Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, August 21, 2014

ဂျပန်နှင့် စစ်ဖြစ်လျှင် တရုတ်စစ်ဘက် အနေဖြင့်ကိုဘေးမြို့အား ဦးစွာ တိုက်ခိုက်နိုင်ဟုဆို

တရုတ်နှင့် ဂျပန်နိုင်ငံတို့ အကြား စစ်ပွဲဖြစ်ပွားခဲ့လျှင် တရုတ်စစ်ဘက်သည် ဂျပန်နိုင်ငံ၏  ဆဋ္ဌမမြောက် အကြီးဆုံးမြို့ ဖြစ်သည့် ကိုဘေးမြို့ကို ဦးစွာ ပထမ တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း တိုကျိုမြို့အခြေစိုက်  Shukan  Gendai မဂ္ဂဇင်း တစ်စောင်မှ ထုတ်ပြန် ကြေညာခဲ့သည်ဟု သိရသည်။

ဂျပန်နိုင်ငံ၏  အဓိက ရေငုပ်သင်္ဘော ထုတ်လုပ်ရေး စက်ရုံနှစ်ခုဖြစ်သည့် မစ်ဆူဘီရှီနှင့် ကာဝါဆကီစက်ရုံ တို့သည်  ကိုဘေးမြို့၌ အခြေစိုက်သောကြောင့် ယင်းမြို့သည်  တရုတ်စစ်ဘက်၏ ဦးစားပေး ပစ်မှတ် ဖြစ်လာနိုင်ဖွယ်ရှိ ကြောင်း အဆိုပါ မဂ္ဂဇင်းက ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား အရှေ့ တရုတ်ပင်လယ်ရှိ  ကျွန်းများ ပိုင်ဆိုင်ရေး အငြင်းပွားမှု မြင့်တက် နေချိန်တွင် ဂျပန်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ Mitsuhiro Sera က တရုတ်စစ်ဘက်၏ လေတပ် သို့မဟုတ် ရေတပ်မှ တိုက်လေယာဉ်များသည် ဂျပန် လေယာဉ်များ၏ အနီး အနည်းဆုံး မီတာ ၈ဝဝ ခန့်မှ အမြဲလိုလို ပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် လတ်တလောတွင် အရှေ့တရုတ် ပင်လယ်ဝန်းကျင်၌ တရုတ်တိုက် လေယာဉ်များသည် ဂျပန်လေယာဉ်များ အနီးမှ အလွန်နီးကပ်စွာ ပျံသန်းခဲ့ကြောင်း ပြောကြား ခဲ့သည်။
ကိုဘေးမြို့ရှိ မစ်ဆူဘီရှီနှင့် ကာဝါဆကီ စက်ရုံများသည်  ဂျပန်ရေကြောင်း ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့(ရေတပ်)အတွက်  ရေငုပ်သင်္ဘောများ ထုတ်လုပ် ပေးနေသော စက်ရုံများ ဖြစ်ပြီး  တရုတ်နှင့် ဂျပန်နိုင်ငံတို့ အကြား ရေတပ် တိုက်ပွဲစဉ်တွင် ရေငုပ်သင်္ဘောများသည် အရေးပါသော အခန်းကဏ္ဍ တစ်ရပ်မှ  ပါဝင် နိုင်ဖွယ် ရှိကြောင်းနှင့် တရုတ်စစ်ဘက် အနေဖြင့်  ယင်းစက်ရုံနှစ်ရုံကို တိုက်ခိုက်ခြင်းဖြင့် ဂျပန်နိုင်ငံအား အကာအကွယ် မဲ့စေလိမ့်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ Global Times သတင်းစာတွင်လည်း ရေးသား ဖော်ပြသည်ဟု သိရသည်။           

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ