမေတို့က မျောက်ကနေ ဆင်းသက် လာတာပါ။ မျောက်တွေ ကနေ ပုံစံအဆင့် အဆင့် ပြောင်း လဲပြီး အခုလို လူတွေဖြစ်လာတာပေါ့။”
ကလေးက သူ့အဖေဆီပြန်ပြေးသွားခဲ့ပြီး “ဖေဖေ ညာပြောတယ်” လို့ ပြောပါတယ်။
 
ဒီတော့ သူ့အဖေ ပြန်ဖြေလိုက်ပုံက…
“မညာပါဘူး သားရယ်၊ မင်း အမေပြောတာ က သူ့ဘက်က အမျိုး ကိုပြောတာပါ။” တဲ့။
 
 
၂။ အမျိုးသမီး တစ်ယောက်နဲ့ အမျိုးသား တစ်ယောက် အိပ်နေတဲ့ အချိန် အိမ်ထဲမှ အသံ တစ်သံ ကြား ရတယ်။ အမျိုးသမီးက လှည့်ပြီး ပြောပါတယ်။ “ကျွန်မယောက်ျားလာနေပြီ၊ သွားတော့။” 
အမျိုးသား ကလည်း အိပ်ယာပေါ်ကပြေး ဆင်းပြီး ပြတင်းပေါက် ကနေခုန်ဆင်း သွားပါတယ် ။
 
 ခြုံကြားတွေ ထဲကနေ လေးဘက်ထောက် သွားပြီး လမ်းပေါ်ရောက်မှ သူတစ်ခုခု သတိရဟန်ပေါ် တယ်။ သူအိမ်ထဲ သို့ပြန်လာပြီး အမျိုးသမီး ကိုပြောပါတယ်။ “ခဏလေး၊ ငါကနင့်ယောက်ျားလေ”တဲ့ ။ ထိုအခါ အမျိုးသမီး ဒေါသ အကြည့်တွေနဲ့ ပြန်ပြော လိုက်တာက “ဒါဆို ဘာလို့ပြေးသွား တာ လဲ”တဲ့။
 
၃။ လူတစ်ယောက် က supermarket ကြီးထဲ မှာ တော်တော် လှတဲ့ အမျိုးသမီးတစ်ဦး ဆီ ချဉ်းကပ် လာပြီး စကား စပါတယ်။
” ကျွန်တော်နဲ့ စကားခဏလောက်ပြောပေးလို့ရမလား။ supermarket ထဲမှာ ကျွန်တော့် အမျိုးသမီး ပျောက် သွားလို့ပါ။”
 
 အမျိုးသမီး လည်း ကြောင် သွားပါတယ်။ ပြီးတော့ ပြန်မေးပါတယ်။
“ရှင့် အမျိုးသမီးပျောက်တာ ဘာလို့ ကျွန်မကို စကား လာပြောခိုင်း ရတာလဲ”
 
ထိုအခါ ထိုသူပြန်ဖြေလိုက်တာ ကတော့…
“ဘာလို့လဲ ဆိုတော့ ကျွန်တော် ချောမောပြီး ခန္ဓာကိုယ် လှပတဲ့ အမျိုးသမီးနဲ့ စကားပြောတိုင်း ဘယ်နေ ရာရောက်နေ ရောက်နေ ကျွန်တော့ မိန်းမ ပေါ်လာတတ်လို့ပါ။”
 
၎။ ခင်ပွန်းသည် က သူ့ဇနီး ကိုမေးပါတယ်။
“ငါသေသွား ရင် နောက်အိမ်ထောင်ပြု မှာလား။”
 
ဇနီးသည်က ပြန်ဖြေပါတယ်။
“မပြုပါဘူး၊ ကျွန်မ ညီမနဲ့ပဲ နေမှာပါ။”
ဇနီး ကလည်း တစ်ခါ သူ့ခင်ပွန်းကို ပြန်မေးပါတယ်။
“ရှင်လည်း ကျွန်မသေသွား ရင် နောက် အိမ်ထောင်ပြုမှာလား”
ခင်ပွန်းသည် လည်း ပြန်ဖြေပါတယ်။
“မပြုပါဘူး၊ ငါလည်း မင်းညီမ နဲ့ပဲ နေမှာပါ။”
 
 
၅။ အမျိုးသမီး ငယ်လေး တစ်ယောက် ၏ အသုဘ အခမ်းအနား ပြုလုပ်နေချိန် တွင်ဖြစ်သည်။ အခေါင်း သယ်တဲ့လူတွေ အခေါင်း ကို သယ်ထုတ်တဲ့ အခါ နံရံကို မတော်တဆ တိုက်မိသွား ပါတယ်။ ဒီအချိန် မှာပဲ အခေါင်း ထဲက ညည်းသံ တိုးတိုးလေး ကြားမိကြတယ်။ 
 
သူတို့ အခေါင်း ကို ပြန်ဖွင့်ြ  ကည့်တော့ အမျိုးသမီး ငယ်လေး အသက် မသေသေးတာ ကို တွေ့ရ ပါတယ်။ ဒီလိုနဲ့ အမျိုး သမီးလေး လည်း နောက်ထပ် (၁၀)နှစ်ကျော်လောက် အသက်ဆက်          ရှင်ပြီး သေဆုံး သွားခဲ့ပါတယ်။ နောက်တစ်ခါ အသုဘ အခမ်းအနား ပြုလုပ်ကြပါတယ်။ အခမ်း အနားပြီးတော့ အခေါင်း သယ်တဲ့ လူတွေလာပြီး အခေါင်း သယ်မယ် အလုပ် သူမ၏ အမျိုးသား က အော်ပြော လိုက်ပုံ ကတော့ “နံရံနဲ့ မတိုက်မိစေနဲ့”တဲ့။
 
 
၆။ အမျိုးသား တစ်ယောက် အလုပ်ကပြန်လာတော့ သူ့ဇနီး က တံခါးဝ ကနေ ဆီးကြိုပါတယ်။ “ညစာ အဆင်သင့်ဖြစ်ပြီလား”လို့ အမျိုးသား ကမေးတော့ ဇနီးက သူ့လက်ဆွဲပြီး အလုပ် ကပြန် လာတဲ့ ယောက်ျား က သူ့ဇနီးကို အနမ်းလေးပေးလိုက်တဲ့ လမ်းဟို ဘက်အိမ်က လင်မယားကို လက်ညှိုး ထိုးပြပြီး “ရှင်လည်း အဲဒီလိုလေး မလုပ်နိုင်ဘူးလား”လို့မေးပါတယ်။ ထိုအခါ ထို အမျိုးသား ပြန်ဖြေလိုက်ပုံ က “အင်း၊ ငါ အဲဒီအမျိုးသမီးနဲ့မှ မဆုံရသေးတာ”တဲ့။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ