Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 13, 2014

ကျွမ်းကျင်လုပ်သားရှားပါးမှုဖြေရှင်းရန် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုပိုလုပ်ရန် ADB မှ စီးပွားရေးပညာရှင်များ အကြံပြု


ပြည်တွင်း၌ အခြေခံလုပ်သားပေါများသော်လည်း ကျွမ်းကျင်လုပ်သားရှားပါးသည်
 မြန်မာနိုင်ငံတွင် ကျွမ်း ကျင်လုပ်သားရှားပါးမှုကို ဖြေရှင်း ရန် အစိုးရက ပညာရေးတွင် ရင်း နှီးမြှုပ်နှံမှု ပိုမိုပြုလုပ်ရေး လိုအပ် နေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် မှ စီးပွားရေးပညာရှင်များက အ ကြံပြုပြောကြားသည်။

ပြည်တွင်းသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများစွာ ၀င်ရောက်ရေး သည် ကျွမ်းကျင်လုပ်သားများရှိ  ရန် လိုအပ်နေပြီး လူ့စွမ်းအားမြှင့် တင်မှုကို အစိုးရအနေဖြင့် ဦးစား ပေးလုပ်သင့်သည်ဟု အာရှဖွံ့ဖြိုး ရေးဘဏ်၏ လက်ထောက်စီးပွား ရေးပညာရှင် စင်ယန်ပေါ့ခ်က ပြောကြားသည်။
မြန်မာနိုင်ငံ အစိုးရ၏ ပညာ ရေးအသုံးစရိတ်သည် အစိုးရသစ် လက်ထက်တွင် နှစ်ဆ တိုးလာ သော်လည်း ပြည်တွင်း အသား တင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ)၏ ၁ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိ သည်။ အာဆီယံနိုင်ငံများတွင် ဖွံ့ဖြိုးမှုအားနည်းသော ကမ္ဘောဒီး ယားနိုင်ငံ၏ ပညာရေးအသုံးစရိတ်မှာ ဂျီဒီပီ၏ ၂ ဒသမ ၆ ရာခိုင်နှုန်း၊ လာအိုနိုင်ငံ ၂ ဒသမ ၈ ရာခိုင် နှုန်းထိ သုံးစွဲထားသည်ဟု မြန်မာ နိုင်ငံဖွံ့ဖြိုးမှု အလားအလာများ ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြ သည်။
‘‘မြန်မာ အလုပ်သမားတွေ က လခနည်းတယ်။ ၀န်ထမ်းတွေ က ကျွမ်းကျင်မှု အားနည်းတယ်။ ပြည်ပရင်းနှီးသူတွေအတွက် အခက်အခဲဖြစ်ရတယ်’’ဟု စင်ယန် ပေါ့ခ်က ပြောကြားသည်။
အာရှတွင် ဂျပန်ကုမ္ပဏီများ မှပေးသော လခ နှုန်းထားတွင် မြန်မာနိုင်ငံသားများ အနည်းဆုံး ဖြစ်နေကြောင်း ဂျပန်ပြင်ပကုန် သွယ်ရေးအဖွဲ့စည်း၏ စစ်တမ်း များတွင် ဖော်ပြထားသည်။
           ‘‘ကျွမ်းကျင်ဝန်ထမ်းက တော်တော်ကိုရှားတယ်။ ဒီနိုင်ငံမှာက သာမန် အလုပ်သမားရဖို့တောင် မလွယ်ဘူး’’ ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်စိုးက ပြောသည်။
မြန်မာနိုင်ငံတွင် အစိုးရသစ် လက်ထက်၌ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အ ကိုင် အခွင့်အလမ်းနေရာ တစ် သိန်းငါးသောင်းကျော်ကို ဖန်တီး ပေးနိုင်ကြောင်း မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှု ကော်မရှင်က ကြေညာ ထားသည်။
 အာဆီယံ နိုင်ငံများတွင် ၂၀၁၅ ခုနှစ်၌ အလုပ်အကိုင်အခွင့် အလမ်း ၁၄ သန်းခန့်ပေါ်ထွက် လာရန် ရှိသော်လည်း လုပ်သား ဈေးကွက်ကွာဟမှုက ပိုမိုဆိုးရွား လာကြောင်း နိုင်ငံတကာ အလုပ် သမားအဖွဲ့က ထုတ်ပြန်ထား သည်။ အဆင့်မြင့် ကျွမ်းကျင်လုပ် သားများ ပိုမိုလိုအပ်လာမည်ဖြစ်ပြီး အလယ်အလတ်နှင့် သာမန်အလုပ်သမားများ အတွက်လည်း အခွင့်အလမ်းများ ပေါ်လာနိုင် သည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် ပညာရေးနှင့် သင် တန်းများ အရည်အသွေး မပြည့် မီမှုကြောင့် ကျွမ်းကျင်လုပ်သား ရှားပါးမှု အခြေအနေနှင့် ကြုံတွေ့ နိုင်ခြေရှိကြောင်း ယင်းအစီရင်ခံ စာတွင် ခန့်မှန်းထားသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ