Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, August 21, 2014

ဒုတိယကမ္ဘာစစ်အတွင်း မြှုပ်ထားခဲ့သည့် တိုက်လေယာဉ်များ ရှာဖွေမှု ရပ်တော့မည်



ဒုတိယကမ္ဘာစစ်အတွင်း မြေအောက်တွင် မြှုပ်နှံသိမ်းဆည်းခဲ့သော စပစ်ဖိုင်းယား တိုက် လေယာဉ်များ ၂ နှစ်ကြာရှာဖွေ တူးဖော်နေခြင်းကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း လေယာဉ်တူးဖော်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ခန့်က ဂျပန်စစ်တပ်နှင့် တိုက်ခိုက် ရန် မြန်မာနိုင်ငံသို့ပေးပို့ခဲ့သော တိုက်လေယာဉ်များနှင့် ဆက်စပ် ပစ္စည်းများကို အိန္ဒိယဘုရင်ခံချုပ် လော့ဒ်လူးဝစ်မောင့်ဘက်တန်က အသုံးမပြုရသေးမီ မြေမြှုပ်ပစ်ခဲ့ရန် စေခိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်လေယာဉ်များ နှင့် လေယာဉ်ဆက်စပ်ပစ္စည်းများ တူးဖော်ရန် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရွှေတောင်ပေါ်ကုမ္ပဏီလီမိတက်နှင့် ဗြိတိန်နိုင်ငံမှ ဒီဂျေစီကုမ္ပဏီတို့ ၂၀၁၂ ခုနှစ် အောက်တိုဘာတွင် သဘောတူညီမှု လက်မှတ်ရေးထိုးပြီး မြန်မာအစိုးရနှင့် ဗြိတိသျှအစိုးရတို့က တန်ဖိုးထားထောက်ခံခဲ့ကြသည်။
မြန်မာနိုင်ငံ၌ ဒုတိယကမ္ဘာစစ်အတွင်း မြှုပ်နှံထားခဲ့သော စပစ်ဖိုင်းယား တိုက် လေယာဉ်များ ပြန်လည်ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် မစ္စတာဒေဗစ်ကန်ဒါးလ်ကို မင်္ဂလာဒုံလေယာဉ်ကွင်းရှိ ရှာဖွေရေး လုပ်ငန်းခွင်တွင် တွေ့ရစဉ် (ဓာတ်ပုံ − အေပီ)
င်္ဂလာဒုံနယ်မြေ၊ မြစ်ကြီးနားနယ်မြေနှင့် မိတ္ထီလာနယ်မြေတို့တွင် စပစ်ဖိုင်းယား တိုက်လေယာဉ်များ ၂ နှစ်ကြာ ရှာဖွေရန် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် သတ်မှတ်နေရာတွင် တွေ့ရှိမှုမရှိခြင်းကြောင့် ရှာဖွေမှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ‘‘မင်္ဂလာဒုံ လေယာဉ်ကွင်းမှာ ကန့်သတ်နယ်မြေဖြစ်တဲ့ အတွက် ကျွန်တော်တို့စမ်းသပ်ဖို့ အခက်အခဲရှိခဲ့ပါတယ်။ မျှော်လင့်ချက်ရှိတဲ့ နေရာက ကန့်သတ် နယ်မြေဖြစ်နေပါတယ်။ မြစ်ကြီးနားမှာတော့ နယ်မြေလုံခြုံမှု အခြေအနေအရ ဆက်မလုပ်တာပါ။ မိတ္ထီလာမှာ အရင်ကတည်းက စိတ်ဝင်စားမှု နည်းပါတယ်။ ရှာ ဖွေမှုသက်တမ်းပြည့်သွားရင် ရပ်ဆိုင်းသွားမှာပါ’’ဟု လေယာဉ်ရှာဖွေရေး အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးထွန်းကျော်က ပြောသည်။
မြေအောက်တွင်  သံချေး တက်ခြင်းမှ  ကာကွယ်ရန်  ဖယောင်းသုတ်၍ ဆီစိမ်စက္ကူများ ဖြင့် ထုပ်ပိုးပြီးသေတ္တာများထဲတွင် ထားသို မြှုပ်နှံထားသော စပစ်ဖိုင်းယား တိုက်လေယာဉ်များကို ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့မှ ပညာရှင်များ အပါအဝင် ပြည် တွင်း၊ ပြည်ပပညာရှင် ၃၀ ခန့်က ရှာဖွေခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ဒေသအသီးသီးတွင် အစီး ၂၀၀ ကျော်အထိ ရှိနေနိုင်သော စပစ်ဖိုင်းယားတိုက်လေယာဉ်များကို ရှာဖွေတူးဖော်တွေ့ ရှိပါက  နှစ်နိုင်ငံလုံးတွင် ယဉ် ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းပြသရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သမ္မတ ဦးသိန်းစိန်နှင့်  တွေ့ဆုံဆွေးနွေးခဲ့ သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ