Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, August 5, 2014

အင်တာနက်စွဲရောဂါ

ခုခေတ်ဟာအင်တာနက်ခေတ်ဖြစ်တာ
နဲ့အမျှ၊ အင်တာနက်ရဲ့ကောင်းကျိုးတွေကြောင့်လူတွေ အကျိုးကျေးဇူးရကြတယ်။

ဒါပေမယ့်ဒါဟာ
အင်တာနက်ကိုမဇ္ဈိမပဋိပဋာနည်းနဲ့သုံးတတ်သူတွေအတွက်ဖြစ်ပါတယ်။
အလွန်အကျွံစွဲလမ်းသွားမိသူတွေကတော့ ဘိန်း၊ အရက်၊ ဆေးစတာတွေလို
အင်တာနက်စွဲရောဂါရတတ်ပါတယ်။

ရောဂါအကြောင်း(About disorder)
..တခြားဘိန်း-ဆေးတွေလိုပစ္စည်းကိုစွဲတဲ့ substance addiction မဟုတ်ဘဲ ချက်နေရတာ၊
ဘလောဂင်နေရတာ၊နက်ရှော့ပင်နေရတာစတဲ့ လုပ်ဆောင်မှုကိုစွဲတဲ့ process
addiction ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ(Symptoms)
…ယဉ်ပါးသွားခြင်း(tolerance)
အင်တာနက်သုံးတဲ့အချိန်များနေပေမယ့် ဆက်ပြီးဆက်ပြီးသုံးချင်နေတာ၊ အချိန်နည်းတယ်လို့ခံစားရ၊ စိတ်ကျေနပ်မှုမရတာ။

… ဆေးဖြတ်လက္ခဏာများခံစားရခြင်း( withdrawal symptoms)
အင်တာနက်သုံးတာလျှော့ချလိုက်ရရင်၊ စိတ်မပျော်တာ၊ စိတ်တိုစိတ်ဆတ်လာတာ၊
စိတ်ဓာတ်ကျသလိုခံစားရတာ၊ စိတ်အလိုမကျသလိုခံစားရတာ။ အင်တာနက်သုံးနေတုန်းမှာ
အနှောက်အယှက်ပေးသလိုဖြစ်ရင် ပုံမှန်ထက်ပိုပြီးစိတ်တိုလာတာ။
အင်တာနက်ကြည့်နေရမှ စိတ်ပျော်ရွှင်ကျေနပ်မှုရတာ။

…ပုံမှန်အချိန်တွေမှာပါ အင်တာနက်နဲ့ပတ်သက်တာတွေးနေမိတာ၊ ဥပမာ-ဘလော့ဂ်မှာ ဘာတင်လိုက်မယ်၊
ဘယ်သူ့ဆီသွားမလည်ရသေးဘူးစသဖြင့် ဈေးသုံးနေရင်းစဉ်းစားနေမိတာမျိုး။

…အင်တာနက်နဲ့ပတ်သက်တဲ့အိပ်မက်မကြာခဏမက်တာ။
…type ရိုက်သလိုမျိုးလက်ဂနာမငြိမ်လှုပ်ရှားတတ်လာတာ။
…စိတ်ကူးထားတာထက်ပိုပြီးအင်တာနက်ကိုအချိန်ပေးနေမိတာ။ ဥပမာ-မအိပ်ခင် နာရီဝက်လောက်ကြည့်လိုက်ဦးမယ်ဆိုပြီး ၂-၃ နာရီဆက်မိတာ။
… အင်တာနက်နဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေမှာ အချိန်ပိုပေးနေမိတာ
(အင်တာနက်ကြည့်တာအပြင်) ဥပမာ- ဘလော့ဂ်မှာတင်ဖို့ စာအုပ်ရှာဖတ်တာမျိုး

…အင်တာနက်ကို လျှော့ဖို့စိတ်ကူးပေမယ့် မအောင်မြင်တာ။
…တခြားလူမှုရေးနဲ့ နေ့စဉ်ဘ၀လုပ်ငန်းဆောင်တာတွေပျက်ကွက်လာတာ။ အထူးသဖြင့် မိသားစုရှိသူတွေမှာ၊
ချက်ပြုတ်သန့်ရှင်းလိုစိတ်နည်းလာ၊ လင်မယားဆက်ဆံရေးစိတ်ဝင်စားမှုလျော့လာ၊
လိင်စိတ်အလိုဆန္ဒနည်းလာ-သားသမီးပေါ်ဝတ္တရားပျက်လာတာ။ တစ်ဦးထဲသမားတွေမှာ
အပြင်သူငယ်ချင်းတွေနဲ့ထိတွေ့ဆက်ဆံမှုနည်းလာတာ။
ကျောင်းသားတွေမှာအဆင့်ကျလာတာ။ အလုပ်သမားတွေမှာ
အလုပ်ထဲစိတ်ပါဝင်စားမှုနည်းလာတာ။

…ကိုယ်လက်လှုပ်ရှားမှု၊ အပြင်ထွက်အပမ်းဖြေခြင်း၊ တီဗီကြည့်ခြင်းစတာတွေ သိပ်မလုပ်တော့တာ။
…အင်တာနက်အချိန်များလွန်းလို့ အိပ်ရေးပျက်ပြီး၊ နောက်နေ့မနက်စောစောမထနိုင်တာ၊ အိပ်ရေးပျက်မှုကြောင့်
အင်တာနက်ထိုင်တာကလွဲပြီးဘာမှလုပ်ချင်စိတ်မရှိတာ၊

…အလုပ်အကိုင်၊ ကျန်းမာရေး၊ အိမ်ထောင်ရေးဝတ္တရားပျက်နေမှန်းသိနေလျက်နဲ့ အင်တာနက်ကို
မဖြတ်နိုင်ဘဲဖြစ်လာတာ။

…အွန်လိုင်းကတဆင့် မတွေ့ဘူးမမြင်ဘူးသူ သူစိမ်းများနဲ့မိတ်ဆွေဖြစ်-ဆက်ဆံဖြစ်တာ။
အိမ်ထောင်ဖက်ဇနီး၊ခင်ပွန်းအပြင် ဆက်သွယ်မှုများ

ရောဂါဖြစ်လွယ်သူများ
စိတ်ဓာတ်ရေးရာအားနည်းချက်ရှိသူများမှာ ဒီရောဂါစွဲလွယ်ပါတယ်။ ငယ်ဘ၀က စိတ်အနာရဖူးသူများ (psychological trauma)၊
စိတ်ဓာတ်ကျလွယ်သူများ၊ အများနဲ့မဆက်ဆံချင် တကိုယ်တည်းနေတတ်သူများ၊
အလုပ်ဒဏ်ကိုရှောင်တတ်သူများ၊ အင်တာနက်နဲ့စိတ်ထွက်ပေါက်ရှာတတ်သူများ

ဆက်တွဲဆိုးကျိုးများ(Complications)
ကျန်းမာရေးဆိုင်ရာပြဿနာများ
(၁) မျက်စိပြဿနာ
(၂) ကျောအောင့်ခါးနာ စသော အကြောဆိုင်ရာဝေဒနာများ
(၃) လက်မ၊လက်ညိုးနှင့်လက်ခလယ်လက်ချောင်းလေးများထုံကျင်ခြင်းရောဂါ -carpal
tunnel syndrome
(၄) အားအင်နည်းပါးခြင်း(fatigue)
(၅) အဆီတက်လာခြင်း-ထိုမှတဆင့် နှလုံးသွေးကြောရောဂါများ

မိသားစုပြဿနာများ
(၁) လင်မယားပြတ်စဲခြင်း
(အွန်လိုင်းမိတ်ဆွေအဆင့်မှ သံယောဇဉ်ပိုလာခြင်းကြောင့် အိမ်ထောင်ဖက်ကို စိတ်ဝင်စားမှုနည်းလာခြင်း၊
အင်တာနက်ကိုသာအလွန်အမင်းစွဲလမ်းနေမှုကြောင့်
လင်မယားဆက်ဆံရေးနည်းပါးလာခြင်း နှစ်မျိုးဖြစ်နိုင်ပါတယ်)
(၂) သားသမီးစိတ်ဝေဒနာရခြင်း-မိဘသားသမီးဆက်ဆံရေးအေးစက်လာခြင်း

လူမှုရေးအကျိုးဆက်များ
အလုပ်ပျက်ခြင်း၊ မိတ်ဆွေစစ်နည်းပါးလာခြင်း၊

ကုသမှု(Treatment)
ဆေးကိုတိကနဲဖြတ်ရင် ဆေးဖြတ်တဲ့ withdrawal symptoms တွေကြောင့် လူထိခိုက်တတ်သလို၊ နက်သမားကို
နက်တိကနဲဖြတ်ခိုင်းရင် စိတ်ဓာတ်ကျတာ၊စတဲ့ ဝေဒနာတွေဝင်လာတတ်ပါတယ်။
ဒါကြောင့်မျှင်းပြီးဖြတ်စေရပါတယ်။
၁။ တနေ့တာအတွင်းနက်သုံးချိန်ကို မှတ်တမ်းပြုစုစေခြင်း
၂။ ပြင်ပလောကနဲ့ပိုဆက်ဆံစေခြင်း-ခရီးတိုထွက်ခြင်းစသည်
၃။ မိသားစုသမားများအတွက်၊ မိဘ၀တ်-သားသမီးဝတ်-လင်ဝတ်-မယားဝတ်
စသည်များပြန်လည်သတိရစေခြင်း
၎။ သင်တန်း-လက်မှုအတတ်ပညာစတာတက်စေခြင်း
၅။ တရားထိုင်စေခြင်း

ရောဂါပျောက်ကင်းနိုင်မှု(Prognosis)
ခံယူချက်နဲ့ အမူအကျင့်ပြောင်းလဲနိုင်မှု (attitude and behavioral
change)ပေါ်မှာမူတည်ပါတယ်။

Continue Reading...

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ