Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, August 13, 2014

ရင်သားကင်ဆာအကြောင်း

ရင်သားကင်ဆာရောဂါ လူနာရဲ့ ၉၅ ရာခိုင်နှုန်းကျော်ဟာ ရင်သား အကျိတ် အဖုဖြစ် လာတာ နဲ့ လာပြကြ ပါတယ်။ ဒါပေမယ့် အကျိတ်အဖုတိုင်း ဟာ ကင်ဆာ တော့မ ဟုတ်ပါ ဘူး။ ၉၅ ရာခိုင်နှုန်းသော ရင်သားအကျိတ်အဖု များဟာကင်ဆာ ရောဂါ ကြောင့်မဟုတ် ပါဘူး။
ဒါ့ကြောင့် ရင်သားအကျိတ် အဖုများကို ကုသဖယ်ရှား လိုက်နိုင်တာ နဲ့ ကင်ဆာရောဂါကုသသွားနိုင်ပြီလို့ မဆိုသင့်ပါဘူး။ အခြားလက္ခဏာ တွေ ဖြစ် တဲ့ ရင် သားနာကျင်ခြင်း၊ နို့သီးခေါင်းမှ သွေးရည်ကြည်ထွက်လာခြင်း စတဲ့ ဝေဒနာ တွေကို ခံစားရတတ်ပါသေးတယ်။
၁၄။ ရင်သားမှာ အကျိတ်အဖု ဖြစ်နိုင် တဲ့ အခြား၊ အကြောင်းရင်းတွေ ဘာလဲ?
- အရေပြားကင်ဆာကြောင့် ရင်သားအရေပြား နေရာတစ်ဝိုက်တွင် ဝက်ခြံ၊ြွကက်နို့၊ မှဲ့ထွက်ပေါ်လာခြင်း၊ 
- အရေပြားအောက်အဆီပြင်ကနေ အဆီအကျိတ် အဖု(Lipoma)၊ အာရုံ ကြောအကျိတ်အဖု (Neurofibroma)၊ သွေးကြောအကျိတ်အဖု (Haemangioma)  များ ထွက်လာခြင်း 
- ကင်ဆာမဟုတ်တဲ့ အခြားရင် သားရောဂါများ၊ ဥပမာ-ရိုးရိုးရင်သား အကျိတ်(Fibroadenoma)၊အသက် ၂၀ ဝန်းကျင် အမျိုးသမီးငယ်များတွင် ဖြစ်လေ့ရှိသော မာခဲပြီး ဟိုဒီပြေးနေတဲ့ြွကက်ကလေး (Breast Mouse )
- ရင်သားအရည်အိတ်ဖြစ်ခြင်း (Breast Cyst)၊ အသက်၃၀ခန့် အမျိုးသမီးများတွင် ဖြစ်တတ်ပြီး ရင်သားတွင် သီးသန့်မာခဲနေတဲ့အလုံး ရှိကာ အသံလှိုင်းဖြင့် အလွယ်တကူ စစ်ဆေးသိရှိနိုင်ပါတယ်။ 
-အရွတ်ရည်အိတ် (Fibrocystic Disease or Fibroadenosis) အသက် ၃၀-၄၀ အရွယ်အမျိုးသမီး များတွင် အစေ့အဖုလေးတွေ အဖြစ် စမ်းမိတတ်ပါတယ်။
ရာသီလာခါနီး တွင် ပိုကြီးပြီးကိုက်ခဲတတ်ပါတယ်။ ရာသီလာပြီးက သက်သာလျော့နည်း နိုင်ပါတယ်။ 
-ရင်သားပြည်တည်နာ (Breast Abscess) ရုတ်တရက်ရောင်ရမ်းပြီး နာကျင်လာပါမယ်။ သားသည်မိခင် တွေမှာ အဖြစ်များပြီး အထိမခံနိုင် တတ်ပါ။ ဒါ့အပြင် အဖျားပါ ရှိနေ တတ်ပါတယ်။ 
-ရင်သားအောက်ြွကက်သားနဲ့ အရွတ်ကင်ဆာ (Myosarcoma, Fibrosarcoma) 
-နံရိုးမှာဖြစ်တဲ့ကင်ဆာ ((Osteosarcoma, Chondrosarcoma)- အရိုးနဲ့ အရိုးနုဆက်တဲ့နေရာ ရောင် ရမ်းမှု (Costochondritis )
- ရင်တွင်းရောဂါ
- အဆုတ်ကင် ဆာက တိုးထွက်ခြင်း၊ သွေးကြောမကြီး ဖောင်းကားထွက်ခြင်း (Aneurysm) ဆိုလိုတာကရင်သားမှာအကြိတ် အဖုအဖြစ် စမ်းမိနိုင်တဲ့ရောဂါတွေ များစွာရှိပါတယ်။ အကျိတ်အဖုရဲ့ ၉၅ ရာခိုင်နှုန်းဟာ ကင်ဆာမဟုတ်လို့ ဥပါ ဒါန်ကြောင့် ဥပါဒ်မရောက်စေလိုပါ။

 ရင်သားကင်ဆာအကျိတ်နဲ့ အခြား အကျိတ်တွေကို ဘယ်လို ခွဲခြားသိရှိနိုင်ပါသလဲ?
ယေဘုယျအားဖြင့် ရင်သား ကင်ဆာဟာ အသက်၄၀-၆၀ကြား အမျိုးသမီးများတွင် အဖြစ်များကာ မာတင်းပြီး အနားသား မညီညာ မသေချာတဲ့ အလုံးအဖု Ill defined Irregular Hard Lump အဖြစ် စမ်းမိရတတ်ပါတယ်။ ဖြစ်ကာစမှာ အခြားအကျိတ်တွေနဲ့ ခွဲခြားရခက် တတ်ပါတယ်။ ရောဂါနည်းနည်းရင့်လာရင် တော့ 
-အကျိတ်ပေါ်က အရေပြားဟာ တင်းလာကာ လိမ္မော်သီးအခွံလို အပေါက်လေးတွေပေါ်လာခြင်း 
-နို့သီးခေါင်းအထဲကို ကျုံ့ဝင်သွား ခြင်း 
-ကင်ဆာထိုးဖောက်လို့ မကျက် နိုင်တဲ့ အနာပေါ်လာခြင်း 
-ြွကက်သားတွေမှာ အမြစ်တွယ် လာသည့်အတွက်လှုပ်လို့မရတော့ခြင်း 
-ချိုင်းမှာ မာတဲ့အကျိတ်တွေ ပေါ်လာခြင်း စတာတွေကို တွေ့ရ တတ်ပါတယ်။
ရောဂါနောက်ဆုံးအဆင့်မှာ တော့ 
-ချိုင်းနှင့်လည်ပင်းမှာ အကျိတ် အဖုတွေပေါ်လာတာအပြင် အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့ အမြစ်တွယ်နေတတ်ပါတယ်။

 ရင်သားကင်ဆာဖြစ်စမှာ အခြား အကျိတ်အဖုတွေနဲ့ ခွဲခြားဖိုပ ခက်တယ်ဆိုတော့ ရောဂါ ကို စောစောစီးစီး ဘယ်လို သိနိုင်ပါ သလဲ၊
အရွယ်ရောက်ပြီးအမျိုးသမီးတိုင်း လစဉ်ရာသီလာပြီးပါက မိမိရင်သားကို မိမိဘာသာ စမ်းသပ်ကြည့်ပြီး အကျိတ် အဖုတွေ့ပါက တတ်သိနားလည် ကျွမ်း ကျင်တဲ့ ခွဲစိတ်ကုသမားတော်နဲ့ ပြသ စစ်ဆေးခံဖို့ လိုပါတယ်။ ဘယ်လို စမ်းသပ်မလဲဆိုတော့ (က) အိပ်လျက် သို့မဟုတ် ထိုင်လျက် သို့မဟုတ် မတ်တတ်ရပ်လျက် အနေ အထားမှာ ဘယ်ရင်သားနဲ့ ချိုင်းကို ညာလက်ဖဝါးနဲ့ အထက်အောက်၊ အတွင်းအပြင် အသာဖိကာစမ်းသပ်ပါ။ (ခ) မိမိရင်သား၏ ပုံသဏ္ဌာန် ပမာဏ၊ နို့သီးခေါင်းအခြေအနေကို သတိထားကြည့်ပါ။ (ဂ) နို့သီးခေါင်းမှ အရည်၊သွေး စသည် ထွက်/ မထွက်ကို ညှစ်ကြည့် ပါ။

သမားတော်က ဘာလုပ်ပေးမှာ လ၊ဲ
သမားတော်က-
- ရောဂါရာဇဝင်မေးမယ်
- အကျိတ်အဖုမှာ ကင်ဆာလ ဏာတွေရှိ/မရှိ စမ်းသပ်စစ်ဆေးမယ် 
- အကျိတ်အဖုဟာ အရည်အိတ် လား၊ အလုံးလားသိရအောင် အာလ် ထရာဆောင်းရိုက်ကာ စစ်ဆေးမယ်
- လိုအပ်ပါက ရင်သားကို Mammogram ဓာတ်မှန်ရိုက်စစ်ဆေးမယ်။
- ဒါမှမသေချာသေးပါက အကျိတ် အဖုမှ အသားစကို ထုတ်ယူ ဓာတ်ခွဲ စမ်းသပ်မှာဖြစ်ပါတယ်။

အကျိတ်အဖုက အသားစထုတ် ယူစစ်ဆေးနည်းတွေကို ရှင်းပြပါအုန်း
အသားစထုတ်ယူစစ်ဆေးနည်း တွေကတော့-
- ရင်သားကလာပ်စည်းကို အပ်ဖြင့် စုပ်ယူစမ်းသပ် စစ်ဆေးခြင်း (Aspiration Cytology)
-အပ်နဲ့ အသားစကို ဖြတ်ယူ စစ်ဆေးခြင်း (Core Needle Biopsy) -အကျိတ်အဖုအပိုင်းအစကို ခွဲစိတ်ဖြတ်ထုတ်စစ်ဆေးခြင်း (Incisional Biopsy) 
-အကျိတ်အဖုအလုံးလိုက် ခွဲစိတ် ဖြတ်ထုတ်စစ်ဆေးခြင်း (Excisional Biopsy) တို့ပါပဲ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ