အခု ဆိုရင် သူတို့ကို လေ့ကျင့်မှုတွေ
ပေးနေကြပြီ။ ပင်ပန်းမှုတွေ ရှိပေမယ့် အခုချိန် ပင်ပန်းမှုက ပွဲပြီးလို့ နောက်
တစ်ရက် နှစ်ရက်လောက် ပြန်ကြည့်လိုက်တဲ့ အခါ ဒီ ပင်ပန်းတာတွေက
ပျော်စရာတစ်ခု ဖြစ်တဲ့အတွက် ပင်ပန်းရကျိုး နပ်တဲ့ ပင်ပန်းမှုတစ်ခု
ဖြစ်မှာပါ။ ညီမတို့ နှစ်ကထက် စာရင် လေ့ကျင့်မှုတွေ အတွက် အချိန်တွေ ပို
ရကြပါတယ်။ အဲ့ဒီလိုပဲ နောင်လာ နောက်သားတွေ အတွက်လည်း ပိုပြီး ကောင်းတဲ့
အခွင့်အရေးတွေ ရကြမှာပါ။
ဒါပေမဲ့ ဘယ်နေရာမှာ ဘယ်ကိစ္စပဲ လုပ်လုပ်
ကိုယ့်ရဲ့ မိတ်ဆွေ၊ ကိုယ့်ရဲ့ လုပ်ငန်းရှင်တွေနဲ့ ညှိညှိနှိုင်းနှိုင်း
လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ နောက် ကိုယ့်ရဲ့ Organization နဲ့လည်း သေချာ
ညှိနှိုင်း ဆောင်ရွက် သင့်ပါတယ်။ ဒါက အရေးကြီးတယ်လို့ မိုးစက် ထင်ပါတယ်ဟု
ဆိုသည်။
ညီမကို Miss Universe Myanmar 2014 အတွက်
အလှမယ် အယောက် ၂ဝ နဲ့ စကားပြောဖို့ အစီအစဉ် ကိုလည်း Organi-zation က
ပြောထား ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အစီအစဉ်လေးတွေက နည်းနည်း ကျပ်နေတော့
ဘယ်နေ့ ဆိုတာကို သေချာ မသိရသေး ပါဘူး။ မိုးစက် စကားပြောခွင့် ရမယ်
ဆိုရင်တော့ ညီမလေးတွေကို မိုးစက် ရခဲ့ဖူးတဲ့ အတွေ့အကြုံတွေ၊ ဆောင်ရန်
ရှောင်ရန်တွေကို အဓိက ပြောဖြစ်မယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ကိုယ့်ရဲ့
လေ့ကျင့်မှု လုပ်နေတဲ့ အလုပ်အပေါ်မှာ ရရှိလာတဲ့ အတွေ့အကြုံ တွေကို ရသလောက်
ယူထား စေချင်ပါတယ်။ ဒီပြိုင်ပွဲမှာ ဆုမရခဲ့ရင်တောင် နောက်ပိုင်း ကိုယ့်မှာ
အခွင့်အ ရေးတွေ ရှိလာတဲ့အခါ အကောင်းဆုံး ပြန်လည် အသုံးချ နိုင်ပါတယ်။
မိုးစက် အနေနဲ့ ပရိသတ်ကြီးကို ပြောချင်တာ
ကတော့ အခုဆိုရင် Miss Universe Myanmar 2014 ပြိုင်ပွဲကြီးလည်း
နီးကပ်လာပြီ။ မိုးစက်နဲ့ အတူ တာဝန် ထမ်းဆောင်ဖို့ ညီမ တစ်ယောက်လည်း တိုးလာ
တော့မှာ ဆိုတော့ သူ့ကိုလည်း အားပေးပြီး ဝိုင်းဝန်းကူညီ ဖေးမကြဖို့ အတွက်
ပြောချင်ပါတယ်။ မိုးစက်လည်း ပရိသတ်ကြီးနဲ့ အဆက်မပြတ်ဖို့ အတွက်ကို
အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်လေးတွေ ကိုလည်း လုပ်ဖို့ ရှိပါတယ်။
No comments:
Post a Comment