Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 10, 2014

သီးလေးသီး – ဟာသများ

နိုင်ငံတော်သံဃာနာယကဥက္ကဌထံသို့ မြဝတီရုပ်မြင်သံကြားမှ အခုလို မေးမြန်းလျောက်ထားခဲ့ပါတယ်။
၁။       “ရေဒီယို”နဲ့”ရုပ်မြင်သံကြား” ဘာကွာခြား သလည်းလို့မေးတယ်။ ဘုန်းဘုန်း မိန့်ကြားတာကတော့ “ရေဒီယို”မှာက “အနှောင့်အယှက်ကို အသံပဲကြားရတာ”။ အဲ ရုပ်မြင်သံကြား”မှာ ကျတော့ “အသံ”ရော မမြင်ချင်တဲ့သူတို့  မျက်နှာတွေကိုပါ မြင်နေရတယ်လို့ မိန့်တော်မှုလိုက်ပါတယ်။

၂။       ဧရာဝတီတိုင်းတွင် “နာဂစ်”အပြီး လယ်ယာများပြန်လည်စိုက်ပျိုးကြသည်။ ဤအချိန်တွင် လယ်ယာ စိုက်ပျိုး နေသော လယ်သမားဆီသို့ “ဝန်ကြီး”ရောက်ရှိလာပြီး “မိန့်ခွန်း”ခြွေလေသည်။ အို လယ်သမား အပေါင်းတို့သင်တို့ ဘာ မှမပူကြနဲ့တော့။ ကျွန်ုပ်တို့ရဲ့ ခြေထောက်တစ်ဖက်ဟာ “ဆိုရှယ်လစ်စနစ်” ပေါ်မှာ အခိုင်အမာရပ်နေပြီ။ နောက်ခြေ တစ်ဖက်ဟာ “ဆိုရှယ်လစ်စနစ်”ပေါ်မှာ အခိုင်အမာရပ်နေပြီ။ နောက်ခြေတစ်ဖက်ကတော့“ကွန်မြူနစ်စနစ်”ဆီကိုလှမ်းထားပြီးလက်ထဲမှာလည်း“မှုဝါဒလမ်းစဉ်(၇)ရပ်ကို”လည်း ကိုင်ထားတယ်။ ဤစကားကို ကြားရသောအခါ လယ်သမားပရိသတ်ထဲမှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။ “ဒီလိုခြေကားယား၊ လက်ကားယားအနေအထားနဲ့ ကျွန်တော်တို့ ဘယ်လောက် ကြာကြာ နေရဦးမှာလဲဟင်”။
၃။       ကျွန်တော်မြန်မာပြည်က အကြီးအကဲများကို လက်ဆောင်ပေးပို့ စတိုးဆိုင်သို့ရောက်လာခဲ့သည်။ ဈေးရောင်းသူကမေးပါတယ်။ ဘာအလိုရှိပါသလဲခင်ဗျာ။ ကျွန်တော်ကလူကြီးတွေကို လက်ဆောင် တစ်ခုခုပေးချင်တယ်လို့ ပြောလိုက်တယ်။ ရောင်းသူကရပါတယ်။ ဒါကလျှပ်စစ်မီးပူ၊ ဒါကတော့ လျှပ်စစ်မီးဖို။ အဲဒါကတော့ လျှပ်စစ်ကော်ဖီဖျော်စက်ပါ။ ကျွန်တော် လက်ဆောင်ပေးချင်တာက “လျှပ်စစ်ကုလားထိုင်” ခင်ဗျားတို့ဆီမှာမရောင်းဘူးလား။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ